@konjoe11: ချစ်ခဲ့တုန်းကတော့...လူသိရှင်ကြားချစ်ခဲ့တာပေါ့ ပြီးတော့...တစ်လောကလုံးကို သူက ငါ့ကို သိပ်ချစ်တာဆိုပြီးချစ်ခဲ့တဲ့ နှစ်တွေ လတွေ ရေတွက်ပြခဲ့တာ ။ ကိုယ့် အကောင့်မှာ သူ့အမျိုးတွေ ပြီးတော့ သူ့သူငယ်ချင်းတွေ ကိုယ့် Gallery မှာ သူ့ပုံတွေရယ် ပြီးတော့...Contact list မှာ သူနဲ့ ပတ်သက်တဲ့လူတွေပဲ ရှိနေခဲ့တာလေ ။ ချစ်ခဲ့တုန်းကတော့ လူသိရှင်ကြားပေါ့... တဖြေးဖြေး အေးစက်သွားတဲ့ဆက်ဆံရေးတွေကို အဆင်ပြေရဲ့လား မေးရင် အဆင်ပြေပါတယ်ဆိုတဲ့စကားလေးနဲ့ ဖြေပြီးတစ်နေ့ကျရင် အဆင်ပြေမယ်လို့ မျှော်လင့်ခဲ့မိတာ ။ ဒါပေမယ့်...နောက်ဆုံး သူထားသွားတဲ့အချိန်ကျကိုယ့်မှာ တိတ်တိတ်လေးပဲ ကြေကွဲရတယ် ။ အဆင်ပြေရဲ့မေးတဲ့ လူတွေနဲ့ ဝေးရာကို ပြေးတယ် ပြီးတော့ ကိုယ့်အကောင့်လေးကို တိတ်တိတ်လေး offline လုပ်ထားတယ် ။ တချို့ရက်တွေမှာဆို ဖုန်းပိတ်ထားပြီး ကြိတ်ပြီးငိုခဲ့ရတာလေ ။ ပြန်လာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်လေးရှိသေးပေမယ့် သူပြန်မလာတော့ဘူးဆိုတာတော့ သေချာပါတယ် ။ ဒါပေမယ့်... ဒီအချိန် သူနဲ့ မဆိုင်တော့ဘူးဆိုတဲ့ အကြောင်းကို ဘယ်လိုပြောရမလဲ ပြောနိုင်တဲ့ အင်အားက ရှိမနေသေးတာ ။ သူပြုံးနေနိုင်သလို ကိုယ်ပြုံးနေနိုင်ဖို့ သတ္တိမရှိသေးတာ ။ ကိုယ့်အနားက လူတွေက မင်းအကြောင်းမေးရင် ဘယ်လိုဖြေရမလဲ အဖြေရှာနိုင်တဲ့အထိ အဲ့ဒီလူတွေကို ပြေးပုန်းနေမိဦးမယ်ထင်ပါတယ် ။ မင်းနဲ့ ဝေးသွားပြီးတဲ့ အနောက်မှာ... လူတွေနဲ့လဲ တဖြေးဖြေး ဝေးလာခဲ့တယ် ။ ပြီးတော့ ဘယ်လောက်ပဲ နှစ်တွေကြာကြာ အချိန်တန်ရင် ပြတ်မှာပဲဆိုပြီး တချိန်က ပြောခဲ့တဲ့လူတွေ လှောင်ရင် ဘယ်လိုပြန်ချေပရမလဲ အဖြေရှာလို့ မရသေးဘူး။ သူငါ့ကို သိပ်ချစ်တာဆိုပြီး တစ်ချိန်က ကြွားခဲ့ဖူးတာလေ အဲ့ဒီလူတွေကိုပဲ သူငါ့ကို မချစ်တော့ဘူးဆိုပြီး ငိုပြီးမပြောချင်ဘူး ။ မင်း ငါ့အနားမှာ မရှိတော့ဘူးဆိုတာကို ပြုံးပြီးပြောနိုင်တဲ့တစ်နေ့ကျရင်... အရင်လို ပြန်ဖြစ်လာမှာပါ ။ အခုတော့ မဟုတ်သေးဘူးပေါ့။ #ကျေးကို#foryou #tiktokuni #fyp #f
𝐃𝐚𝐯𝐢𝐝🕷️
Region: US
Friday 07 November 2025 13:09:38 GMT
Music
Download
Comments
nant.marry.jone :
ဒီစာတေမြင်တုိင်း မျက်ရည်တေအလုိလုိကျလာတာ အနာပေါတုတ်ကျသလားပဲ ကုိယ်အဖြစ်ကုိကူးရေးထားသလုိ့ပဲကြေ ကွဲ😭😭😭
2025-11-08 17:16:43
3
Saw Star Min :
ကိုယ့်အချစ်ကသူ့ထက်ပိုသွားရင်ဖြစ်တတ်ပါတယ်
2025-11-08 14:03:54
3
dawkaykay 118 :
အော် ငါလိုလူရှိသေးပ့လား🥹
2025-11-09 05:44:15
0
sun flower :
အစာလေးcopyယူချင်လို့အရာအားလုံးထပ်တူကျနေလို့ပါ
2025-11-09 00:19:06
0
@T&T :
တူတူပဲလေကွယ်
2025-11-08 18:14:42
0
မဂျယ်🥰MaeHinသူ :
အော် တူတူပါပဲလားကွယ်🥺🥺
2025-11-08 14:18:10
0
thuthu :
အမှန်ပေါ့
2025-11-09 03:33:27
0
S :
coypပေးပါလား🥺
2025-11-08 17:16:10
0
user423108491214 :
တွေကြုံဆုံကွဲတွေပါဘဲ😒
2025-11-08 12:21:16
0
aye aye phyo(여여) :
ငါ့ဘဝကြီးလိုပဲ...မျက်စိထဲ ပိုးကောင်ဝင်သွားပြီ😭
2025-11-08 14:54:14
0
Nwe Lay :
အမှန်ပါပဲ
2025-11-08 13:03:19
0
Angle :
စာလေးcopyယူခွင့်ပြုပါ
2025-11-09 01:51:16
0
xiaojiujiu83 :
🥺🥺တိုက်ဆိုင်သွားခဲ့တယ်
2025-11-08 20:02:29
0
Khu.Kun :
ခုလက်ရှိဘဝနဲ့အရမ်းတိုက်ဆိုင်နေမိ😌
2025-11-08 05:01:06
1
Thiha Htun :
ခုချိန်တော့ အဆင်ပြေပါတယ်ဆိုတဲ့စကားတစ်ခွန်းပဲ ကျန်ရစ်ခဲ့တာပေါ့ဗျာ🥺
2025-11-08 11:00:56
1
myo myo aye :
ငါနဲ့တူတဲ့သူရှိသေးတာလား
2025-11-08 07:17:29
0
Phue Phue :
🥺🥺🥺အရာအားလုံးကအစစ်မှန်လို့ထင်မိတာအားလုံးကအလိမ်အညာဖစ်သွားခဲ့တာပါ
2025-11-08 17:11:03
1
Aye Su San susan :
ပုလင်းစိမ်းပဲမြင်🤤🤤🤤
2025-11-08 12:00:24
0
Ñan Sañ Thú(Mying) :
ငါ့ဘဝကြီးပဲ
2025-11-08 05:49:25
0
@pps marlarsoe :
အဖြစ်တွေတူလိုက်တာ
2025-11-08 11:19:42
1
T 🍁 :
စာလေးcopyယူခွင့်ပြုပါ
2025-11-10 12:56:57
0
M 💥 🌚 :
copy လေးပေးပါ 🤗
2025-11-08 01:13:51
0
Nan moh moh mg Nan moh moh mg :
🥺🥺🥺
2025-11-08 13:31:17
0
👓Thida :
😭
2025-11-08 11:52:54
0
💔LONEY💔 :
💔😪
2025-11-07 18:48:47
0
To see more videos from user @konjoe11, please go to the Tikwm
homepage.