@unaung741113: " ဗိုက်"ဘယ်နေရာက ဘာကြောင့်နာ အောင့်တာလဲ " (သတိပြုမိစေဖို့ ကော်ပီယူထားသည်) ဝမ်းဗိုက်နဲ့ ပတ်သက်ပြီးတော့ အပိုင်း (၉) ပိုင်းရှိတယ်။ ပုံပါအတိုင်း။ အပိုင်း (၁) ဒီအပိုင်းမှာ ဆိုရင်တော့ အသဲ၊ သဲခြေအိတ် နဲ့ အသဲနှင့်ကပ်လျက် အူမအကွေးပိုင်း ၊ ညာဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။ ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် တော့ (Virus) ပိုးအသဲထဲဝင်တာ ကြောင့် အသဲရောင်ခြင်း ၊ ဝမ်းကိုက်ပိုး အသဲထဲရောက်ခြင်း ၊ သည်းခြေအိတ်ရောင်ခြင်း ၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းခြင်း ၊ အရက်ကြောင့် အသည်းရောင်ခြင်း ၊ အူမကြီးရောင်ခြင်း ၊ အူပိတ်ခြင်း ၊ အသည်းကင်ဆာ စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ အပိုင်း (၂) ဒီအပိုင်းမှာ ဆိုရင်တော့ အစာအိမ် ၊ မုန့်ချိုအိတ် ၊ ကန့်လန့်ဖြတ်အူမ ၊ အသဲရဲ့အမွှာနုအပိုင်း တို့ရှိပါတယ်။ ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင်တော့ အစာအိမ် ရောင်ခြင်း ၊ အစာအိမ်အနာ နှင့်အတူ သွေးအန်ခြင်း ၊ သွေးဝမ်းသွားခြင်း ၊ အစာအိမ်ပေါက်ထွက်ခြင်း ၊ အူသိမ်ဦး ပေါက်ထွက်ခြင်း ၊ အစာအိမ်ကင်ဆာဖြစ်ခြင်း ၊ အူသိမ်ပိတ်ခြင်း စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ အပိုင်း (၃) ဒီအပိုင်းမှာ ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး ၊ သရက်ရွက်နှင့်ကပ်လျက်အူမ အကွေးပိုင်း ၊ ဘယ်ဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။ ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး စုတ်ပြတ်ဒဏ်ရာ ၊ အူရောင်ခြင်း ၊ အူမကြီးပိတ်ခြင်း ၊ အူမကင်ဆာ ၊ အူမကြီးပေါက်ထွက်ခြင်း ၊ ဓါးထိုး ဒဏ်ရာ စတဲ့ တွေ ကြောင့်ဖြစ်နိုင်ပါတယ်။ အပိုင်း (၄) ဒီအပိုင်းမှာ ဆိုရင် ညာဘက် ကျောက်ကပ် ၊ အပေါ်သို့တက်သော အူမ အပိုင်း တို့ရှိပါတယ်။ ဒီအပိုင်းမှာဆိုရင် အူရောင်ခြင်း ၊ ကျောက်ကပ်ရောင်ခြင်း ၊ ကျောက်ကပ်ကွဲထပ်ခြင်း ၊ ကျောက်ကပ် ကင်ဆာ ၊ ကျောက်ကပ်ထဲသို့ ရေဝင်ခြင်း စတဲ့ တွေ ကြောင့် အောင့်တာ ၊ နာတာတွေ ဖြစ်တက်ပါတယ်။ အပိုင်း (၅) ဒီအပိုင်းမှာ ဆိုရင် အူသိမ် (ဝါ) အူသေး ရှိပါတယ်။ ဒီအပိုင်းမှာဆိုရင် သန်းထိုးခြင်း ၊ လေထိုးခြင်း ၊ အူသိမ် (ပိတ်ခြင်း ၊ ပေါက်ခြင်း) ၊ အူတစ်ခု နှင့် တစ်ခု ထပ်ခြင်း ၊ အူလိမ့်ခြင်း ၊ အူခေါက်သွားခြင်း ၊ သန်ကောင်ပိတ်ခြင်း ၊ ပြင်ပ ပစ္စည်းတစ်ခုခုပိတ်ဆို့နေခြင်း (ဥပမာ - ဂေါ်လီ) စတာတွေ ကြောင့် ဗိုက်နာခြင်း ၊ အောင့်ခြင်း ဖြစ်တက်ပါတယ်။ အပိုင်း (၆) ဒီအပိုင်းမှာ ဆိုရင် ဘယ်ဘက် ကျောက်ကပ် ၊ အောက်သိုဆင်းသော အူမအပိုင်း တို့ရှိပါတယ်။ လက္ခဏာတွေကတော့ အထက်ဖော်ပြပါ အပိုင်း (၄) အတိုင်း ဖြစ်ပါတယ်။ အပိုင်း (၇) ဒီအပိုင်းမှာ ဆိုရင် အူအတက်ပိုင်း ၊ အူမရဲ့ အစပိုင်း ၊ ညာဘက်မျိုးဥအိမ် နဲ့ ညာဘက် သားဥပြွန် တို့ရှိပါတယ်။ ဒီအပိုင်းမှာ ဖြစ်တက်တာတွေက အူအတက်ရောင်ခြင်း ၊ အူတက်လုံးခဲခြင်း ၊ အူတက်ပြည်တည်ခြင်း ၊ အူအတက်အဖုံးမြှေးရောင်ခြင်း ၊ အူတက်ပေါက်ခြင်း ၊ အူမ ကင်ဆာ ၊ အူမကြီးပိတ်ခြင်း ၊ အူသိမ်ပိန်ခြင်း ၊ အူမ ရောင်ရမ်းခြင်း ၊ ဆီကမ် ပိုးဝင်ခြင်း ၊ မျိုးဥအကြိတ် ၊ မျိုးဥအိမ် ရောင်ရမ်းခြင်းတွေ ကြောင့် အောင့်ခြင်း ၊ နာခြင်း တွေ ဖြစ်တက်ပါတယ်။ အပိုင်း (၈) ဒီအပိုင်းမှာ ဆိုရင်တော့ ဆီးအိမ် ၊ သားအိမ် ၊ အစင်အိမ် တို့ရှိပါတယ်။ ဒီအပိုင်းမှာ ဘာတွေဖြစ်တက်လဲဆိုရင် ကိုယ်ဝန်ပျက်ချခြင်း ၊ အရိုးကွင်းတွင် ကျောက်တည်ခြင်း ၊ ဆီးအိမ်ကင်ဆာ ၊ ဆီးကြိတ် ကင်ဆာ ၊ ဆီးအိမ် မူမမှန်ခြင်း ၊ ဆီပြွန် မှာ ကျောက်တည်ခြင်း ၊ သားအိမ်ပေါက်ထွက်ခြင်း ၊ ဆီပြွန်ပေါက်ခြင်း ၊ ဆီးအိမ်ပေါက်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း ၊ သားအိမ်ရောင်ခြင်း ၊ မစင်အိမ်ရောင်ခြင်း ၊ သားအိမ်မှာ အကြိတ်ဖြစ်ခြင်း ၊ ဆီးအိမ်တင်ခြင်း ၊ ကိုယ်ဝန်ရှိခြင်း စတာတွေ ကြောင့် ဖြစ်တက်ပါတယ်။ အပိုင်း (၉) ဒီအပိုင်းကတော့ ဝမ်းပိုက်ရဲ့ နောက်ဆုံး အပိုင်းလဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာဆိုရင် အူမအဆုံးပိုင်း ၊ မျိုးဥအိမ် ၊ ဘယ်ဘက် သားဥပြွန် တို့ရှိပါတယ်။ ဒီအပိုင်းမှာ အူမကင်ဆာ အူမရောင်ရမ်းခြင်း ဂရင်ဂျီနာ ၊ သားဥအိမ်ကင်ဆာ ၊သားဥပြွန်ရောင်ရမ်းခြင်း ၊ ဆီးခုန်ရောင်ရမ်းခြင်း တို့ကြောင့် ဗိုက်နာ ၊ ဗိုက်အောင့်ခြင်းကို ဖြစ်စေတက်ပါတယ်။
U Naung ဦးနောင်
Region: MM
Monday 23 June 2025 04:30:46 GMT
Music
Download
Comments
AUNG PYAE PHYO :
သမီးလေးကဗိုက်ခဏခဏအောင့်တယ်နေမရအောင်တော့မဟုတ်ဘူးပြီးရင်ပျောက်သွားပြန်ရော
2025-07-23 07:50:29
1
ရတနာ ရတနာ :
8မှာ
2025-07-23 07:07:00
1
suzuki :
၈
2025-07-23 05:34:36
1
Yar zar Lin :
ဘယ်ဖက်ကအင့်ပြီးဗိုက်ကအသံမြည်တယ်ဗျာ
2025-07-23 05:06:58
1
cemcollection1 :
4 6 7 9 လေးဖြေပေးပါရှငိ့
2025-07-21 01:02:07
1
လရောင်နန်းတဲ့ပန်းသခင် :
5.6.9လေးဖြေပေးပါရှင့်
2025-07-21 04:42:34
0
Mu pay Note :
ညာဖက်4နဲ7ပါဆရာပြန်ပြောပေးပါ
2025-07-23 00:41:37
1
🦋 :
5.ပါဆရာမကြာခဏအောင်ပါတယ်ဘာဖြစ်တာလဲသိခြင်ပါတယ်
2025-07-22 14:30:07
1
Ei Chay :
နောက်ကျော့ကုန်းတည့်တည့်နာတာကကားဆရာ
2025-07-22 06:39:02
1
Shwe Burma :
7 နေရာကအမြဲတမ်းနာတယ်အလေးမရင်ပိုဆိုးတယ် သားအိမ် ကျောက်ကပ် အစာအိမ် အသည်း အကုန်စစ်ပြီးဘာမှမတွေ့ဘူးတဲ့😌တခါတလေ4နေရာထိနာတယ်😌😌
2025-07-20 17:13:52
1
thein myinet Oo :
5အောင့်နေတာပါဆရာ
2025-07-23 04:41:05
1
Yan Min :
2ပါဆရာေသွးဝမ်းသွားပိခါးနာတယ်
2025-07-22 09:13:24
1
Theinhlaing :
နမ်ပတ်၆ပြောပြပေပါ
2025-07-22 06:58:38
1
ချာတိတ်မလေးချို :
6နဲ့8ပါရှင့်
2025-07-20 09:13:17
1
ခင်နှောင်း :
၅ ပါ
2025-07-21 14:02:46
1
🤝ခင်တတ်တဲ့စွာတေးမလေးပါခများ :
နံပါတ်(၂)ပါအစာအိမ်ရောင်နေလို့
ဆေးခန်းပြပြီး ဆေးထိုးဆေးသောက်နေပါတယ်ရှင့်🥰🥰
2025-07-22 01:55:51
1
မိုက်ခဲ လိုက်ဆွဲတယ်နော် :
ကျောနဲ့ရင်ဘတ်ညှပ်ပီးနာနေတင်းနေတာလှုပ်လိုက်ရင်လဲနာတယ်အဲဒါဘာကြောင့်ပါလဲရှင့်
2025-07-21 08:18:39
1
So Fia :
၎ နဲ့၆ပါ
2025-07-20 08:20:05
1
Yin Htwe :
ညာဘက်ကခါးနာရင်ဗိုက်ကပါလိုက်နာတယ်ဘာဖြစ်တာလဲရှင့်
2025-07-22 06:32:41
1
Wai Hlaing :
အဆိုက်တဲ့တဲ့ကနေအမြဲတောက်နေတယ်ပြီးတော့ကျောအလယ်တဲ့တဲ့ကလဲအောက်တယ်ဆရာဘယ်လိုလက်ခနာဖြစ်နိုင်လဲ
2025-07-21 22:24:21
1
Ei EiMyo :
နံပါတ် 3ပါဆရာ ခဏခဏဖြစ်လို့စိတ်ညစ်နေရတယ်
2025-07-22 22:15:39
1
Su Pyae Win :
အပိုင်း၁နဲ့၅
2025-07-20 02:14:05
0
htwehtwelay975 :
နံပတ်၃နေရာမှာ ရေဖေါင်းနေသလိုမျိုးဖြစ်ပါတယ်ရှင့် ရေသောက်များရင် မရဘူးအိပ်တဲ့ချိန်တော့ခံစားရတယ်ထသွားနေရင်လဲလူကောင်းလိုပဲ ဘရောဂါလဲရှင်🥺🥺🥺
2025-07-17 16:16:14
1
Lisa :
၈နဲ့၉ပါရှင့်
2025-07-17 08:25:40
0
Thiri💙 :
4နဲ့6အရင်ကအစာအိမ်ဖစ်ထားဖူးလို့ အစာအိမ်ဆေးသောက်လိုက်တယ်အောင့်ရင် ဆီးလည်းခဏခဏသွားနေတယ် စိုးရိမ်ရလားရှင့်ဆေးခန်းတော့မပြပူး တအားမဖစ်လို့
2025-07-20 08:22:12
1
To see more videos from user @unaung741113, please go to the Tikwm
homepage.