@heinhtetzanm9pyinoolwin: စာမ တို့၏သဘော(၁) **************** ကောက္ကုသံမြတ်စွာဘုရား၏ စာမတော်ကား စ အက္ခရာ ကောဏဂုံမြတ်စွာဘုရား၏စာမတော်ကား ဓ အက္ခရာ ကဿ     ပ မြတ်စွာဘုရား၏စာမတော်ကား ဗ အက္ခရာ ဂေါတမမြတ်စွာဘုရားတော်၏ စာမတော်ကား ဝ အက္ခရာ အဘယ်ကဲ့သို့ ဤစာမတော်များ ပေါ်လာရသနည်းဟူမူ ကေစိအာစရိယဝါဒအရ ၁။ကောက္ကုသံ မြတ်စွာဘုရားလက်ထက် သင်္ကန်း၏အနားပတ်တွင် ဗိန္ဒုထိုးသော အက္ခရာမှာ စ အက္ခရာ ကောဏဂုံမြတ်စွာဘုရားလက်ထက် သင်္ကန်း၏အနားသတ်တွင်ဗိန္နုထိုးသောအက္ခရာမှာ ဓ အက္ခရာ ကဿ     ပ ဘုရားရှင်လက်ထက် သင်္ကန်း၏အနားပတ်တွင်ဗိန္နုထိုးထားသောအက္ခရာမှာ ဗ အက္ခရာ ဂေါတမမြတ်စွာဘုရားလက်ထက် သင်္ကန်း၏အနားပတ်တွင် ဗိန္နုထိုးထားသောအက္ခရာမှာ ဝ အက္ခရာ ထို့ကြောင့် စာမအက္ခရာများကို အဆင့်ခွဲပြသော် ၁။စ ဓ ဗ ဝ ၎င်းစာမလေးလုံးသည် ဘုရားလေးဆူ စာမတော်ဟုခေါ်ဆိုရလေသည်။၎င်းစာမလေးလုံးသည် ဝိဇ္ဇာဂိုဏ်းများ၏ အဓိကအားထားရသော စာမဖြစ်ပေသည်။၎င်းစာမလေးလုံးဖြစ်သော စ ဓ ဗ ဝ ကိုပင် ထပ်ဆင့်၍ခွဲပြရသော် အာစရိယ ကေစိဝါဒ အရ ၁။တေဇောဓာတ်မှာ ကောက္ကုသံဘုရား နံမှာခြသေ့င်္ ခြင်္သေ့မှာအဂါင်္ အက္ခရာမှာ စ အက္ခရာရသည်။ ၂။ဝါယောဓာတ်မှာ ကောဏဂုံဘုရား နံမှာ နဂါး နဂါးမှာစနေ အက္ခရာမှာ ဓ အက္ခရာဖြစ်သည်။ ၃။အာပေါဓာတ်မှာ ကဿ     ပဘုရား နံမှာကြွက်  ကြွက်မှာကြာသာပတေး အက္ခရာမှာ ဗ အက္ခရာရသည်။ ၄။ပထဝီဓာတ်မှာ ဂေါတမဘုရားနံမှာနွား နွားမှာဟိုင်း ဟိုင်းမှာရာဟု ရာဟုမှာ ရှစ် ရှစ်မှာသုည အက္ခရာမှာ ဝ  ထို့ကြောင့်၎င်း စဓဗဝ စာမလေးလုံးသည်ဘုရားလေးဆူစာမမည်၏။ဓာတ်အားဖြင့် ဓာတ်လေးပါးစာမမည်၏အဘယ်ကြောင့်ဆိုသော်.. စ အက္ခရာမှာ တေဇောဓာတ် ဖြစ်သည်။ ဓ အက္ခရာမှာဝါယောဓာတ်ဖြစ်သည် ဗအက္ခရာမှာ အာပေါဓာတ်ဖြစ်သည် ဝ အက္ခရာမှာ ပထဝီဓာတ်ဖြစ်သည်။ ၎င်းအပြင် အမျိုးအားဖြင့် ၄ ပါးအရပ်အားဖြင့် ၄ ပါးအားထင်းရှား၍ခွဲပြပါအံ့ ၁။ပထဝီဓာတ် ဝ အက္ခရာသည် အနောက်အရပ်ရသည်။ကုလားလူမျိုးပိုင်၏။ ၂။အာပေါဓာတ် ဗ အက္ခရာသည် မြောက်အရပ်ကိုရသည်။ရှမ်းလူမျိုးပိုင်၏ ၃။တေဇောဓာတ် စ အက္ခရာသည် အရှေ့အရပ်ကိုရသည် တလိုင်းလူမျိုးပိုင်သည်။ ၄။ဝါယောဓာတ် ဓ အက္ခရာသည် တောင်အရပ်ကိုရသည် မြန်မာလူမျိုးပိုင်၏။ ပြည်ဝေပုလ္လဆရာတော်ကြီး၏ဝိဇ္ဇာမယပညာမှတ်စု ကျမ်းမှ စမ နှင့်ပက်သက်သော ဗဟုသုတဖြစ်ဖွယ်များအား ကျွန်ုပ်ရွှေရင်ကျော်ဆရာဆန်းမှ ပညာဒါနပြုရခြင်းဖြစ်ပါသည်။ ထိုသို့ ဓာတ်လေးပါးစာမဖြစ်သော စဓဗဝ အားပိုင်ဆိုင်သောအရပ်လူမျိုးများအားခွဲခါးပြပြီးဆရာတော်ကြီးမှဆက်လက်ခွဲပြခဲ့သည်မှာ.. တေဇော စ အက္ခရာသည် ထွက်ရပ်ပေါက် ရသေ့ပျံပိုင်၏ ဝါယော ဓ အက္ခရာသည်ထွက်ရပ်ပေါက်မုနိပိုင်၏ အာပေါ ဗ အက္ခရာသည် ထွက်ရပ်ပေါက်ဇော်ဂျီပိုင်၏ ပထဝီ ဝ အက္ခရာသည် ထွက်ရပ်ပေါက် ဝိဇ္ဇာပိုင်၏ ထို့နောက့်မိန့်ကြားခဲ့သည်မှာ တေ ဝါ အာ ပ မူလီမူလာချ  ဟုဆို၏ တေ မှာတေဇောဓာတ်ကိုဆိုလိုသည်။ ဝါ သည် ဝါယောဓာတ်ကိုဆိုလိုသည်။ အာ သည်အာပေါဓာတ်ကိုဆိုလိုသည် ပ သည်ပထဝီဓာတ်ကိုဆိုလိုသည်။ တေဇောဓာတ်ကား စ အက္ခရာ စာမတစ်လုံးရသည်။ အာပေါဓာတ်ကား ဓ အက္ခရာ စာမတစ်လုံးရသည် ဝါယောဓာတ်ကား ဗ အက္ခရာ စာမတစ်လုံးရသည်။ ပထဝီဓာတ်ကား ဝ အက္ခရာစာမတစ်လုံးရသည်။ ထပ်မံ၍ချဲ့ကားပြဆိုသော် စ အက္ခရာတေဇောဓာတ်ကို သမ္ဗုဒ္ဓေဂါထာကပိုင်သည်။ ဓ အက္ခရာ အာပေါဓာတ်ကို ဣတိပိတောဂါထာကပိုင်သည်။ ဗ အက္ခရာ ဝါယောဓာတ်ကို သွက္ခာတောဂါထာကပိုင်သည်။ ဝ အက္ခရာ ပထဝီဓာတ်ကို သုပ္ပဋိပန္နာ ဂါထာကပိုင်သည်။ စဓဗဝသည် မူလ စာမ ဖြစ်သည်။ ထိုမှခွဲသော် ဓဗဝစ သည် ဘူတစာမဖြစ်သည် ဗဝစဓသည် ဘူတစာမဖြစ်သည် ဝစဓဗ သည်ဘူတစာမဖြစ်သည်။ အကျိုးများ သိဒ္ဓိများအားပြဆိုရသော် စဓဗဝ သည် ထွက်စာမဖြစ်သည်။ ဓဗဝစ သည် အုပ်စာမ(ဝါ)  သိမ်းစာမဖြစ်သည်။ ဗဝစဓ သည် ထိမ်းစာမဖြစ်သည် ဝစဓဗသည် ဝင်စာမဖြစ်သည်။ ထိ ု့နောက်မှတ်သားရန်မှာ ၁။မီးဓာတ်ကို အရင်းတည် ရေဓာတ်ကိုနှောက် လေဓာတ်ကိုပိတ် မြေဓာတ်ကိုအဆုံးထား  ၎င်းစာမသည် ထွက်စာမဖြစ်သည်ဟုမှတ် ကာယသိဒ္ဓိ ပြီး၏။တုတ် ဓား လှံ သေနတ်အမြောက်ပြီးစီး၏ သေသည်ပင် မီးမလောင်ချေ။စိတ်ကလုပ်တိုင်း ကိုင်တိုင်းပြီးစီးသော အကျိုးကိုခံစားရသည်။ ၂။ရေဓာတ်ကိုအရင်းတည် လေဓာတ်ကိုနောက် ပထဝီဓာတ်ကိုပိတ် တေဇာဓာတ်ကိုအဆုံးထား ၎င်းစာမသည် အုပ်စာမဖြစ်သည် သိုက်ပြောင်းကိုယ်ခွာ ရစေတတ်သည်။နောက်ပါတစ်သောင်းကိုထိမ်းသိမ်းနိုင်၍ ကိုယ်ပြောင်းကိုယ်ခွာရတတ်သည်။ ၃။လေဓာတ်ကိုအရင်းတည် ပထဝီဓာတ်ကိုနှောက် တေဇောဓာတ်ကိုပိတ် အာပေါဓာတ်ကိုအဆုံးထား ၎င်းစာမသည် ထိန်းစာမဖြစ်သည်။အကျိုးကား ကိုယ်ခွာရစေတတ်သည်။သူတပါးမကောင်းမကြံနိုင် လိုတိုင်းတတိုင်းရနိုင်သည်။ ၄။ပထဝီဓာတ်ကိုအရင်းတည် တေဇာဓာတ်ကိုနှောက် အာပေါဓာတ်ကိုပိတ် ဝါယောဓာတ်ကိုအဆုံးထား  ၎င်းစာမသည်အဝင်စာမဖြစ်သည်။အကိုးကား ခုနှစ်ရက်သားသမီး လေးစားကြည်ညိုချစ်ခင်၏။ပီယသိဒ္ဓိပေါက်၏ ချစ်ခင်သူပေါ၏ ရွှေငွေဖြစ်စေ၏။ ပြည်ဝေပုလ္လဆရာတော်ကြီး၏ဝိဇ္ဇာမယပညာမှတ်စု ကျမ်းမှ စမ နှင့်ပက်သက်သော ဗဟုသုတဖြစ်ဖွယ်များအား ကျွန်ုပ်၏ ဖခင်ဆရာကြီး🙏🏻ရွှေရင်ကျော်ဆရာဆန်းမှ🙏🏻 ပညာဒါနပြုထားခြင်းဖြစ်ပါသည်။ ဆက်လက်ဖော်ပြပါမည်။ #ရွှေရင်ကျော်ဆရာဟိန်းထက်ဇံ #ဟိန်းထက်ဇံ #heinhtetzanm9 #fyp #tiktokuni #foryoupage

ဟိန်းထက်ဇံ
ဟိန်းထက်ဇံ
Open In TikTok:
Region: MY
Friday 18 July 2025 09:36:40 GMT
25324
2052
31
124

Music

Download

Comments

user4681980030061t
လက္ခဏ :
ဆရာ ခင်ဗျ စာမ စဥ် ၆မျိုးလုံး. အခုလိုလေးရှင်ပြပေးပလား
2025-07-19 06:52:53
1
naing.win.aung353
Naing Win Aung :
များများလေးတင်ပေးပါ အားပေးနေပါတယ် အခြေခံကအစ ပညာဒါနပေါ့
2025-07-18 15:34:58
2
juilan123456
သံသရာခရီသည် :
ပညာတွေရလိုအခုလိုတင်ပေတာကျေးဇူပါဗျ🙏🙏🙏
2025-07-18 16:20:21
3
thaelayyekoko4
Thae lay koko :
မှတ်သားထိုက်ပါတယ်ကျေးဇူးပါဆရာ
2025-08-29 14:15:13
0
sawnan364
နန်း ဦး ငယ်😘😘😘 :
မဂ်လာပါ
2025-08-22 03:35:20
0
myint.thandar.soe0
Myint Thandar Soe :
မှတ်သားရသိခွင့်ရလို့ကျေးဇူးပါရှင့်🙏
2025-07-20 04:27:21
0
do.you.know846
အဖေဆရာကျော်မျိုးနိုင်၏တပည့်သား :
🥰🙏🙏🙏သာဓုသာဓုသာဓုပါဗျာ🥰🙏🙏🙏
2025-07-19 11:49:05
1
u.kyaw.soe.hlaing6
.Sayar Kyaw Soe Hlaing :
🥰🥰🥰
2025-07-21 04:41:46
1
thant.zin.moe2716
Thant Zin Moe :
🙏🙏🙏
2025-07-19 07:53:45
1
waiyanhtun6977
ရွှေရင်ကျော်ဆရာဝေယံ-ပလိပ်မြို့ :
🙏🙏🙏
2025-07-19 03:48:16
1
shweyinkyaw11
⚜️ငါဟဲ့...တပင်ရွှေထီး⚜️ :
🙏🙏🙏
2025-07-18 10:38:40
1
kothawzin.winhtut
Kothawzin Winhtut :
🥰🥰🥰
2025-07-18 09:39:42
1
ooba13712
U Ba Than :
❤❤❤
2025-08-05 09:18:24
1
komoe25898
မိုးတိမ် :
🙏🙏🙏
2025-09-12 10:32:32
0
user1118360225050
user1118360225050 :
👍👍👍
2025-08-26 14:46:49
0
war8488
9 ကမ္ဘာ :
🙏🙏🙏
2025-08-01 08:37:26
0
aungthatpainglin
ဓမ္မရောင်ခြည်..ပန်းတမော့.စကျင် :
🙏🙏🙏
2025-07-22 15:26:57
0
To see more videos from user @heinhtetzanm9pyinoolwin, please go to the Tikwm homepage.

Other Videos


About