@lapyaephyo55: ထားခဲ့တော့မလို့လား ? နေခဲ့မယ်နော် ။ ဒါပေမယ့် တစ်ခုပဲ ဖြေခဲ့ပေးပါ ။ ခဏလေး မျက်လုံးမှိတ်ပြီး တွေးကြည့်ပေးပါ ကျွန်တော့်ကြောင့် မပျော်ခဲ့ရဖူးဘူးလား ။ ကျွန်တော်ရပ်နေသမျှ တစ်လျှောက်လုံး အတတ်နိုင်ဆုံးတော့ မင်းအတွက်တွေးပေးခဲ့ပါတယ် ။ အများကြီး မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးဆိုရင်တောင် အတတ်နိုင်ဆုံးတော့ ကိုယ်ခက်ခဲနေလည်း မင်းအတွက်ဆိုပြီး ရှေ့တန်းတင်ခဲ့တာပါ ။ အဆင်ပြေပါတယ်ဆိုတဲ့ စကားတွေ တဖွဖွ ပြောခဲ့တဲ့ ကျွန်တော်ဟာ လက်တွေ့တွေမှာကျတော့ ဘာတစ်ခုမှ အဆင်ပြေနေတာတော့ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် နှစ်ယောက်အတူ စကားပြောနေခွင့်ရှိတဲ့အချိန်မှာ အနည်းဆုံးတော့ ပျော်စရာတွေချည်း ပေးချင်ခဲ့တာပါ ။ မင်းစာလေးပို့လာရင် ဘယ်လောက်မအားနေပါစေ အားပါတယ်ဆိုတဲ့ စကားလေးပဲ သုံးခဲ့တယ် ။ မင်းစိတ်လိုလက်ရပို့တဲ့တွေကို အလွတ်မပေးချင်ခဲ့တာလေ ။ ထမင်းစားနေရင် ထမင်းစားတာ ရပ်ထားတတ်တယ် ။ မီးအားသွင်းထားရင် အားသွင်းကြိုးတန်းလန်းနဲ့ စကားပြောနေတတ်တာ ပါ။ အများကြီးပေါ့ နေရာတကာမှာ မင်းပြီးမှပဲ ကိုယ့်ကိုယ်ကိုယ် အတွက်တွေးဖြစ်ခဲ့တာပါ ။ ဘယ်အရာမှာမဆို ဂရုတစိုက်ရှိပေးခဲ့သလို ဘယ်အရာကိုမဆို အလေးအနက်ထားခဲ့တာတော့ ယုံပါ ။ အများကြီး မဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် ကိုယ်တတ်နိုင်တာထက် ပိုပြီးတော့ မင်းအတွက်ဆိုပြီး လုပ်ပေးခဲ့ဖူးတာကိုတော့ ယုံပါ ။ ထားပါတော့.... အတိတ်ကို ပြန်ပြောလို့လည်း မင်းရဲ့ဆုံးဖြတ်ချက်တွေကို ပြန်ပြင်တော့မှာမှ မဟုတ်ပဲလေ ။ ကိုယ်ဘယ်လောက်ပဲတားတား နောက်ဆုံး မင်း ကိုယ့်ကိုထားပြီး ထွက်သွားတော့မှာပဲ မဟုတ်လား ။ ကိုယ့်ကြောင့် မပျော်ခဲ့ရဖူးဘူးဆိုရင်တော့ ကိုယ်က မချစ်တတ်ခဲ့တာလို့ပဲထားပါ ။ တကယ်တမ်းကျတော့ သိပ်ချစ်ပါတယ် ။ ပျော်ခဲ့ဖူးတယ်ဆိုရင်တော့ ကိုယ် လုပ်ပေးခဲ့တာတွေ အလဟသမဖြစ်တော့ဘူးပေါ့ ။ ကိုယ်မျိုသိပ်ခဲ့ရတာတွေ ကိုယ်ထိန်းချုပ်ခဲ့ရတာတွေ နောက်ဆုံး ကိုယ် ငိုခဲ့ရတာတွေ အလကား မဖြစ်တော့ဘူးပေါ့ ။ ဟုတ်တယ်မလား ။ တကယ်ပဲ အနားမှာ တစ်သက်လုံး ပျော်အောင် ထားချင်ခဲ့တာပါ ။ ဒါပေမယ့် ချန်ခဲ့လဲ ရပါတယ်။

lapyaephyo55
lapyaephyo55
Open In TikTok:
Region: MM
Friday 25 July 2025 13:38:56 GMT
133409
8110
69
751

Music

Download

Comments

akio2k3
𝗣 ♎ :
ပြန်ယူတင်မယ်နော် brother
2025-07-27 12:39:50
0
nansulatt
-SuLatt- :
ခံစားချက်တွေက တူနေတာ🥺
2025-07-27 19:18:44
0
oo.oo.phoe
☯𝚃𝙷𝙰𝙽𝙶𝚈𝙰𝙽『𝐍°𝟏』 :
ကြိုက်တယ်ကွာစာသား🥰
2025-07-27 14:58:09
0
callme_mgtoo884
. :
စာသား ယူသုံးမယ်နော်😪
2025-07-27 12:15:19
1
sheeshhhskiee
skibidi_life :
ပြန်သုံးခွင့်ပြုပါဘရားသား
2025-07-27 14:28:08
0
htet.aung.khant66
Htet Aung Khant🦁 :
ပြန်တင်မယ်ဗျာစာသားကို😞
2025-07-27 04:33:12
1
minthanttun717
Min Thant :
ခုလေးတင်ပဲပြတ်သွားတယ် ခြင်းသွားခတ်လို့တဲ့ဗျာ အတူရှိလာခဲ့တာ 3နှစ်ကျော်ပီလေဗျာ တစ်ယောက်ယောက်လောက်အကြံပေးကြပါအုံးဗျာ
2025-07-27 13:10:28
4
user408100585
pan Ni (ノ◕ヮ◕)ノ*.✧♍💫 :
တိုက်ဆိုင်လိုက်တာ 💔
2025-07-28 00:53:01
0
abzkhant
𝙼🐀 :
ဒီမှာဘရားသား မိန်းမပဲဖြစ်"ယောကျာ်းပဲဖြစ်" သူတို့ကိုချစ်တဲ့သူကိုလူတိုင်းကပြန်မချစ်နိုင်တာတော့မဟုတ်ဘူး ဒါမဲ့တော်"များ"ကတော့ အရမ်းချစ်ပေးတဲ့သူအရမ်းဂရုစိုက်ပေးတဲ့သူဆို မိန်းကလေးပဲဖြစ်"ယောကျာ်းလေးပဲဖြစ်"ဈေးပေါသွားတာကြီးပဲ တန်ဖိူးနားလည်တဲ့သူကတော့ ပျော်ရွှင်စရာကြီးပေါ့ဗျာ အဲ့လူစီကနေရတဲ့အချစ်တွေအတွက် ဖိုက်တင်းဘရားသားး🫶🫂
2025-07-27 12:47:12
14
kyawhtetaung8853
💫"A Yoe"💫 :
ရင်ထဲအရမ်းထိတယ် brother ရာ... စာသားတွေက 🥺 .ကို့နဲ့ထက်တူလဲ ခံစားရပ့တယ် ဗျာ.
2025-07-27 16:07:50
0
kyawzinlynn7k
L :
စာဘယ်လိုcopyကျလဲရတဲ့သူreplyပေးကြပါအုံး
2025-07-27 14:49:13
0
thet2807
Mi Thet🙊 :
ဘယ်လောက်ပဲချစ်ပေးချစ်ပေး ထားခဲ့တာပါပဲ 🥺
2025-07-27 16:12:10
0
nguwarshweyee6
ngu war💗(ကလေးမြို့သူ) :
စာသားcopyလို့ရမလားရှင့်ကျွန်မရဲ့အခုဖြစ်ရပ်နဲ့အရမ်းတိုက်ဆိုင်နေလို့ပါ🥺
2025-07-26 02:36:31
8
hana81574
Han na🐚💐 :
ft" 🥺💗
2025-07-25 14:24:13
1
vaalhazakxi
Mg Moe Min Oo :
ဟာbrotherရယ် 💔🥺
2025-07-27 15:55:54
0
mi.chaw528
𝙺𝚎𝚒𝚔𝚘❤️‍🔥 :
စာလေးပြန်တင်ချင်လို့ပါဗျ🥺
2025-07-27 15:29:42
0
xein.wai.yan.kyaw
မာမီစိန်💎🤧 :
စာ သားက ရင်ထဲထိတယ်ဗျာ
2025-07-27 12:06:38
1
aungoo175
Aungoo :
har idol feel tal naw😂😂😂
2025-07-25 14:31:36
0
_2292376_
Shikakuu :
အဲ့စာလေးအလွတ်လိုချင်လို့ပါဗျာ
2025-07-27 11:36:19
2
linlatfuckingnaing
linlatfuckingnaing :
ပြန်တင်မယ်နော်စာသားကို
2025-07-26 14:52:29
0
slynix14
Min Khant Kyaw :
ချစ်ရင် သိပ်နိုင်ယူကြတာပက်ဗျာ
2025-07-26 13:21:02
2
buuteatobi8
ToBi.Aim God29 :
စာသာလေးပြန်တင်မယ်နော်...
2025-07-27 11:05:24
1
yethwe.7
Rizz_theqt :
စာလေး Crd ယူပီးပြန်တင်မယ်နော်
2025-07-27 12:47:55
1
amkyaw153
Aung Moe Kyaw :
လန်းပါတယ်
2025-07-25 16:46:30
0
thaw8195
🍓Thaw Tar Win Pyae🍓(Thaw"🫀) :
ဒါမျိုးတွေမြင်ရင်သတိရမိသွားပြန်ပီ😭
2025-07-27 15:49:09
1
To see more videos from user @lapyaephyo55, please go to the Tikwm homepage.

Other Videos


About