@whythelongface.joel: Comment #longliveluigi if you miss him 😔 #LaceEmUp #OneLoveOneHeart #MoreHappyDenimDance #TextReaction

hi
hi
Open In TikTok:
Region: US
Saturday 18 July 2020 23:59:33 GMT
669
40
0
3

Music

Download

Comments

There are no more comments for this video.
To see more videos from user @whythelongface.joel, please go to the Tikwm homepage.

Other Videos

လက်မောင်းအုံတစ်ခုလုံး ကိုက်ခဲပြီး *********************************** လက်မောင်းကပ်ခြင်းနှင့် ပတ်သက်၍  တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အသိပညာပေး စာတမ်းဖတ်ပွဲအား ဘားအံမြို့၌ ပြုလုပ်ခဲ့ကြောင်းကို သတင်းစာတွင် ဖတ်လိုက်ရသည်။ လက်ကပ်ရောဂါနှင့် ပတ်သက်ပြီး ဝမ်းသာစရာ ကြားသိရသည်မှာ ရောဂါမဖြစ်ပွားရေး ပညာပေးမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သောကြောင့် ကရင်ပြည်နယ်တွင် လက်ကပ်သည့် လူနာအရေအတွက်မှာ ယခင်နှစ်များထက် လျော့နည်းသွားခြင်း ဖြစ်သည်။  ထိုအချက်က ဆေးပညာရှင်များ အနေဖြင့် ဆေးကုသမှု တစ်မျိုးတည်းကိုသာ အလေးထားပြုလုပ်နေမည့် အစား ကုသရင်းပညာပေး၊ ပညာပေးရင်း ကုသဆိုသလို ကျန်းမာရေး အသိပညာပေးခြင်းပါ ပူးတွဲလုပ်ဆောင်က ပိုမိုထိရောက်မှု ရှိကြောင်း ထင်ရှားသော သာဓက တစ်ရပ်ပင်ဖြစ်ချေသည်။ အခြားတစ်ဖက်ကလည်း တိုင်းရင်းဆေးရုံများတွင် ကုသမှုများကို ပိုမိုပြည့်စုံအောင် ပြုလုပ်ပေးနိုင်သဖြင့် အတွင်းလူနာနှင့် အပြင်လူနာများ လာရောက်ပြသကုသမှု ခံယူနှုန်း များပြားလာသည်ဆို၏။  မြန်မာ့နန်းတွင်းအရိုးအကြောအဆစ်ကုသ ဆွေးနွေးတိုင်ပင်အကြံညဏ်ရယူနိုင် ဆေးခန်းမလာမီ ဖုန်းကြိုဆက်ရန်  လက်ကပ်ရောဂါ ခေါ် ပခုံးဆစ်ကပ်ခြင်းသည်  ကူးစက်တတ်သော ရောဂါမဟုတ်သလို အသက်ကို ရန်ရှာနိုင်သော ရောဂါမျိုးလည်း မဟုတ်ပါချေ။ သို့တစေ ဝေဒနာ ခံစားနေကြရသူများအား ပြင်းစွာနာကျင်ကိုက်ခဲခြင်း ဖြစ်စေပြီး နေရထိုင်ရ၊ လုပ်ရကိုင်ရများစွာ အဆင်မပြေဖြစ်ကာ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ လက်ကို  ပုံမှန်အတိုင်း မြှောက်မရ၊ လှုပ်ရှားမရ၊ အသုံးပြု မရသောကြောင့်  တစ်စိတ်တစ်ပိုင်းအားဖြင့် ယာယီ မသန်စွမ်းမှုကဲ့သို့ ကြုံတွေ့ခံစားနေကြရလေသည်။  ဥပမာ-  လက်ကိုခေါင်းနှင့်ကျောတို့၏ အနောက်ဘက်သို့ လည်းကောင်း၊ ပါးစပ်ဆီသို့ လည်းကောင်း ကောင်းစွာ မရောက်နိုင်ခြင်း။ သို့ဖြစ်ရာ မျက်နှာသစ်ခြင်း၊ ခေါင်းဖြီးခြင်း၊ လုံချည်ဝတ်ခြင်းနှင့်   ဘေးဘက်သို့ပစ္စည်း လှမ်းယူခြင်း အစရှိသည်များကို ပြုလုပ်ရန်ခက်ခဲတတ်သည်။ ယခုစာရေးသူသည် အကြောအဆစ်ကု ပညာရှင် တစ်ဦးအနေဖြင့် ပခုံးဆစ်ကပ် လူနာများကို ဆေးရုံများတွင်  ကိုယ်တိုင်ကိုယ်ကျ ကုသပေးခဲ့ရသည်။   ပခုံးဆစ်ကပ်သော လူနာအများစုသည် အသက် ၄ဝ နှစ်နှင့် ၆ဝ နှစ်အကြားတွင် ရှိတတ်သည်။  လူနာအတော်များများမှာ  ကောင်းသည့်ဘက်က လက်ဖြင့် နာသည့်ပခုံးကို ဆုပ်ထားလျက် ဆေးကုခန်း အတွင်းသို့ ဝင်လာတတ်ကြသည်။ ပခုံးကိုလည်း  ခန္ဓာကိုယ်နှင့်ကပ်ပြီး မလှုပ်ရှားဘဲ ထားလေ့ရှိ၏။  ပခုံးရောဂါ ဝေဒနာများနှင့် ပတ်သက်ပြီး အဖြစ်များသော ဝေဒနာတစ်ခုဖြစ်သည်။ ပခုံးဆစ်ကပ်ခြင်းသည်     ပခုံးဆစ်နှင့် ယင်းကိုငုံထားပေးသော အရွတ်တို့ ရောင်ရမ်းလာပြီး ကြာသောအခါ ထူထဲကာ ကျပ်လာသောကြောင့်  ဖြစ်ရလေသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ ရောဂါဖြစ်စဉ်ကို     အဆင့်သုံးဆင့် သတ်မှတ်ပြောဆိုထား၏။  ပထမအဆင့် (freezing stage) တွင် ပခုံးဆစ်နေရာမှာ စနာတတ်ပြီး နာကျင်မှုကြောင့် လက်လှုပ်ရှားမှုများ ခက်ခဲလာသည်။ ရက်သတ္တ  ခြောက်ပတ်မှ    ကိုးလအထိ ကြာနိုင်သည်။ ဒုတိယအဆင့် (frozen stage) တွင် နာကျင်မှု သက်သာလာကာ ပခုံးဆစ်ကပ်လာ၏။  လေးလမှ   ကိုးလအထိ ကြာနိုင်သည်။ တတိယအဆင့် (recovery stage) တွင် ပြန်လည်ကောင်းမွန် လာတတ်ကာ    ပခုံး ဆစ်လှုပ်ရှားမှုများ လုပ်နိုင်လာသည်။ ငါးလမှ နှစ်နှစ်အထိ ကြာနိုင်သည်။ ပခုံးနာကျင်မှုသည် တဖြည်းဖြည်းချင်း ဖြစ်လာပြီး လက်လှုပ်ရှားမှုပြုတိုင်း ပိုနာတတ်သည်။ အထူးသဖြင့် ပခုံးထိပ်အပြင်ဘက်ပိုင်းနေရာနှင့် လက်မောင်းရှေ့အပေါ်ပိုင်းတို့တွင် နာလေ့ရှိပြီး  ညအိပ်သောအခါ ဖြစ်သည့်ဘက်သို့ ဖိလျက် မအိပ်နိုင်ပါချေ။ လက်လှုပ်ရှားမှု အခန့်မသင့်က အသည်းခိုက်အောင်ပင် နာသွားတတ်ကြောင်းကို   လူနာအချို့က ပြောပြကြသည်။ ယင်းသို့နာသွားက  ပခုံးနေရာအပြင် လက်ဖျံအထိပင် အောင့်ကာနာတတ်လေသည်။  ပခုံးဆစ်ကပ်ခြင်းကို     ဖြစ်စေသော အကြောင်းရင်းမြစ်ကို ယနေ့တိုင် အတိအကျ မသိရသေးဟု ဆိုသည်။  သို့သော်  ဆီးချိုရှိသူများ၊ ပါကင်ဆန်ရောဂါရှင်များ၊ နှလုံးသွေးကြော ရောဂါဖြစ်သူများနှင့် သိုင်းရွိုက်ဂလင်း ရောဂါရှိသူများတွင် ဖြစ်နိုင်ခြေများကြောင်း    တွေ့ရှိရသည်။  တစ်ဖန် လေဖြတ်ထားသူ အချို့တွင်လည်း ဖြစ်သည့်ဘက်မှပခုံးတွင် ပခုံးဆစ်နာခြင်းနှင့် ပခုံးကပ်ခြင်းတို့ ဖြစ်တတ်၏။ သို့ဖြစ်ရာ ဆရာကိုဆန်းပိုနန်းတွင်းအရိုးအကြောအဆစ်ပြန်လည်ပြုပြင်ကုသဆေးခန်း  အရိုးအကြော ပြသသင့်ပါသည်။ ကုသမှုအပိုင်းမှာ ရောဂါဖြစ်နေသော အဆင့်အပေါ်တွင် မူတည်နေတတ်သည်။ သို့ဖြစ်ရာ ယခုဆောင်းပါးတွင် အကြောအဆစ်ဆိုင်ရာ ကုသမှုများနှင့်  ပတ်သက်သည် တို့ကိုသာ ပြောပြပါမည်။ ယေဘုယျအားဖြင့် အကြောအဆစ်ဆိုင်ရာ ကုသမှု နှစ်မျိုးရှိသည်။  (၁) ကုသစက်များ (Electrotherapy modalities) ဖြင့် ကုသပေးခြင်း၊ (၂) လှုပ်ရှား လေ့ကျင့်နည်းများ (Therapeutic exercises)ဖြင့် ကုသပေးခြင်း၊ ကုသစက်များဖြင့် ကုသခြင်းကို တစ်နည်းအားဖြင့် electrophysical agents သုံး၍ကုသ ပေးခြင်းဟုလည်း    ပြောတတ်ကြသည်။ အဓိက ရည်ရွယ်ချက်မှာ နာကျင်မှုသက်သာ

About