@carlsberggroup.mm: အလုပ်အသစ်ရဲ့ ပထမဆုံးနေ့အတွက် စိတ်တွေလှုပ်ရှားပြီး ဘာတွေ ပြင်ဆင်ထားရမလဲ စဉ်းစားရခက်နေလား? ပုံတွေမှာ ပြထားတဲ့အချက်လေးတွေကို မှတ်သားထားပြီး လက်တွေ့အသုံးချဖို့ပဲလိုပါတယ်။ 💼✨ ✅ အလုပ်ကို စောစောသွားပါ။ အလုပ်ကို စောစောရောက်နေတာက ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ စောစောတွေ့ဆုံနိုင်တာကြောင့် ကိုယ့်အပေါ် အထင်အမြင်ကောင်းရစေပြီး ခင်မင်ရင်းနှီးမှု ရရှိစေနိုင်ပါတယ်။ ✅ သပ်သပ်ရပ်ရပ် ဝတ်ဆင်ပါ။ အားလုံးသိတဲ့အတိုင်း First Impression က အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့အမြင် ရရှိစေဖို့ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်သွားဖို့ မမေ့ပါနဲ့။ ✅ ကိုယ်ပိုင်မှတ်စုစာအုပ်လေးတစ်အုပ် ယူဆောင်သွားပါ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေအပြင် ဘောပင်နဲ့ မှတ်စုစာအုပ်ယူလာတဲ့အတွက် အရေးကြီးတဲ့အချက်အလက်တွေကို ရေးမှတ်ထားနိုင်တဲ့အပြင် ကိုယ့်ရဲ့ အလုပ်အပေါ် အသေးစိတ် ဂရုစိုက်ပြင်ဆင်ထားမှုကို ပြသနိုင်ပါတယ်။ ✅ ပြုံးပြပါ။ ပြုံးပြတာက ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ကိုယ့်အပေါ်ကို ချဉ်းကပ်ရလွယ်စေပြီး အလုပ်မှာပျော်နေတယ်လို ခံစားရစေပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ အမြဲပြုံးထားဖို့က အရေးကြီးပါတယ်။ ✅ ကိုယ့်ဘက်ကစပြီး စကားပြောပါ။ ပတ်ဝန်းကျင်အသစ်မှာ မြန်မြန်အသားကျနိုင်တဲ့ နည်းလမ်းကတော့ စကားပြောခြင်းပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာ ဓလေ့ထုံးတမ်းတွေနဲ့ သိသင့်တဲ့ အခြေခံအချက်အလက်လေးတွေကို ဘေးကလူတွေကို ပေါ့ပေါ့ပါးပါး မေးမြန်းကြည့်မယ်ဆိုရင် အလုပ်သစ်မှာ မြန်မြန် အသားကျနိုင်မှာပဲ ဖြစ်ပါတယ်။ ကဲ အခုလောက်ဆိုရင် အလုပ်သစ်ရဲ့ ပထမဆုံးနေ့ကို ဖြတ်သန်းဖို့ အသင့်ဖြစ်နေပြီလို့ထင်ပါတယ်။ အားလုံးပဲ အလုပ်သစ်မှာ မြန်မြန်အသားကျပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ Cheers! 💪✨ [ENG] After landing a new job, are you filled with nervous excitement, not knowing what to expect in a new environment? Here’re a few tips to help you prepare for your first day of work! 💼✨ ✅ Arrive Early Arriving early on your first working day helps make a good impression, allows you to meet your new colleagues before work hours, and sets a positive tone for the day. ✅ Dress Appropriately The first impression counts! Make sure you are well-groomed and dressed appropriately to leave a positive first impression. If you’re unsure of the dress code, it’s safer to dress up on the first day to project a professional image to your co-workers. ✅ Prepare a Notebook Besides necessary documents, bring a pen and notebook so you can jot down some key points during onboarding sessions. This reflects your attention to detail. ✅ Wear a Smile You want to make your co-workers feel that you are approachable and happy to join the team. Keep that smile on to set the right tone for building strong relationships with your colleagues. ✅ Strike a Conversation with Someone The fastest way to ease into a new environment is to talk to someone. Prepare some casual questions about the office culture, work processes, and best practices, and initiate a chat with someone sitting next to you or at the pantry. Now that you’re well-prepared, you’re ready for the big day. You've got this! #CarlsbergMyanmar #carlsbergprotips

Carlsberg Myanmar
Carlsberg Myanmar
Open In TikTok:
Region: MM
Monday 26 May 2025 09:40:00 GMT
25167
666
8
16

Music

Download

Comments

khantsatnaing4
Khant Sat Naing :
Thank FYI 🥰
2025-07-16 03:03:02
1
marcial287437
Leaf :
ကျန်တော် ကတော့ new joinမှန်သမျှကို ကိုယ့်ဘက်ကစပီး အလုပ်ဝင်ဝင်ချင်း မိတ်ဆက်ပါတယ်
2025-07-17 07:44:51
1
hgyi116
Hein Zarni Bo :
ဘယ်မာလျှောက်လွှာတင်ရမလဲ သိချင်ပါတယ်ခင်ဗျ
2025-07-28 06:31:36
0
htoo.htoo7655
htoo htoo :
😳😳😳
2025-05-31 01:44:20
1
thantzinphyo1695
Chaw ' ko ko :
😏😏😏
2025-07-25 03:59:29
0
jena61485
Je Na :
😂😂😂
2025-07-02 14:17:44
0
thirizaw20920
Thiri Zaw :
🤣
2025-06-13 16:39:45
0
To see more videos from user @carlsberggroup.mm, please go to the Tikwm homepage.

Other Videos


About