@colorado_queen_: All of these.

💋Amanda⏳
💋Amanda⏳
Open In TikTok:
Region: US
Wednesday 16 July 2025 00:42:51 GMT
259
12
1
0

Music

Download

Comments

angelspicedavis
BougieCountry Elite Sugar :
Maximum ❤️❤️❤️❤️❤️❤️
2025-07-16 18:48:26
0
To see more videos from user @colorado_queen_, please go to the Tikwm homepage.

Other Videos

ကျွန်တော်တို့လို ဆယ်ကျော်သက်ကောင်လေးအများစုဟာကိုယ့်ထက်ကြီးတဲ့typeကိုသဘောကျတာများပါတယ်။ မမတွေကိုသဘောကျတယ်ဆိုရင် ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့စာအုပ်တွေက  perfect ဖြစ်စေမှာအသေအချာပါ။ ပိတောက်ပွင့်ဆဲလသာဆဲဝယ်မှ
ကျွန်တော်တို့လို ဆယ်ကျော်သက်ကောင်လေးအများစုဟာကိုယ့်ထက်ကြီးတဲ့typeကိုသဘောကျတာများပါတယ်။ မမတွေကိုသဘောကျတယ်ဆိုရင် ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့စာအုပ်တွေက  perfect ဖြစ်စေမှာအသေအချာပါ။ ပိတောက်ပွင့်ဆဲလသာဆဲဝယ်မှ "မမဝေ" မောင့်ဘဝညအလားကွယ်မှ "မမမေ" လေရူးသည်စာမတတ်ပါမှ "မမသန့် ကမ္ဘာကုန်ကျယ်သရွေ့ဝယ်မှ "မမနွယ်" တိမ်ညိုအလွင့်လအမြင့်မှ "မမမွန်" မိုးညအိပ်မက်မြူမှ "မမရီ" ထိုမမတို့သည် ချစ်စရာ ကြည်နူးစရာ မြတ်နိုးစရာကောင်းသော မမများပေတည်း။ မမဝေ ပိတောက်ဦးတွေပါလား မမဝေလိုချင်လို့လားဟင် ပိတောက်တွေကိုဘယ်လိုခေါ်လိုက်တယ် ဪ....ဟိုဒင်း ပိတောက်ဦးလို့ မမဝေက အသာရယ်သည် မမဝေက အခုလိုချင်လို့လား မနက်ထိစောင့်ပါလားမမဝေ မနက်ဆိုရင် သူတို့သိပ်လှမယ်။ အဲလိုဆိုတော့ ပိတောက်ဦး ဟုတ်ပါ့ဦးတော့မလား ဒီနေ့ပွင့်ပွင့် မနက်ဖြန်ပွင့်ပွင့် ကိုယ်ကအရင်ပန်ရရင် အဲဒါဟာ ကိုယ့်တောက်ဦးပဲပေါ့... ။ မောင်လေးလှိုင်က လွမ်းဖူးလို့လား ကိုယ်ပိုင်တော့ လွမ်းမကြည့်ဖူးဘူးအငှားတော့ လွမ်းကြည့်ဖူးတယ် အငှားလွမ်းနဲ့ဘဝနဲ့ပဲ ကျေနပ်ပါငါ့မောင်ရယ် အဟုတ်တကယ် လွမ်းတယ်ဆိုတာ လောကမှာဘယ်နည်းနဲ့မှကောင်းတယ်လို့ မမဝေ မထင်ဘူး ကျွန်တော်လည်းမလွမ်းချင်ပါဘူး မမဝေ လွမ်းရတဲ့ဘဝမျိုးကိုလည်း မရွေးပါဘူးမမဝေရယ်။ ပြောပါမမဝေ ကျွန်တော်ဘာလုပ်ပေးရမလဲ တကတဲ.... လူကိုအမြဲခိုင်းမယ်လို့ထင်နေလား မထင်ပါဘူးမမဝေ တကယ်လို့အမြဲတမ်းခိုင်း ရင်တောင်မှ မမဝေခိုင်းသမျှကို ကျွန်တော်ဝမ်းသာစွာနဲ့ လုပ်ပေးမှာပါ မမဝေ မမဝေက အသာရယ်၍ လက်သီးလေးဆုပ်ပြီး ကျွန်တော့်ကျောလေးကို အသာလေးထုပြီးဆိုသည် ပိုလိုက် .... သည်းလိုက်တဲ့   ချာတိတ်မောင်ရယ် (ပိတောက်ပွင့်ဆဲလသာဆဲဝယ်မှ မမဝေ) မမမေ ကျွန်တော်က နှစ်ခြိုက်စွာပြုံးမိသည် " မောင် ဘာပြုံးတာလဲ" "သြော် တညလုံးစကားပြောကြမယ်ဆိုလို့ပါ မမမေတကယ်ပြောတာလား ဟင်" "မောင်က ဘာဖြစ်လို့ဒီမေးခွန်းမေးရတာလဲ " " တကယ်ပြောတာဆိုရင် ဝမ်းသာလို့ပါ မမမေနဲ့ စကားပြောရမယ်ဆိုရင် တညလုံး မကပါဘူး တသက်လုံးပြောနိုင်တယ် မမမေ " (မောင့်ဘဝညအလားကွယ်မှ မမမေ) မမသန့် "ပန်း မခူးရ " သည် ဆိုင်းဘုတ်လေးကတော့ သူ့နေရာမှာသူ တာဝန်ကျေစွာ ရှိနေကြသည်။ မိမိက တံခြူကို မြှောက်ကိုင်ခဲ့ဖူးသည်။ဒါပေမဲ့ တံခြူကို ေမြမှာ ပြန်ချထားလိုက်သည်။ မိမိက စာဖတ်တတ်သည် ခြားနားထားသောစည်းကို မကျော်မိခဲ့ ။ ဦးတိမ်မင်းလည်း ကျေနပ်ပါ၊ဖေဖေလည်းကျေနပ်ပါ။ မမသန့်လည်း ကျေနပ်တယ်မလား။ ကျွန်တော်တော့မျက်ရည်ဝဲတယ်လေ ဒါတော့မတတ်နိုင်ဘူး မျက်ရည်ဝဲတာ သတ်သတ် ကိုယ့်ဘဝကို ရပ်တည်နိုင်တာက သက်သက် ၊ မမသန့်ဒါကို အလိုရှိတယ်မလား ၊ သည်တော့မမသန့်လည်း ကျေနပ်ပါလေ ။ (လေရူးသည်စာမတတ်ပါမှ မမသန့်) မမနွယ် " မောင် ဒါဘာလုပ်တာလဲ မမနွယ်ကို ရင်ကွဲသေအောင်သတ်သွားတာလားဟင် " " ပုထုဇဥ် လူသားဟာ အမှားကို ပြုမိတယ်တဲ့ မမနွယ် မောင့်ဖေဖေနဲ့ မေမေရဲ့ အမှားဒဏ်ကို မောင်တို့ လာခံနေရတယ် ၊ ဒီလိုဆိုလို့ ဖေဖေနဲ့မေမေကို မောင်အပြစ်မတင်ရက်ပါဘူး သမုဒယဆိုတဲ့ သစ္စာတရားကိုသာ မောင်အပြစ်တင်တယ် ၊ ငိုမနေပါနဲ့ မမနွယ် မောင့်စကားကိုသာ နားထောင်စမ်းပါ " (ကမ္ဘာကုန်ကျယ်သရွေ့ဝယ်မှ မမနွယ်) မမမွန် မမမွန် ကိုမောင် ဝန်ခံစရာရှိတယ် မမမွန်ကိုမောင် သိပ်ချစ်တယ် မမမွန်ကို တစ်ခါလေးမြင်ဖူးရုံနဲ့  ကျွန်တော်လွမ်း တယ် ဘာဖြစ်လို့လွမ်းမှန်းမသိဘူး နောက်ပြီး ဝမ်းနည်းတယ် ဘာလို့ဝမ်းနည်းမှန်းမသိဘူး နောက်ပြီးမှ ချစ်လာရတာ (တိမ်ညိုအလွင့်လအမြင့်မှ မမမွန်) မမရီ " မမရီကို ဒီကမောင်က သိနေတယ်ဆိုတော့ ဦးလေး ဦးမင်းခိုင်က ပြောပြထားတာလားဟင်" "ဘယ်သူမှမပြောပါဘူးလေ ၊ ဒါပေမဲ့သိတာတော့ သိနေတာပါပဲ သိခြင်းတွေ ဘာကြောင့် ဘယ်လိုသိတယ် ရှင်းပြနေရရင် ကျမ်းစာ တစောင်ဖွဲ့နေရပါမယ် " " ဒါပေမဲ့ မောင်ညိုမှိုင်း သိတာ တခုလွဲနေတယ်ဒီဓာတ်ပုံဟာ မမရီရဲ့ ဓာတ်ပုံမဟုတ်ဘူး" "မမရီ မမှတ်မိဘူး ဆိုရင် ကျွန်တော်အပြစ်မတင်ပါဘူး သံသရာဆိုတာကလည်း မေ့လျော့ခြင်းဆိုတဲ့ ဘဝမြူ လွမ်းမြဲ ဓမ္မတာမလား " (မိုးညအိပ်မက်မြူမှ မမရီ) ဘဝ ဘဝ ကိုယ့်ဘက်သာနေရင်း ကိုယ့်မှာမရှိတဲ့ မမတွေကို ထိုင်လွမ်းလိုက်ကြဦး🙃 *crd to original writer* #ဖတ်မယ်ဆိုရင်တစ်ရှူးလေးတော့ဆောင်ထားကြပါဗျ #တက္ကသိုလ်ဘုန်းနိုင် #မောင့်ဘဝညအလားကွယ် #လေရူးသည်စာမတတ်ပါ #မိုးညအိပ်မက်မြူ #ကမ္ဘာကုန်ကျယ်သရွေ့ဝယ် #ပိတောက်ပွင့်ဆဲလသာဆဲဝယ် #တိမ်ညိုအလွင့်လအမြင့် #foryou #booklover #BookTok #fyp #foryoupage

About