@curimyanmar: Samsung - တောင်ကိုးရီးယားရဲ့ စီးပွားရေး အုတ်မြစ် တောင်ကိုးရီးယားမှာလူဖြစ်လာရင် ရှောင်လွှဲလို့မရတာ ၃ခုရှိတယ်။ သေခြင်းတရား အခွန် နဲ့ Samsung ပါ။ ဒါက တခြားလူတွေပြောနေကြတာ မဟုတ်ဘဲ ကိုးရီးယား လူမျိုးတွေပြောနေကြတဲ့ စကား ... ။ တခြားနိုင်ငံတွေက လူတွေကတော့ Samsung ကို Technology Company တစ်ခုလို့ပဲ မြင်ပေမဲ့ ကိုးရီးယား မှာတော့ Samsung ဟာ အစားအစာ ၊ ဟိုတယ် ၊ ဆောက်လုပ်ရေး အစရှိတဲ့ လုပ်ငန်းများစွာကိုပိုင်ဆိုင်တဲ့ ကုမ္ပဏီ တစ်ခုဖြစ်တယ်။ ဝက်အူကစလို့ ခေတ်မီ Tech ပစ္စည်းတွေ အထိ ထုတ်လုပ်တဲ့ Samsung နဲ့ ကင်းတဲ့ တောင်ကိုးရီးယား ပြည်သူ မရှိဘူးလို့ ပြောရမှာပါပဲ။ 🔵 Samsung ရဲ့ ကနဦး 1938 မှာ Lee Byung-chul က Samsung ကို ခေါက်ဆွဲနဲ့ အစာခြောက်တွေထုတ်တဲ့ လုပ်ငန်း အနေနဲ့ စတင်ခဲ့တယ်။ -1969 ခုနှစ်မှာတော့ အဖြူအမဲ TV တွေကို စတင်ရောင်းချပြီး Electronic လောကထဲကို ဝင်လာခဲ့ပါတယ်။ အစာခြောက် လုပ်ငန်းလေးက စခဲ့တာ အခုဆို ကိုယ်တွေ မြင်ရတဲ့ Samsung ဖြစ်လာတော့တာပဲ။ 🔵 Samsung ရဲ့ အထင်ကြီးစရာ ထုတ်ကုန်တွေ 1983 မှာ 64Kb DRAM ဆိုတဲ့ memory chip ပြားကို ထုတ်လုပ်ပြီး တောင်ကိုးရီးယားကို VLSI နည်းပညာပိုင်ဆိုင်တဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံ ဖြစ်လာစေတယ်။ 1999 ခုနှစ်မှာ Smart watch ကို Samsung က စမိတ်ဆက်ခဲ့တယ်။ 2019 ခုနှစ်မှာတော့ Flip Phone ကို မိတ်ဆက်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချခဲ့တယ်။ ဒါတွေတင်မကသေးဘဲ Samsung မှာ တခြား innovation တွေ အများကြီးရှိသေးတယ်။ 🔵 ဒါဆို Samsung က ဒီလို innovation ကောင်းကောင်းနဲ့ မြန်မြန်ဆန်ဆန်တိုးတက်လာရတာလဲ ? Research ပိုင်းအတွက် နှစ်စဥ် Billion နဲ့ချီ အကုန်အကျခံပြီး 5G , AI နဲ့ IoT နယ်ပယ်တွေမှာ ဦးဆောင်ထားတယ်။ ကုန်ကြမ်းတွေရဲ့ 90% ကို ကိုယ်တိုင်ပဲ ထုတ်လုပ်နိုင်အောင်ကြိုးစားတယ်။ ကမ္ဘာ့အကြီးဆုံး memory chip ထုတ်လုပ်သူဖြစ်တယ်။ Apple လို ကုမ္ပဏီကတောင် iPhone ရဲ့ memory chip ကို Samsung ဆီက ဝယ်ယူတာဖြစ်တယ်။ 🔵 အထာကျတဲ့ Samsung ရဲ့ Marketing K drama နဲ့ K pop က ကမ္ဘာကို လွှမ်းမိုးလာတာနဲ့ အမျှ Samsung က ဒီအခွင့်အရေးကိုမြင်ပြီး အမိအရအသုံးချတယ်။ K drama တိုင်းမှာ မင်းသား ၊ မင်းသမီးတွေသုံးတဲ့ဖုန်းက Samsung ပဲဖြစ်နေတာများတယ်။ ဇာတ်လမ်း ဇာတ်ကွက်အရ Samsung ရဲ့ Floded ဖုန်းကို main lead က စတိုင်ကျကျ ခေါက်ပြလိုက်တဲ့ scene တွေဆို ကြေငြာခံရတယ် လို့တောင်မခံစားရဘူး။ K-pop idol တွေ တော်တော်များများရဲ့ Mirror Selfie တွေလည်း Samsung ရဲ့ ဖုန်းတွေနဲ့ ပဲ။ K-pop Concert မှာဆိုလည်း Fan တွေရဲ့ ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ပေးချင်လို့ Concert က လူအုပ်ကြီးထဲမှာ တခြား ဖုန်းတွေအစား Samsung ကို အသဲအသန်လိုက်ရှာနေတဲ့ အခိုက်အတန့် K-pop idol တော်တော်များများမှာရှိဖူးတယ်။ ကြေငြာတွေဆို အကုန်ကျော်ခွကြည့်တတ်ပြီး ၊ ဇာတ်လမ်းတွေ သီချင်းတွေကို သေချာကြည့်တတ်တဲ့ ကိုယ်လိုလူအတွက်တော့ Samsung ရဲ့ ဒီ marketing က အထာကျပြီး effective ဖြစ်တယ် ခံစားရတယ်။ 🔵 Samsung နဲ့ တောင်ကိုးရီးယား တောင်ကိုးရီးယားရဲ့ ပို့ကုန် ၅ပုံ ၁ပုံက Samsung ဆီက ထွက်တာဖြစ်တယ်။ ၂၀၂၃ ခုနှစ်မှာ ဝန်ထမ်းပေါင်း ၂၆၇,၉၃၇ ထိ ရှိပြီး နိုင်ငံတော်ရဲ့ လုပ်သား အင်အားကို ပံ့ပိုးထားတယ်။ ဒီ ၂ ချက်လောက်ကိုပဲ ကြည့်ရင်တောင် တောင်ကိုးရီးယားရဲ့ စီးပွားရေးဟာ Samsung ပေါ် ဘယ်လောက်အထိ မှီတည်နေလဲ သိသာတယ်။ တိုင်းပြည်ရဲ့ ပို့ကုန် ၅ ပုံ ၁ ပုံက Family Business တစ်ခု မူတည်နေတယ် ဆိုတာ တကယ်တမ်းက တွေးကြည့်ရင် လန့်စရာပဲ။ ဒါကြောင့်မို့ တောင်ကိုးရီးယားပြည်သူတွေက "Republic of Samsung" လို့ပြောကြတာ။ အခုဆို Samsung က Technology Brand မဟုတ်ဘဲ Cultural Symbol လိုတောင်ဖြစ်လာပြီ။ ဒါပေမဲ့ ကိုယ်ကတော့ Korea က တခြား SME Business တွေကိုလည်း ပံ့ပိုးသင့်တယ်လို့ မြင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ ကုမ္ပဏီတစ်ခုတည်းက လုပ်ငန်းတွေ အများကြီးကို ထိန်းချုပ်ထားတာကြာလာရင် ရွေးချယ်စရာတွေ နည်းလာပြီး ကောင်းကျိုးထက် ၊ ဆိုးကျိုးပိုများလာမယ်လို့ ထင်မိတယ်။ နိုင်ငံရဲ့စီးပွားရေးကို တစ်ခုတည်းသော ကုမ္ပဏီက ထိန်းထားနိုင်တာက ကောင်းတဲ့အရာလား၊ ဒါမှမဟုတ် အန္တရာယ်ရှိတယ်လို့ ထင်လား? ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #suphonemovlog #curiousinsighter #burmesecommunity #burmesebooksummary #burmeseinsighter #burmeseentrepreneur
Curi - Curious Insighter
Region: MM
Friday 18 July 2025 12:00:00 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @curimyanmar, please go to the Tikwm
homepage.