@curimyanmar: " ဘဝအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု " ကိုယ်တွေ နေ့စဥ်ဘဝမှာ ကိုယ့်ရဲ့ အချိန်တွေ၊ ငွေတွေ၊ Energy တွေကို သူများတွေကိုပဲ ပေးနေရတာများပါတယ်။ ကိုယ်နဲ့ Moral Value တူတဲ့လူကို မျှဝေရရင်တော့ ကိုယ့်အတွက်လည်း မပင်ပန်းသလို ၊ အကျိုးလည်းရှိပေမဲ့ ကိုယ်နဲ့ Moral value မတူတဲ့လူကိုမျှဝေရရင်တော့ ကိုယ့်ရဲ့ energy တွေ အချိန်တွေ ဆုံးရှုံးရတာသာရှိပါတယ်။ 🟠 အမှန်တရားက နည်းနည်းခါးနိုင်ပေမဲ့ ဘယ်သူမှ ကိုယ်နဲ့ ဘဝတစ်လျှောက်လုံး အတူမရှိပေးနိုင်တာမို့ ကိုယ့်အတွက် ကိုယ် Invest လုပ်တာလောက် အာမခံချက် ရှိတာ မရှိပါဘူး။ 🟠 ဒါဆို ဘယ်နေရာတွေမှာ Self-Investment လုပ်ရမလဲ? ➡️ စာအုပ်ဖတ်တာ - စာဖတ်တယ်ဆိုတဲ့နေရာမှာ စာအုပ်ကြီးကိုကိုင်ပြီးစာဖတ်တာမှ မဟုတ်ဘူး ကိုယ့်ရဲ့ Professional နဲ့ ကိုက်ညီတဲ့ အချက်လက်တွေဖတ်တာ ၊ ကိုယ့်ရဲ့ စိတ်အပန်းပြေမှုအတွက် ရသစာပေ ဖတ်တာလည်း စာဖတ်တာပါပဲ။ ဒီခေတ်မှာ လူတွေက Attention ကို ၅ စက္ကန့်တောင်မှ မထားနိုင်ကြတော့တဲ့ အခါ အာရုံစိုက်တာတွေ ကျလာပါတယ်။ ဒါကြောင့်မို့ ဘယ်စာအုပ်ပဲဖြစ်နေ စာအုပ်တစ်အုပ်ကို နာရီပိုင်းလောက် စူးစိုက်ပြီး ဖတ်လိုက်တာဟာ ဆုတို့ရဲ့ Attention span ကို တက်စေပြီး ၊ အာရုံစူးစိုက်နိုင်တဲ့ စွမ်းအင်ကို ပိုအားကောင်းလာစေပါတယ်။ ဒီလိုအကြောင်းအရင်းတွေကြောင့်လည်း စာဖတ်ရသလို ၊ စာဖတ်တဲ့အခါ ဗဟုသုတဖြစ်စေ၊ နှလုံးသား အာဟာရ ဖြစ်စေ ရနိုင်တာမို့ စာဖတ်ခြင်းက တစ်ချက်ခုတ် ၊ သုံး လေး ငါးချက်ပြတ်စေပြီး အကျိုးကျေးဇူးတွေ အများကြီး ရစေပါတယ်။ ဒါကြောင့်မို့ ကိုယ့်ရဲ့ အချိန်တွေထဲက တချို့ကို စာဖတ်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံပေးပါ။ ➡️ ဝါသနာ - ဝါသနာနဲ့ အချိန်ကုန်ဆုံးရတာက ကိုယ့်အတွက် Relaxing လည်း ဖြစ်သလို ၊ ကိုယ့်ရဲ့ ဖန်တီးမှုစွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကိုယ်နဲ့ ဝါသနာတူတဲ့ လူတွေချင်းတွေ့တဲ့အခါ ကိုယ်နဲ့ တစ်ဘဝလုံး လက်တွဲသွားနိုင်တဲ့ သူငယ်ချင်းတွေ ၊ မိတ်ဆွေကောင်းတွေလည်း ရတတ်ပါတယ်။ အစပိုင်းမှာ ဝါသနာက ကိုယ့်အတွက် စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ပဲရှိရင်တောင် နောက်ပိုင်း Hobby ကနေ Obsession ဖြစ်လာတဲ့ အခါ ဒါဟာ ဝင်ငွေရမယ့် လမ်းကြောင်း တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ် စိတ်ဝင်စားတဲ့ ၊ ဝါသနာပါတဲ့အရာကို လုပ်ဖို့လည်း ကိုယ့်ကိုယ်ကိုယ်ခွင့်ပြုပေးပါ။ ➡️ သင်တန်းတွေ - သင်တန်းဆိုတဲ့နေရာမှာ လက်မှတ်တွေ ရအောင်တက်ရတဲ့ သင်တန်းတွေရှိသလိုမျိုး ကိုယ့်ရဲ့ဘဝမှာ Street smart တစ်ယောက်ဖြစ်ဖို့၊ Skill တွေရဖို့ တက်ရတဲ့ သင်တန်းတွေလည်း ဖြစ်နိုင်သလို ၊ ဘာသာစကား ၊ နည်းပညာ တွေသင်ယူရတဲ့ သင်တန်းတွေလည်း ဖြစ်နိုင်ပါတယ်။ အဓိကက သင်တန်းဆိုတဲ့နေရာမှာ သင်တန်းအပြင် Networking ပါလုပ်နိုင်တဲ့ သင်တန်းတွေ တက်ဖို့ Recommand ပေးပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့ Profession အတွက်လည်း တိုးတက်နိုင်ပြီး ၊ Network လည်းချဲ့ထွင်ပြီးသား ဖြစ်စေပါတယ်။ ကိုယ်က ဘယ်အရာကိုမဆို သင်ယူလိုစိတ်ရှိတယ်ဆို အဲ့ဒီနေရာမှာ သုံးရမဲ့ ငွေကြေးကို မနှမြောပါနဲ့။ ➡️ Meditation - Meditation လုပ်တယ်ဆိုတဲ့နေရာမှာလည်း တရားထိုင်တာတွေ အပြင် အချိန်တိုင်းမှာ အသိနဲ့ သတိကပ်ပြီးနေတာမျိုး ၊ ညမအိပ်ခင်မှာ ဝင်လေ ၊ ထွက်လေလေးကို အာရုံစိုက်ပြီးမှတ်နေတာမျိုး ၊ တစ်မိနစ်မှာ ကိုယ့်ရဲ့ အသံရှူနှုန်း အခေါက်ရေမှတ်နေတာမျိုးတွေနဲ့လည်း စိတ်ကလေး တည်ငြိမ်အောင် ကြိုးစားနေလို့ရပါတယ်။ ➡️ ကျန်းမာရေး - ကျန်းမာရေးလို့ပြောလိုက်ရင် လူတွေက ငွေသုံးဖို့ကိုပဲ ပြေးမြင်လေ့ရှိကြတယ်။ တကယ်တော့ နေ့စဥ်စားနေကျ အစားအစာတွေမှာ သကြားတွေ၊ အဆီတွေ လျော့စားတာမျိုး ၊ ထမင်းနည်းနည်းစားပြီး အသားများများ စားတာမျိုးကလည်း ကျန်းမာရေးမှာ Invest လုပ်နေတာပါပဲ။ တစ်နေ့တာမှာ ၁၂ လောက်ဖြစ်စေ Fasting လုပ်တာမျိုး ကလည်း ကျန်းမာရေးအတွက် invest လုပ်တာပါပဲ။ နှစ်ပေါင်းထောင်ချီကတည်းက ဘာသာရေးတိုင်းမှာ Fasting လုပ်တဲ့ အလေ့အထရှိတာကို သတိထားကြည့်မယ်ဆိုရင် ခန္ဓာကိုယ်အတွက် fasting လုပ်တယ်ဆိုတာ အရေးပါတာမို့ မေ့ထားလို့မရဘူး။ နောက်ဆုံးမှာပြောပေမဲ့ ကျန်းမာရေးက Invest လုပ်ဖို့ အရေးအကြီးဆုံးပါပဲ။ ဘဝအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဆိုတာ Self-investment ပါပဲ။ ကိုယ်ရဲ့ Positive energy ၊ ငွေ နဲ့ အချိန်တွေကို သူများတွေကြောင့် အကုန်မခံဘဲ ကိုယ့်အတွက်ကိုယ်ပဲ ရင်းနှီးမြှုပ်နှံလိုက်ပါ။ ➡️➡️⬇️⬇️🔵🔵🟠🟠 #curimyanmar #rightcuriosity #rightgrowth #burmesecommunity #burmesebooksummary #burmeseentrepreneur #burmesepodcast
Curi - Curious Insighter
Region: US
Saturday 19 July 2025 03:30:00 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @curimyanmar, please go to the Tikwm
homepage.