@aamij.burma: "စစ်တပ်အရာရှိဆိုသူတစ်ဦးက ဖုန်းဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေကို PDF လို့ပြောပြီး ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ပြည်သူများအကြား ဝေဖန်မှုများထွက်ပေါ်" AAMIJ / စက်တင်ဘာ၆ မန္တလေးတိုင်း၊ မေမြို့ (ပြင်ဦးလွင်) က ဖုန်းဆိုင်တစ်ခုမှာ စစ်တပ်အရာရှိဆိူသူတစ်ဦးက ဖုန်းဆိုင်ရှင်နဲ့ ဝန်ထမ်းတွေကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ စက်တင်ဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ သိရပြီး၊ ရုပ်သံမှတ်တမ်းတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ အဆိုပါ စစ်တပ်အရာရှိဆိူသူတစ်ဦးက အရပ်ဝတ်နဲ့ အမျိုးသားဟာ ဆိုင်အတွင်းမှာ "မင်းတို့က စစ်တပ်ကိုပိုင်တာ ဘယ်လောက်ပိုင်တာလဲ တပ်ရင်းမှုးလောက်ပိုင်တာမလား။ နေပြည်တော်ပိုင်လား ရန်ကုန်ပိုင်လား ခရိုင်မှုးထိပိုင်လား " လို့ ကြိမ်းမောင်းပြောဆိုခဲ့တာကို CCTV မှတ်တမ်းမှာ တွေ့မြင်ရပါတယ်။ ထိုစစ်တပ်အရာရှိတစ်ဦးရဲ့ အရပ်ဝတ်နဲ့ လာရောက်ခြိမ်းခြောက်မှုဟာ လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်စေခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မတရား ဖမ်းဆီးမှု့ ၊ အကြမ်းဖက် သတ်ဖြတ်မှု၊ ငွေညှစ်မှုနဲ့ ခြိမ်းခြောက်မှုတွေကို မကြာခဏဆိုသလို ရင်ဆိုင်နေရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အထက်ပါဖြစ်ရပ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အာဏာအလွဲသုံးစားလုပ်မှုနဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေကို ထပ်မံထင်ရှားစေခဲ့ပါတယ်။ #aamij #Mandalay #fyp #fypage
AAMIJ News
Region: TH
Saturday 06 September 2025 12:04:53 GMT
Music
Download
Comments
lu soe :
တပ်က မဟုတ်ပါဘူး သာမန်အရပ်သားပါ .. အမှုဖွင့်ပြီးပီလို့ သိရပါတယ် ..
2025-09-06 14:32:13
277
BI QING🍂🍁 :
ကိုယ်တွေက နယ်မှာစစ်တပ်နဲ့ရင်းရင်းနှီးနှီးနေဖူးတော့သိတယ် အပြောအဆို ကိုယ်ဟန်အမူအရာဆံပင်ကေတွေကအစကြည့်တာနဲ့သိသာတယ်တကယ်စစ်သားရုပ်ကြီးပါ PDFလုံးဝမဖစ်နိုင်ပါဘူး
2025-09-06 14:14:46
60
Aung Thu :
ရှေ့မှာ videoတစ်ပုဒ် ရှိလောက်တယ် သူ့ကြမ်းတာပဲပြ ၀န်ထမ်း ပြောတာတွေမပါ
2025-09-06 14:06:16
17
❦ 𝘙𝘺𝘶𝘔𝘢 ⁂ :
အခန်းထဲထည့်ပီးလက်သည်ဖျောက်လိုက်ပီးနေတာကို
2025-09-06 14:24:27
113
DR NYOKE OFFICIAL :
ငါ့ဆိုင်အဲ့လိုလာခဲ့ပါလားလို့😎
2025-09-06 14:23:13
14
ViToO :
အရာရှိတစ်ယောက်ကဆံပင်အဲ့လိုထားလို့လား
2025-09-06 14:35:58
48
Kyaw Htet :
တ/427460လား အခြားဆင့်ပါဗျာ အရာရှိမဟုတ်ပါဘူး စစ်မှုထမ်းသက် ၁၄/၁၅နှစ်လောက်ရှိမှာပါ
2025-09-06 16:13:56
6
ko Hlwan moe :
စစ်တပ်ကအဲ့လိုပြောမနေဘူး တိုင်းပြည်ကာကွယ်နေတာ
2025-09-06 15:24:03
2
Yustisha :
ဘာကိစ္စနဲ့သူကအဲ့လိုတွေပြောနေတာလဲ
အကြောင်းရင်းတင်ပေးပါ
2025-09-06 13:33:26
30
လကျ်ာငမိုး 🇲🇲🇲🇲🇲🇲🇲🇲 :
ဒီပုံစံ ဒီလိုပြေားဆိုပုံက စစ်တပ်ကမဟုတ်ဘူး
2025-09-06 15:05:27
16
ထွန်းတောက်ကြယ် :
တပ်ကမဟုက်လောက်ပါဘူး
2025-09-06 16:12:49
0
Pahtan Pahtan :
ဒါတောင် အပြည့်အဝ အုပ်ချူပ်ခွင့်မရသေးဘူး
2025-09-06 13:48:32
723
meemee1991 :
ဆံပင်ကြည့်လေ 😂😂😂စ
2025-09-06 14:10:07
9
user8469538282201 :
တပ်သိပ်ခါကြတယ်
2025-09-06 14:00:13
13
ဇော် ကန့် လန့် :
အရာရှိပါဆိုတာကို ဘာကိုကြည့်ပြီးယုံကြည်ကြတာလဲ
2025-09-06 14:16:28
36
user4122009023489UUKo Kyar Nu :
နီးစပ်ရာတပ်ထိန်းခေါ်လိုက်ရမှာ
2025-09-06 14:27:14
3
Shwe Phyo566 :
ခဗျာတို့ပဲစဉ်းစားကြည့်DSA ေကျာင်းပြီးတဲ့ စစ်အရာရှိတစ်ယောက် ဖြစ်နိုင်မလား🫠
2025-09-06 19:51:18
0
Sai Aung Ye Tun(Official Acc) :
အေးဆေးနေတဲ့ငါတို့အရာရှိတွေနာမည်ကပျက်စိတ်ညစ်ပကွာ
2025-09-06 14:50:50
4
ထိုင်းရောက်🇹🇭🇲🇲ဘိတ်သားလေး :
2025-09-06 14:33:23
102
Ei Phyo :
စစ်တပ်အရာရှိပါလို့ ဘာကိုကြည့်ပီးလက်ခံရမှာလဲ
2025-09-06 14:06:46
44
yoomlay :
ငါလဲသွားပြီကိုယ်ပိုက်နံပါတ်လျောက်ပြောပြီအရာရှိလို့ပြောကြည့်အုံးမယ်ယုံကျမယ်ထင်တယ်ဘယ်သူဖြစ်ဖြစ်😄
2025-09-06 16:19:34
3
Win :
လုပ်ဇတ်မဟုတ်ဘူးနော်လက်တွေ့ဘဲတာဝန်ရှိသူတွေဘယ်ရောက်နေကြလဲဗျာ
2025-09-06 15:26:48
0
htetAung :
အရာရှိတယောက်လုပ်ရပ်မဟုတ်ပါ၊သာမန်လူဖြစ်ဖို့များတယ်၊
2025-09-06 14:41:10
3
phyo Khant kyaw Tatoo :
ကောင်မတွေကဆူတာ ဘာမှသဲသဲကွဲကွဲမကြားရဘူး
2025-09-06 14:24:19
6
To see more videos from user @aamij.burma, please go to the Tikwm
homepage.