@zayartbz7news: ရွှေကျင်နှင့် ဂန့်ဂေါမြို့တို့တွင် စစ်တပ်က စစ်သားစုဆောင်းရန် လိုက်လံ ဖမ်းဆီးနေသဖြင့် လူငယ်များ တော်လှန်ရေးတပ်များ၏ နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်နေရ ရန်ကုန်၊ ဩဂုတ် ၂၇ ပဲခူးတိုင်း၊ ရွှေကျင်မြို့နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့တို့တွင် စစ်တပ်က လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းရန် လိုက်လံ ဖမ်းဆီးနေသဖြင့် လူငယ်အများစုမှာ တော်လှန်ရေးတပ်များ စိုးမိုးသော နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်း၊ ရွှေကျင်မြို့တွင် စစ်တပ်၊ရဲနှင့်ပျူစောထီးများက ဆိုင်ကယ်များကို ဖမ်းဆီးသည်ဟုဆိုကာ လူကြီး၊ လူငယ်မှန်သမျှကို ဖမ်းဆီးကြောင်း၊ ယင်းနောက် ဆိုင်ကယ်နှင့်လူကိုပါ ဖမ်းဆီးသွားပြီး မိသားစုများကို ငွေကျပ် ၂၅ သိန်းမှ သိန်း ၃၀ အထိတောင်းခံကြောင်း၊ လာမရွေးသော လူငယ်များနှင့်လူကြီးများကို စစ်မှုထမ်းစာရင်းတွင် ထည့်သွင်းပြီး တချို့ လူငယ်များကို တပ်သားသစ်စုဆောင်းရေးထဲသို့ တန်းထည့်ကာ စစ်ထဲသို့ ခေါ်ယူသွားကြောင်း သိရှိရသည်။ "အရင် စစ်မှုထမ်းအပတ်စဉ်တွေတုန်းက ရွာနားလောက်ပဲ ဖမ်းတာ။ အခုတော့ မြို့ပေါ်ပါ ဝင်ဖမ်းကုန်ပြီ။ ဆိုင်ကယ်ဖမ်းတယ်ဆိုပြီး စီးတဲ့သူပါ ဖမ်းထားတာ။ လာမရွေးနိုင်ရင် လူငယ်တွေ စစ်ထဲ အသွင်းခံရတယ်။ မနေ့မနက် မြို့မစျေးမှာ ဆိုင်ကယ်တွေနဲ့ စီးတဲ့သူတွေကို အကုန်ဖမ်းတယ်။ ကြီးကြီးငယ်ငယ် အကုန်ဖမ်းတာ။ အခုတော့ လူငယ်တွေက KNU စိုးမိုးတဲ့နယ်မြေတွေနဲ့ ရွာတွေထဲ ထွက်ပြေးနေရတယ်" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။ အလားတူ မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့ ရှိ စစ်ကောင်စီ၏ ခလရ ၅၀ တပ်ရင်းက မြို့ပေါ်ရှိ ဆယ်ကျော်သက်လူငယ်များကို တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်းလုပ်ဆောင်နေသဖြင့် လူငယ်တချို့မှာ တော်လှန်ရေးတပ်များ စိုးမိုးသော နယ်မြေများဆီသို့ ထွက်ပြေး ခိုလှုံနေရကြောင်း သိရှိရသည်။ စစ်ကောင်စီက ဂန့်ဂေါမြို့ပေါ်မှ ဆယ်ကျော်သက်လူငယ်များကို တပ်သားသစ်စုဆောင်းရာတွင် ယောကျ်ားလေးရော၊ မိန်းကလေးပါ ပစ်မှတ်ထားနေခြင်းဖြစ်ပြီး အထူးသဖြင့် ဆင်းရဲချို့တဲ့သည့် မိသားစုးများမှ လူငယ်များကို အဓိကပစ်မှတ်ထားကြောင်း သိရှိရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်၏ ပေါ်တာဆွဲဖမ်းဆီးမှုများကြောင့် မြို့ပေါ်မှလူငယ်တချို့သည် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးသော နယ်မြေများဆီသို့ ဝင်လာမစဲ တသဲသဲ ဝင်ရောက်နေကြောင်း သိရှိရသည်။ " ကျနော်တို့ဆီရောက်လာတာတော့ အရင်ရောက်တဲ့ ရဲဘော်တွေနဲ့ ချိတ်ဆက်ပြီး ရောက်လာတာပါ။ သူတို့ကိုတော့ စိစစ်ပြီး ကောင်းမွန်စွာ လက်ခံထားပါတယ်။ နောက်ထပ်လာမယ့်သူတွေလည်း ခေါ်ထုတ်ဖို့ရှိပါတယ်။ မြို့ပေါ်မှာ နေနေကြတဲ့ လူငယ်တွေကိုပြောချင်တာက အခု သူတို့အနေနဲ့ ရွေးစရာနှစ်လမ်းပဲရှိတယ်။ တော်လှန်ရေးထဲလိုက်ပြီး ဒီစနစ်ဆိုးကို တိုက်ထုတ်မလား။ ဒါမှမ ဟုတ် စစ်ဖိနပ်အောက်မှာပဲ တစ်သက်လုံး အဖိနိုပ်ခံ၊အနင်းခံအဖြစ် တစ် သက်လုံးနေသွားမလားပေါ့။ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ လူငယ်တွေများများပါဝင်လာဖို့လိုပါတယ်။ ကျနော်တို့အနေနဲ့ကတော့ တော် လှန်ရေးလုပ်ချင်ကြတဲ့ လူငယ်တွေကို အမြဲတမ်းကြိုဆိုလျက်ပါ" ဟု ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဥက္ကဌ ရဲဘော်ယောလေးက ပြောဆိုသည်။ ဂန့်ဂေါမြို့၊ ခလရ ၅၀ တပ်ရင်းသည် လက်ရှိအချိန်တွင် စုဆောင်းရရှိသော တပ်သားသစ်များကို စစ်တပ်အတွင်း သင်တန်းပေးနေကြောင်း သိရှိရသည်။ ဓာတ်ပုံ- မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်များကို စစ်ဆေး ဖမ်းဆီးနေစဉ်။ (မျက်မှောက်ခေတ်နှင့် ရန်ကုန်ခေတ်သစ် ပူးတွဲရေးသားသည်။)@Zayar TBZ 10(X) @ZayarTBZ ေမာင္သံဒိုး #dvbtvnews #ပြည်သူများဘေးကင်းကြပါစေ #myanmar #zayartbz #Ayeyarwaddy_Times #News #myanmarcelebritytiktok #myanmarcelebritytiktok #တော်လှန်ရေးရဲဘော်များဘေးကင်းကြပါစေ #မြန်မာသတင်း #myanmarnews #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Wednesday 28 August 2024 11:34:11 GMT
21218
1639
6
75

Music

Download

Comments

aung.kyaw0063
Aung Kyaw :
မအလကြောင်ကျနေည်အိမ်မှညမနေရတာ2နှစ်ပြည်ပြိဗျ
2024-08-29 01:48:47
0
yokesoema49
Hazel 🇸🇬 :
😢😢😢
2024-08-28 13:56:03
0
nyeinshan601
Nyein Shan601 :
🥰🥰🥰
2024-08-28 12:47:59
0
yelinzaw849
ပန်းကြိုက်တယ် :
အမှန်းတိုင်🙏🙏
2024-08-28 12:29:04
0
saw.sebastial
Saw Sebastial :
အမှန်
2024-08-28 11:52:53
0
pan.lay760
Pan Lay :
🥰🥰🥰
2024-08-28 11:43:19
0
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About