@idungmaulana:

mung1430
mung1430
Open In TikTok:
Region: ID
Monday 08 December 2025 07:48:03 GMT
99
9
1
1

Music

Download

Comments

refay295
REFAY :
coba pingin di sapa ku aa bls ku vt 👏
2025-12-08 17:35:57
0
To see more videos from user @idungmaulana, please go to the Tikwm homepage.

Other Videos

ကိုးနဝင်း မိုးလင်းမှသိမယ်ဆိုတာ ဒီလိုပါ☺ (လိုရာဆုတောင်းပြည့်အောင် ကိုးနဝင်းအဓိဌာန်ဖြင့် ပုတီးစိပ်နည်း) *** *** ***
ကိုးနဝင်း မိုးလင်းမှသိမယ်ဆိုတာ ဒီလိုပါ☺ (လိုရာဆုတောင်းပြည့်အောင် ကိုးနဝင်းအဓိဌာန်ဖြင့် ပုတီးစိပ်နည်း) *** *** *** "ကိုးနဝင်း မိုးလင်းမှသိမယ်" ဆိုတာ ဆရာတို့ လောကီပညာသည်တွေ အလကားပြောတဲ့ စကားမဟုတ်ဘူး။ ဆရာတို့ မြန်မာ အက္ခရာနဲ့ ကိန်းဂဏန်းတွေဟာ နေ့နံနဲ့ ဓာတ်ရိုက်ဓာတ်ဆင်ရာမှာ အင်မတန် အစွမ်းထက်တယ်။ တုတ်ပြီး ဓားပြီးအစီအရင်တွေ အင်းတွေဆိုတာ အက္ခရာတွေ ဂဏန်းတွေနဲ့ပဲ စီရင်ရတာ။ ကိုးနဝင်း မိုးလင်းမှသိမယ်ဆိုတာ သူ့အစွမ်းက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တယ်။ လူဆိုတာ အခက်အခဲ ပြသနာတွေကြုံရင် ညဘက်အိပ်မပျော်တော့ဘူး။ ကိုးနဝင်းပုတီးစိပ်သူကျတော့ ပြသနာတွေဘယ်လိုပဲကြုံကြုံ စိတ်ချလက်ချသာအိပ်လိုက်။ မနက်ကျရင် အားလုံးပြေလည်လိမ့်မယ်။ ကိုးနဝင်းအစွမ်း မနက်မိုးလင်းမှပြမယ်။ အဲဒီသဘောကိုဆိုလိုတယ်။ ကိုးနဝင်းကို သာမန်ပုတီးစိတ်နိုင်ရင်တောင် ငွေကြေးကိစ္စ၊ ပညာရေးကိစ္စ၊ အိမ်ထောင်ရေးကိစ္စ အချုပ်အနှောင် အမှုအခင်းကိစ္စ၊ စီးပွားရေးကိစ္စ အားလုံးအောင်မြင်ကျော်လွှားနိုင်တယ်။ ဆရာပေးတဲ့့နည်းနဲ့ စနစ်တကျ ပုတီးစိပ်နိုင်ရင် လိုရာဆုတောင်းပြည့်တယ်။ စနစ်တကျဖြစ်ဖို့တော့လိုမယ်။ ကိုင်း ဒါဖြင့် ကိုးနဝင်းကို ဘယ်လိုစနစ်တကျ အဓိဌာန်မလဲ? *** *** *** လိုရာဆုတောင်းပြည့်အောင် ကိုးနဝင်းအဓိဌာန်ဖြင့် ပုတီးစိပ်နည်း - ကိုးနဝင်းစဝင်တာ တနင်္လာနေ့မှာ စဝင်ရပါမယ်။ ဒီအချက်ကတော့မခက်ပါဘူး။ - ဘုရားရှေ့တွင် သီလခံယူပြီး ကိုးနဝင်း အဓိဌာန်ဝင်ပါ။ လိုသောဆု တစ်ခုတည်းသာတောင်းပါ။ အဓိဌာန်ပျက်လျှင် နောက်တစ်ခေါက် တနင်္လာတွင် ပြန်ဝင်ရမည်။ - ပုတီးစိပ်ရာတွင် ကိုယ်နှင့် အဝတ်အစားသန့်ရှင်းစင်ကြယ်ရမည်။ ကိုယ်နံ့၊ ခံတွင်းနံ့ မနံစော်နေစေရ။ - ပုတီးစိပ်သောအခါ သာမန် ပါးစပ်မှ ဂုဏ်တော်ရွတ်နေရုံမဟုတ်ဘဲ ဂုဏ်တော်၏ အနက်အဓိပ္ပာယ်ကို ဆင်ခြင်ပွားများကြည်ညိုနေရမည်။ အာရုံထဲတွင် ဘုရားရှင်၏ ပုံတော်ကိုမြင်ယောင်ပြီး ဂုဏ်တော်အနက်ကို ဆင်ခြင်ပွားများနေရမည်။ ဤအချက်သည်ကား သာမန်လူများမလုပ်နိုင်ပေ။ လုပ်နိုင်ပါက လိုရာဆုတောင်းပြည့်ပေမည်။ - သတ်သတ်လွတ်စားမည့်နေ့တွင် ဆိုင်စာများသတိထားဆင်ခြင်ရမည်။ သတ်သတ်လွတ်ဟုမှာသော်လည်း အကြော်ဆရာများမှာ လုပ်ချင်တာလုပ်တတ်ကြသည်။ ပုစွန်ခြောက်၊ ငံပြာရည်၊ နွားနို့၊ ပျားရည် စသည်တို့သည် သတ်သတ်လွတ် အစာများဟု မဆိုနိုင်သောကြောင့် အိမ်တွင်သာ စနစ်တကျစီမံ စားသောက်ပါ။ *** *** *** ဘုရားဂုဏ်တော်ကို ဆင်ခြင်ပွားများရာမှာ အနက်သိဖို့လိုတယ်။ အဲဒါကြောင့် အနက်ကို ဆက်ဖော်ပြပေးလိုက်ပါတယ်။ အရဟံ - ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။ အရပာံ - ပူဇော်ထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။ အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား။ သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား။ ၀ိဇ္ဇာစရဏသမ္ပန္နော - အသိဉာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား။ သုဂတော - ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား။ လောကဝိဒူ - လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။ အနုတ္တရောပုရိသဒမ္မသာရထိ - ဆုံးမထိုက်သော သတ္တဝါတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။ သတ္တာဒေ၀မနုဿာနံ - လူ,နတ်,ဗြဟ္မာသတ္တဝါ အားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။ ဗုဒ္ဓေါ - သစ္စာလေးပါးကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား။ ဘဂဝါ- ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ *** *** *** ဆရာ ကွန်းမန့်မှာ ကိုးနဝင်းဇယား တင်ပေးထားတယ်။ မူရင်းပုံတင်သူ moeminthar website ကို credit ပေးပါတယ်။ သူ့ဆီကပုံပဲ ကြည်လို့ ယူသုံးလိုက်ပါတယ်။ ကိုင်း ကောင်းသော အလိုဆန္ဒတွေ ပြည့်ကြပါစေ။ မကောင်းတာ အဓိဌာန်ရင်တော့ ငရဲကျမှာသတိထားပါ။ ယုံကြည်လျှင်အကျိုးပေးမည်။ ကျန်းမာ၊ ချမ်းသာပါစေ.. #crd #အဆင်ပြေပါစေ #အေးချမ်းပြည့်စုံကြပါစေရှင်🌿🌸🙏🌿🌸 #ကိုးနဝင်း #အဓိဌာန်တွေအောင်မြင်ကြပါစေ။🌷🌷🌷

About