@cherielavonne: If this Beat Don’t Make You Move, Then Walk Away! 🔥❤️ #DanceTok #dance #Jade #RnbDance #FeelTheBeat #oldschoolvibes

Cherie Lavonne ❌
Cherie Lavonne ❌
Open In TikTok:
Region: US
Friday 09 May 2025 22:43:47 GMT
452
42
7
1

Music

Download

Comments

sharonjones544
The Mrs Sharon :
Yes girl enjoy your life. Love it
2025-05-10 16:43:11
1
tamicawestbrook
❌️ mekababynoniche❌️ :
yes sis let's go
2025-05-10 13:35:36
1
sarawarmbrunn
Sara Warmbrunn :
Oh yes, sister
2025-05-10 02:37:33
1
yivonn1977
YiVonn1977 :
Hello, following and engaging
2025-05-09 23:51:52
1
_therealalexiss
LEXXX 🫶🏽THE CREATOR :
Yessss 🙌🏽
2025-05-09 22:57:34
1
To see more videos from user @cherielavonne, please go to the Tikwm homepage.

Other Videos

ပန်းသေ၊ ပန်းညှိုး၊သွေးတက်နှင့်သွေးတိုး၊ ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း) နားကိုက်၊ နားအူ၊ခေါင်းအုံ၊ ဇက်လေး၊နို့ထွက်ဆေး၊ကျား၊မ မရွေး အားဆေး အစွမ်းထက်မြက် ဒန့်သလွန်ရွက် နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်၊သွေးတိုးနေသလား ဒန့်သလွန်ရွက်ကို ဘယ်စျေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ဆီးချို၊သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ဒူလာ၊မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။ ဒန့်သလွန်တစ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ဒန့်သလွန်ရွက်၊အပွင့်၊ အသီး၊အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေးပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်ကို နေ့စဉ်မှန်မှန် စားပေးခြင်းကြောင့် လူ့ခန္ဓာကိုယ်ရှိ ပျစ်နေသောသွေးကို ကျဲစေတယ်။တက်နေသောသွေးကို ကျစေတယ်။ဆီးနှင့်ဝမ်းကို ရွှင်စေပါတယ်။အဲဒီလို ဂုဏ်ထူးဝိသေသအပေါင်းပြည့်သော ဒန့်သလွန်ရွက်ပါ။   ဒါ့အပြင် ဒန့်သလွန်ရွက်ကို မည်သည့်ဝေဒနာရှင်ကိုမဆို အစာကို ကြေညက်စေတယ်။နှုတ်ကို မြိန်စေတယ်။မျက်စိကို အကျိုးပြုတယ်။ ဒေါသသုံးပါးလုံးကို နိုင်တယ်လို့ ဆေးကျမ်းတွေမှာ ဖွင့်ဆိုထားပါတယ်။ ဒန့်သလွန်၏စွမ်းပကား (၁) ဒန့်သလွန်ရွက် ဟင်းခါးကို ကြက်သွန်ဖြူခတ်၍ နေ့, ည သောက်ပေးပါက မိုးဥတုတွင် ဖြစ်ပေါ်တတ်သည့် နှာစေးခြင်း၊နှာမွှန်ခြင်း၊ အအေးပတ်ဖွဲ့ဖျားခြင်းတို့ကို သက်သာပျောက်ကင်း စေပါတယ်။  သွေးတက်နှင့်သွေးတိုး (၂) နေ့စဉ် ဒန့်သလွန်ရွက်ကို ဟင်းခါး (ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူပါသည်) ချက်သောက်ပေးပါက သွေးတိုးနှင့် သွေးတက်ရောဂါဝေဒနာရှင်များ သက်သာပျောက်ကင်းပါသည်။ သန်ကောင်နှင့် ဒန့်သလွန်သီး (၃) သန်ရှိပြီး ဗိုက်ပူနံကားဖြစ်နေသော ကလေးများအား ဒန့်သလွန်သီးကို ရက်ဆက် ချက်ကျွေးပေးပါ။ဒန့်သလွန်သီးရဲ့ စွမ်းပကားကြောင့် ကလေးငယ်များ ဝမ်းတွင်းရှိ သန်ကောင်၊တုတ်ကောင်များ သေကြေကုန်ကြပါတယ်။ဒီနည်းဟာ ကလေးငယ်များအတွက် အန္တရာယ်ကင်းသော ရိုးရာနည်းဖြစ်ပါတယ်။ ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း) (၄) ဒန့်သလွန်သီးခြောက် အတွင်းသား (အစေ့ပါ) ကို အမှုန့်ပြုပြီး နေ့စဉ် သကြားနှင့် ရောသောက်ပေးပါက ဆီးများခြင်းကို သက်သာပျောက်ကင်းပါတယ်။ နားကိုက်၊ နားအူ (၅) အစေ့မှုန့်ကို နားနာ၊နားကိုက်၊နားပြည်ယိုရောဂါများအတွက် အုန်းဆီနှင့်ရောစပ်ပြီး ကြက်တောင်သန့်သန့်ဖြင့် နားကျပ်ပေးပါက အထက်ပါရောဂါများကို ပျောက်ကင်းသက်သာစေပါတယ်။ ပါးစပ်မှ နံခြင်းအတွက် (၆) ပါးစပ်မှ အနံ့ဆိုးများ နံခြင်း၊သွားဖုံးများမှ သွေးယိုခြင်းများအတွက် ဒန့်သလွန်ပင်စည်ကို ဓားဖြင့်ထစ်၍ ထွက်လာသောအစေးကို ရေနွေးဖြင့်ရောစပ်ကာ ပါးလုတ်ကျင်းပေးရပါတယ်။ဒီလို မကြာခဏ ပြုလုပ်ပေးပါက ပါးစပ်နံခြင်း၊သွားဖုံးသွေးယိုခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။ ခေါင်းအုံ၊ ဇက်လေး (၇) ဒန့်သလွန်အပင်မှ အခေါက်ကိုခွါပြီး အဝတ်သန့်သန့်ဖြင့်ထုပ်ကာ ထုခြေပြီး နာနာရှူပေးပါက ခေါင်းအုံ၊ဇက်လေးရောဂါများ ပျောက်ကင်းစေတယ်။  နို့ထွက်ဆေး (၈) မီးနေသည် အမျိုးသမီးများအတွက် ဒန့်သလွန်ရွက် ဟင်းခါးချက်သောက်ပေးခြင်း (သို့မဟုတ်) ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးပါက မထွက်သောနို့မှ နို့ရည်များ ဖြိုင်ဖြိုင်ထွက်လာပါတယ်။ ပန်းသေ၊ ပန်းညှိုး (၉) ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားနှင့်ချက်ပြီး မကြာခဏစားပေးပါက ပန်းသေ၊ ပန်းညှိုးခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။ ကျား-မ မရွေး အားဆေး ပရန္နဝါ၊ပါးပါးလွှာ သကာများနှင့်ဖက်၊ ဒန့်သလွန်ပွင့်၊အုန်းဆံရင့် ချိန်သင့်ညီမျှစွက်၊ မင်းတုန်းမင်းခေါင်၊သူသုံးဆောင် ဘုန်းခေါင်နေသို့လက်။ အထက်ပါဆေးနည်းကဗျာကို ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီး ဆရာခဲမှ အားဆေးအဖြစ် ဖော်စပ်ပြီး မင်းတုန်းမင်းတရားကြီးကို ဆက်သခဲ့ပါတယ်။ဒါကြောင့် မင်းတုန်းမင်းတရား ကြီးသည် ကျန်းမာခြင်း ကာယ-စိတ္တသုခ နှစ်ဝတို့ဖြင့် ပြည့်စုံကြောင်းကဗျာက ဖော်ညွှန်းဖွင့်ဆိုထားပါတယ်။ အထက်ပါဆေးနည်းကို ဖော်စပ်မည်ဆိုပါက  (၁) ပရန္နဝါပင် ပဥ္စငါးပါးကို ပါးပါးလှီးထားရမယ်။ (၂) ဒန့်သလွန်ပွင့်ကို အသင့်စုဆောင်းထားရမယ်။ (၃) အုန်းသီးဆံရင့်ရင့်ကို အသင့်ခြစ်ထားရပါမယ်။ (၄) နောက် ပျားရည်တစ်ဆ၊ သကာ (မရလျှင် သကြား) တို့ကို အလေးချိန်အညီအမျှရောထည့်ပြီး ရေလေးခွက်ထည့်ကာ တစ်ခွက်သာကျန်အောင် ကြိုရပါမယ်။ စားသုံးနည်း အထက်ပါဆေးရည်ကို ပိတ်စိမ်းပါးနဲ့ စစ်ယူပြီး ပုလင်းသန့်သန့်မှာထည့်ထားပေးပါ။အဲဒီဆေးရည်ကို ည-မနက် ဟင်းစားဇွန်း တစ်ဇွန်းစီ သောက်ပေးသွားခြင်းဖြင့် မောပန်းအားနည်းသောရောဂါ၊သွေးလေမမှန်သောရောဂါ၊ပန်းသေ၊ပန်းညှိုးရောဂါ၊နှလုံးအားနည်းခြင်း ရောဂါနှင့် ဒူလာပိန်၊မီးယပ်ကြောင့်ပိန်သူများ အပျိုစင်ကဲ့သို့ နဂိုယဉ်ကာ လှပလာစေမည် ဖြစ်ပါတယ်။ ဆေးကုန်လျှင် အထက်ပါနည်းအတိုင်း ဖော်စပ်သောက်သုံးနိုင်ကြောင်း တင်ပြအပ်ပါတယ်။ မှတ်ချက်။ ။အထက်ပါ အားဆေးရည်သည် အစွမ်းသတ္တိဖြင့် ပြည့်စုံသည်။ဆေးကို အညွှန်းထက်ပိုပြီး မသောက်ရန် သတိပြုပါ။

About