@curimyanmar: အလေ့အထ ပြောင်းဖို့ willpower မလိုဘူး - သိပ္ပံနည်းလမ်းသာသိဖို့လိုမယ်။ Willpower နဲ့ အလေ့အထကို မပြောင်းနိုင်ပါ။ လူတွေက အလေ့အထကို ပြောင်းဖို့ willpower ကို အမြဲတမ်း အားကိုးကြတယ်။ ဒါပေမဲ့ နားလည်ရမယ့်အချက်က willpower က ယာယီသက်သက်ပဲ ဖြစ်တယ်။ ရေရှည်မှာ အလေ့အထကို ပြောင်းချင်ရင် ကိုယ့်ဦးနှောက်ရဲ့ ဆုလာဘ်သင်ယူစနစ် (Reward System) ကို နားလည်ပြီး အသုံးချရမယ်။ ဒါက သိပ္ပံနည်းကျ သက်သေပြပြီးသား နည်းလမ်းဖြစ်တယ်။ Willpower က ဘာကြောင့် ရေရှည်မှာ အလုပ်မဖြစ်လဲ? အလေ့အထ ဖြစ်ပေါ်ခြင်းက ကိုယ့်ဦးနှောက်ရဲ့ basal ganglia မှာ ဖြစ်တယ်။ ဒီနေရာက အလိုလျှောက် ပြုမှုတွေကို Control လုပ်တယ်။ ဒါပေမယ့် willpower က ဦးနှောက်ရဲ့ prefrontal cortex ကနေ လာတယ်။ ဒါက သတိနဲ့ ကြိုးပမ်းမှုတွေကို အုပ်ချုပ်တယ်။ ဒါကြောင့် စိတ်ဖိစီးမှု၊ ပင်ပမ်းမှု၊ စိတ်ခံစားမှုတွေ ရှိတဲ့အခါ prefrontal cortex က အားနည်းသွားပြီး အလိုလျှောက် ပြုမှုတွေက ပြန်လာတယ်။ အလေ့အထ ပြောင်းဖို့ သုံးရမယ့် အခြေခံမူတွေက ဘာတွေလဲ? ဆုလာဘ်သင်ယူစနစ်ကို အသုံးချခြင်း (Reward-Learning System) - ကိုယ့်ဦးနှောက်က ဆုလာဘ်ကို သတိပြုမိရင် ပြုမှုကို ထပ်ခါထပ်ခါ လုပ်ချင်တယ်။ ဒါကြောင့် ကောင်းတဲ့ အလေ့အထမှာ ချက်ချင်းရတဲ့ ဆုလာဘ်တွေ ရှိအောင် ဖန်တီးရမယ်။ စိတ်ဝင်စားမှုပျောက်ခြင်းနည်းဗျူဟာ (Disenchantment Strategy) ⁃ ကိုယ့်ရဲ့ ဆိုးတဲ့ အလေ့အထကို ကြည့်ရင်း အဲ့ဒီ အလေ့အထကနေ ရတဲ့ ဆုလာဘ်ရဲ့ တန်ဖိုးကို လျှော့ချပေးတယ်။ လက်ရှိ အလေ့အထရဲ့ ဆိုးကျိုးတွေကို အကြိမ်ကြိမ် တွေးကြည့်ပါ။ ဥပမာ - သေချာစွာအိပ်ဆက်အနားယူခြင်းမရှိခြင်းက ခန္ဓာကိုယ် ကို သိပ္ပံနည်းကျ ဘယ်လို ဆိုးကျိုးရနိုင်လဲဆိုတဲ့ အကြောင်းအရာကို အတွင်းကျကျလေ့လာတာမျိုးပေါ့။ ၁ကြိမ်၊ ၁ခေါက် လေ့လာတာမဟုတ်ပဲ မကောင်းမှန်းသိလာလေလေ၊ အနည်းနဲ့ အများဆင်ခြင်လာလေလေ ဆိုသလိုပေါ့။ တိုက်ရိုက်အတွေ့အကြုံကို အာရုံစိုက်ခြင်း (Direct Experience Focus) ⁃ စာအုပ်ကနေ ဖတ်ရတဲ့ အကြံပေးချက်တွေ မဟုတ်ပဲ ကိုယ့်ဘဝမှာ ဖြစ်တဲ့ အမှန်တကယ် ရလဒ်တွေကို စောင့်ကြည့်ပါ။ ဦးနှောက်ပြန်လည်ချိတ်ဆက်ခြင်း ဆိုတာ ကိုယ့်ဦးနှောက်ကို ပြန်လည်တပ်ဆင်ဖို့ အကြိမ်ကြိမ် ထပ်ခါထပ်ခါ လုပ်ခြင်းနဲ့ စိတ်ရှည်မှု လိုတယ်။ အလေ့အထ ပြောင်းဖို့ လက်တွေ့ action plan: ⁃ “ဘာရမလဲ?" ကို မေးပါ။ "ဘယ်လို ရပ်မလဲ?" မမေးပဲ "ဒီ ပြုမှုကနေ ဘာကျိုးကျေးဇူး ရမလဲ?" ကို မေးပါ။ ⁃ ချက်ချင်းဆုလာဘ် ထည့်ပါ။ ကောင်းတဲ့ အလေ့အထ လုပ်ပြီးချင်းမှာ သေးငယ်တဲ့ ဆုလာဘ်တွေ ပေးပါ။ ပတ်ဝန်းကျင်ကို ပြောင်းလဲပါ။ ⁃ အလေ့အထကို လှုံ့ဆော်တဲ့ အရာတွေကို ဖယ်ရှားပါ။ ဥပမာ - ဖုန်းကြည့်လို့ ညဘက်အိပ်မပျော်တတ်ရင် ဖုန်းကို အဝေးမှာထားအိပ်ပါ။ ကိုယ့်ကိုကိုယ် ပြန်လည်ဆင်ခြင်ရမယ့် မေးခွန်းတွေ: ⁃ ကိုယ့်ရဲ့ အလေ့အထတွေက ဘယ်လို ဆုလာဘ်တွေ ပေးနေလဲ? ⁃ လက်ရှိ အလေ့အထတွေကနေ ရရှိတဲ့ အကျိုး နဲ့ အပြစ်တွေကို ရှင်းရှင်းလင်းလင်း မြင်ရလား? ⁃ Willpower အစား ဆုလာဘ်စနစ်ကို ဘယ်လို အသုံးချနိုင်မလဲ? ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #suphonemovlog #curiousinsighter #burmesecommunity #burmesebooksummary #burmeseinsighter #burmeseentrepreneur

Curi - Curious Insighter
Curi - Curious Insighter
Open In TikTok:
Region: DE
Friday 11 July 2025 03:30:00 GMT
2256
86
1
2

Music

Download

Comments

rosy221371
Rosy2213 :
ကျေးဇူးပါ 💛
2025-07-12 18:18:09
1
To see more videos from user @curimyanmar, please go to the Tikwm homepage.

Other Videos


About