@katrengggs:

katrengggs
katrengggs
Open In TikTok:
Region: PH
Tuesday 30 May 2023 07:09:42 GMT
408
18
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @katrengggs, please go to the Tikwm homepage.

Other Videos

မဆက်သွယ်ဖြစ်တော့ရုံပါ လွမ်းတာတော့ လွမ်းပါတယ် ။ ဒီလောက်နှစ်တွေအကြာကြီးချစ်ခဲ့ရတာပဲလေ... ဘယ်လိုလုပ်လွယ်လွယ်လေး မေ့ပစ်နိုင်မှာလဲ ။ အချိန်တိုင်းမဟုတ်ရင်တောင် တမ်းတမ်းတတကို လွမ်းပါတယ် ။ ဒါပေမယ့် မဆက်သွယ်ဖြစ်တော့ရုံပါနော် ။ မာနတွေထားခဲ့တာတော့ ဘယ်ဟုတ်ပါ့မလဲ...  သူနဲ့ပတ်သက်ရင် ကိုယ့်မှာ မာနဆိုတာလဲ မဲ့ခဲ့သလို ထားဖို့လဲ သတိမရခဲ့တာ ခုမှတော့လဲ တကူးတကကြီးထားမနေတော့ပါဘူး... ဆက်သွယ်ချင်နေမိတဲ့စိတ်ကို မင်းမှ မပြောချင်ပဲလေဆိုတဲ့ စိတ်နဲ့ ဖြေလိုက်တာပါ ။ အလွှတ်ရနေတဲ့ ဖုန်းနံပါတ်လေးကို မဖျက်ပဲထားခဲ့တာ သူနဲ့ဝေးခဲ့တဲ့ ရက်တွေကတည်းကနေ တစ်ခါတစ်လေမှ ဘာပဲဖြစ်ဖြစ်ဆိုတဲ့စိတ်နဲ့ သူ့အသံလေးကြားချင်ရုံတစ်ခုတည်းနဲ့ ရူးမိုက်ချင်မိတဲ့စိတ်တွေ ဖြစ်မိတယ် ပြီးရင် ကိုယ်ပဲ စဆက်ပြီး ကိုယ်ပဲ ဆက်ငိုနေရမှာလေ ။ ဒီတိုင်းလေးလွမ်းနေတာပဲကောင်းပါတယ် ။ ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ သူ အသက်ရှင်နေတာပဲဆိုတဲ့ စိတ်လေးနဲ့ နေနိုင်အောင် နေကြည့်ဖို့ပဲ တွေးပါတယ် ။ ကိုယ်က လွမ်းနေပေမယ့်လဲ သူက မေ့နေပြီးသားအရာတစ်ခုကို အစပြန်ဖော်ပြီး ကိုယ့်ကိုယ်ကိုယ် ထပ်မသတ်ချင်တော့တာလဲ ပါတာပေါ့ ။ ဆက်သွယ်မိနေပြန်ရင်လဲ အလေးမထားတဲ့ အပြောမျိူးတွေ ဘာပြောစရာရှိလို့လဲဆိုတဲ့ စကားတွေအောက်မှာ ကိုယ်ပဲ ပြိုလဲနေရမှာ သိတယ် ။ မင်းကို သိပ်ကိုလွမ်းတာပေါ့... ဒါပေမယ့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မဆက်သွယ်မိအောင် အတတ်နိုင်ဆုံးထိန်းပါတယ်။

About