@clips4us15: Bendadonn Talks Getting Detained In London For Gas 😱 #adinross #bendadonnn #drake #fazerug

clips4us15
clips4us15
Open In TikTok:
Region: US
Friday 11 July 2025 19:44:13 GMT
2245
62
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @clips4us15, please go to the Tikwm homepage.

Other Videos


" ဗိုက်"ဘယ်နေရာက ဘာကြောင့်နာ အောင့်တာလဲ " (သတိပြုမိစေဖို့ ကော်ပီယူထားသည်) ဝမ်းဗိုက်နဲ့ ပတ်သက်ပြီးတော့ အပိုင်း (၉) ပိုင်းရှိတယ်။ ပုံပါအတိုင်း။ အပိုင်း (၁) ဒီအပိုင်းမှာ ဆိုရင်တော့ အသဲ၊ သဲခြေအိတ် နဲ့ အသဲနှင့်ကပ်လျက် အူမအကွေးပိုင်း ၊ ညာဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။ ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် တော့ (Virus) ပိုးအသဲထဲဝင်တာ ကြောင့် အသဲရောင်ခြင်း ၊ ဝမ်းကိုက်ပိုး အသဲထဲရောက်ခြင်း ၊ သည်းခြေအိတ်ရောင်ခြင်း ၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းခြင်း ၊ အရက်ကြောင့် အသည်းရောင်ခြင်း ၊ အူမကြီးရောင်ခြင်း ၊ အူပိတ်ခြင်း ၊ အသည်းကင်ဆာ စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ အပိုင်း (၂) ဒီအပိုင်းမှာ ဆိုရင်တော့ အစာအိမ် ၊ မုန့်ချိုအိတ် ၊ ကန့်လန့်ဖြတ်အူမ ၊ အသဲရဲ့အမွှာနုအပိုင်း တို့ရှိပါတယ်။ ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင်တော့ အစာအိမ် ရောင်ခြင်း ၊ အစာအိမ်အနာ နှင့်အတူ သွေးအန်ခြင်း ၊ သွေးဝမ်းသွားခြင်း ၊ အစာအိမ်ပေါက်ထွက်ခြင်း ၊ အူသိမ်ဦး ပေါက်ထွက်ခြင်း ၊ အစာအိမ်ကင်ဆာဖြစ်ခြင်း ၊ အူသိမ်ပိတ်ခြင်း စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ အပိုင်း (၃) ဒီအပိုင်းမှာ ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး ၊ သရက်ရွက်နှင့်ကပ်လျက်အူမ အကွေးပိုင်း ၊ ဘယ်ဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။ ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး စုတ်ပြတ်ဒဏ်ရာ ၊ အူရောင်ခြင်း ၊ အူမကြီးပိတ်ခြင်း ၊ အူမကင်ဆာ ၊ အူမကြီးပေါက်ထွက်ခြင်း ၊ ဓါးထိုး ဒဏ်ရာ စတဲ့ တွေ ကြောင့်ဖြစ်နိုင်ပါတယ်။ အပိုင်း (၄) ဒီအပိုင်းမှာ ဆိုရင် ညာဘက် ကျောက်ကပ် ၊ အပေါ်သို့တက်သော အူမ အပိုင်း တို့ရှိပါတယ်။ ဒီအပိုင်းမှာဆိုရင် အူရောင်ခြင်း ၊ ကျောက်ကပ်ရောင်ခြင်း ၊ ကျောက်ကပ်ကွဲထပ်ခြင်း ၊ ကျောက်ကပ် ကင်ဆာ ၊ ကျောက်ကပ်ထဲသို့ ရေဝင်ခြင်း စတဲ့ တွေ ကြောင့် အောင့်တာ ၊ နာတာတွေ ဖြစ်တက်ပါတယ်။ အပိုင်း (၅) ဒီအပိုင်းမှာ ဆိုရင် အူသိမ် (ဝါ) အူသေး ရှိပါတယ်။ ဒီအပိုင်းမှာဆိုရင် သန်းထိုးခြင်း ၊ လေထိုးခြင်း ၊ အူသိမ် (ပိတ်ခြင်း ၊ ပေါက်ခြင်း) ၊ အူတစ်ခု နှင့် တစ်ခု ထပ်ခြင်း ၊ အူလိမ့်ခြင်း ၊ အူခေါက်သွားခြင်း ၊ သန်ကောင်ပိတ်ခြင်း ၊ ပြင်ပ ပစ္စည်းတစ်ခုခုပိတ်ဆို့နေခြင်း (ဥပမာ - ဂေါ်လီ) စတာတွေ ကြောင့် ဗိုက်နာခြင်း ၊ အောင့်ခြင်း ဖြစ်တက်ပါတယ်။ အပိုင်း (၆) ဒီအပိုင်းမှာ ဆိုရင် ဘယ်ဘက် ကျောက်ကပ် ၊ အောက်သိုဆင်းသော အူမအပိုင်း တို့ရှိပါတယ်။ လက္ခဏာတွေကတော့ အထက်ဖော်ပြပါ အပိုင်း (၄) အတိုင်း ဖြစ်ပါတယ်။ အပိုင်း (၇) ဒီအပိုင်းမှာ ဆိုရင် အူအတက်ပိုင်း ၊ အူမရဲ့ အစပိုင်း ၊ ညာဘက်မျိုးဥအိမ် နဲ့ ညာဘက် သားဥပြွန် တို့ရှိပါတယ်။ ဒီအပိုင်းမှာ ဖြစ်တက်တာတွေက အူအတက်ရောင်ခြင်း ၊ အူတက်လုံးခဲခြင်း ၊ အူတက်ပြည်တည်ခြင်း ၊ အူအတက်အဖုံးမြှေးရောင်ခြင်း ၊ အူတက်ပေါက်ခြင်း ၊ အူမ ကင်ဆာ ၊ အူမကြီးပိတ်ခြင်း ၊ အူသိမ်ပိန်ခြင်း ၊ အူမ ရောင်ရမ်းခြင်း ၊ ဆီကမ် ပိုးဝင်ခြင်း ၊ မျိုးဥအကြိတ် ၊ မျိုးဥအိမ် ရောင်ရမ်းခြင်းတွေ ကြောင့် အောင့်ခြင်း ၊ နာခြင်း တွေ ဖြစ်တက်ပါတယ်။ အပိုင်း (၈) ဒီအပိုင်းမှာ ဆိုရင်တော့ ဆီးအိမ် ၊ သားအိမ် ၊ အစင်အိမ် တို့ရှိပါတယ်။ ဒီအပိုင်းမှာ ဘာတွေဖြစ်တက်လဲဆိုရင် ကိုယ်ဝန်ပျက်ချခြင်း ၊ အရိုးကွင်းတွင် ကျောက်တည်ခြင်း ၊ ဆီးအိမ်ကင်ဆာ ၊ ဆီးကြိတ် ကင်ဆာ ၊ ဆီးအိမ် မူမမှန်ခြင်း ၊ ဆီပြွန် မှာ ကျောက်တည်ခြင်း ၊ သားအိမ်ပေါက်ထွက်ခြင်း ၊ ဆီပြွန်ပေါက်ခြင်း ၊ ဆီးအိမ်ပေါက်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း ၊ သားအိမ်ရောင်ခြင်း ၊ မစင်အိမ်ရောင်ခြင်း ၊ သားအိမ်မှာ အကြိတ်ဖြစ်ခြင်း ၊ ဆီးအိမ်တင်ခြင်း ၊ ကိုယ်ဝန်ရှိခြင်း စတာတွေ ကြောင့် ဖြစ်တက်ပါတယ်။ အပိုင်း (၉) ဒီအပိုင်းကတော့ ဝမ်းပိုက်ရဲ့ နောက်ဆုံး အပိုင်းလဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာဆိုရင် အူမအဆုံးပိုင်း ၊ မျိုးဥအိမ် ၊ ဘယ်ဘက် သားဥပြွန် တို့ရှိပါတယ်။ ဒီအပိုင်းမှာ အူမကင်ဆာ အူမရောင်ရမ်းခြင်း ဂရင်ဂျီနာ ၊ သားဥအိမ်ကင်ဆာ ၊သားဥပြွန်ရောင်ရမ်းခြင်း ၊ ဆီးခုန်ရောင်ရမ်းခြင်း တို့ကြောင့် ဗိုက်နာ ၊ ဗိုက်အောင့်ခြင်းကို ဖြစ်စေတက်ပါတယ်။

About