@littleforest.mm: မှိန်ပျပျ မီးရောင်အောက်..... ---------------------------------- အိမ့် - ဆိုသော စာအုပ်အငှားဆိုင်ကလေးသည် တိတ်ဆိတ်သော နေ့လယ်ခင်းတစ်ခုတွင် အခါတိုင်းကဲ့သို့ပင် ငြိမ်ငြိမ်သက်သက်ကလေး ရှိနေလေသည်။ ဆိုင်မျက်နှာစာရှိ မန်ကျည်းခက်စိမ်းစိမ်းကလေးများသည် လေပြည်ကလေး နော့လိုက်သည့်အခါတိုင်း ဖျိုးဖျိုးဖျပ်ဖျပ် ဖြစ်ဖြစ်သွားကြသည်။ သို့သော် သစ်သားခုံတန်းကလေးကတော့ ဆိုင်အဝင်ပေါက်နံဘေးမှာ ဆိုင်ကလေးနည်းတူ ငြိမ်သက် တိတ်ဆိတ်နေလေသည်။ ဆိုင်ကလေးထဲရှိ စာအုပ်ကလေးများသည်လည်း စင်ကလေးများပေါ်တွင် ထိုနည်းအတူပင်။ တိတ်ဆိတ်ငြိမ်သက်ခြင်းကို သူတို့ ပိုင်ပိုင်ကြီး ယူထားကြ​သည်များလား....? "အစ်မက ဒီစာအုပ်အငှားဆိုင်ကလေးကို ကိုယ့်အိမ်မှာကိုယ် ဖွင့်ထားလို့သာပဲပေါ့" စာအုပ်ဆိုင်ပိုင်ရှင် အစ်မရဲ့ စကားသံအချို့က...... စာအုပ်တွေ ဟိုသည်လှန်လှော ကြည့်ရှုနေသည့် ကျွန်တော့်နားထဲသို့ အတားအဆီးမရှိ ဝင်ရောက်လာကြသည်။ "အရင်လို...မှ မဟုတ်တော့တာလေ...." ထို...စကားလုံးများသည် ကျွန်တော့် နှလုံးသားထိ တိုင်အောင် စီးဆင်း ယိုကျလာကြသည်။ အရင်တုန်းက....ကလေး၊လူငယ်၊လူရွယ်၊လူကြီး......အားလုံး စာအုပ်တွေကို မက်မက်မောမော နှစ်နှစ်ခြိုက်ခြိုက် ရှိခဲ့ကြဖူးသည်။ စွဲလမ်း...ခဲ့ကြဖူးသည်။ အခုတော့ နည်းပညာတွေ၊ အင်တာနက်တွေ..... အစားထိုး လာခဲ့ကြပြီမို့ စာအုပ်အငှားဆိုင်ကလေးများသည် နွေရာသီရဲ့ ရွက်ဝါများကဲ့သို့ လူလူလွင့်လွင့် ကြွေဆင်းသွားကြရသည်။ နောက်ကို ဆုတ်ပေး လိုက်ကြရသည်။ သို့ပေသိ.....အိမ့် ဆိုသည့် စာအုပ်အငှားဆိုင်ကလေးကတော့ ကျွန်တော်တို့မန္တလေးမြို့ကြီးရဲ့ နေရာတစ်နေရာမှာ ကြံ့ကြံ့ခံ ရပ်တည် ရှေ့ဆက်နေဆဲ.....။ ယခုလိုမျိုး လက်ကိုင်ဖုန်းတွေ ပလူပျံနေချိန်မျိုးမှာ တော်ရုံ ချစ်စိတ် ရှိရုံလောက်နှင့် ဘယ်မှာ ရှေ့ဆက်လို့ရမည်လဲ။ စာအုပ်ဆိုင်ကလေးအတွင်းရှိ နွမ်းလျော်ပြယ်လွင့်နေသော စာအုပ်အဟောင်းကလေးများကို ဖုန်ကလေးတွေ ခါထုတ်ပြီး ကျွန်တော် လှန်လှော ကြည့်နေမိသည်။ လွမ်း.....ရသည်။ စာအုပ်ကလေးများသာ စကားပြောတတ်ပါလျှင် ကျွန်တော့်ကို သူတို့ရဲ့ လက်မလည်အောင် အငှားသွက်ခဲ့သည့် ရွှေရောင်နေ့ရက်များအကြောင်းကို ပြော​ပြ ချင်နေကြမှာ အသေချာပင်....။ အခုတော့ စာအုပ်ကလေးများသည် ခပ်မဆိတ်....... တိတ်တဆိတ်....... ~ littleforest ~ #bookrental #nostalgia #longtimeago #bookslover #childhoodmemories

littleforest
littleforest
Open In TikTok:
Region: MM
Friday 19 September 2025 14:10:13 GMT
23082
2680
614
114

Music

Download

Comments

cherry_m17
Cherry May :
လွမ်းရပါ သော
2025-11-15 03:24:17
1
win.maw.maw.lwin
Win Maw Maw Lwin :
လာချင်နေပြီနော်🥰🥰🥰
2025-11-15 01:54:29
1
aung.kyaw.oo079
Aung Kyaw Oo :
လွမ်းမိတာပေါ့ အချိန်တွေကို အခုခတ်နဲ့ ကျန်ခဲ့တဲ့ခတ် ဘယ်သူတွေက ဒီလို အတိတ်တွေကို သတိရမိလဲလို့ မမေးပါနဲ့ဗျာ,😥😥😥😥😥
2025-11-14 15:30:16
1
userlinlinn54321
Linnlinn :
လွမ်း😌
2025-11-14 08:20:42
2
user4867179045804
သူကြီးသား ဖိုးစီ :
(ဓူဝံ) စာအုပ်ဆိုင် ဖွင့်ခဲ့ဘူးသူတောက်အတွက်တော့ အမှတ်တရတွေ အများကြီးပဲ လွမ်းရပီပေါ့
2025-11-14 14:34:01
1
smm5928
SMM :
လွမ်းမိတယ်စာအုပ်ဆိုင်လေးတွေကို
2025-11-13 06:38:38
3
tin.mg.khaing.1
Tin Mg Khaing 1 :
1990 မင်းသိင်္ခစာအုပ် ငှားဖတ်ခဈေးကတခြားစာအုပ်ထက်ပိုပေးရတယ် ၂ ကျပ်
2025-11-13 03:04:33
2
abccdow
pike :
ခုထိဖွင့်သလား
2025-11-12 16:43:04
2
user284337374699
Zay yar :
ဖယောင်းတိုင်ထွန်းပြီးကာတွန့်ဖတ်ခဲ့ရတဲ့ငယ်ဘဝကိုသတိရမိပါတယ်
2025-11-13 04:54:14
4
myat.noe2359
MMW :
ငါတို့က စာအုပ် ပြန်မပေးလို့ ဆိုင်ရှင်ကအိမ်အထိလိုက်လာရတဲ့ အဖွဲ့က 😂 တာယာပွကြီး၊ တွတ်ပီ၊စိုင်းလားရှိုး၊နန်းဦး၊ မှတ်မိတာလေးပဲ ကာတွန်းတွေအများကြီးရှိသေးတယ် 😃
2025-11-13 03:13:29
1
theingi3543
theingi3543 :
အသက40ရှိပြီ၊ကုန်လွန်သွားတဲ့25နှစ်ကိုပြန်ရချင်မိတာမမှားဘူးလို့ထင်တယ်၊တန်ဖိုးရှိခဲ့တဲ့နေ့တွေမို့😢😢😢😢😢
2025-11-13 02:16:07
8
mc.yeyint2001
🎌မိုက်ကီ🎌 :
၅၀၀/၃၀၀ ဆို နောက်တော်တော်ရောက်တယ် ၅ဝါး ၇၅ါး ၁ ကျပ်
2025-11-13 15:16:01
1
mutu2698
mutu :
ငယ်ဘဝက.. အသစ်ထွက်တဲ့စာအုပ်ကလေးကို. အလှည်ကျ စောင့်ငှားဖတ်ရတဲ့အချိန်တွေကို လွမ်းမောမိတယ်ဗျာ...🥰🥰🥰
2025-11-14 02:16:34
1
bomoebattion
ဗိုလ်တထောင်ငမိုး :
လွမ်း❤
2025-11-13 02:07:48
1
wy.19873
WY 1987 :
သိုင်းဝတ္ထု တွေအတွဲလိုက်ဖတ်ပြီး သိုငိးရူးရူးခဲ့တဲ့အချိန်တွေကို လွမ်းမိပါရဲ့ဗျာ
2025-11-12 19:23:38
2
ashindemoeoo
ashin Demoeoo :
လွမ်းစရာ့ အချိန်လေးတွေ
2025-11-13 16:42:06
1
ko.ko.kyaw0584
Ko Ko Kyaw :
ဆရာမင်းလူကို အကြိုက်ဆံုးပဲ
2025-11-14 08:01:46
1
ba.gyi.nyein007
Ba Gyi Nyein :
ဒီလိုဆိုင်လေး ရှိ နေသေးတာ တကယ့်ကို ကျေးဇူးတင်ပါတယ်...
2025-11-13 03:00:11
1
mamap3386
Ma Ma :
အရင်အချိန်လေးတွေသတိရမိတယ်🥰🥰🥰
2025-11-14 03:39:29
1
wai.lwin887
wai lwin :
ငယ်ငယ်ကဝတ္ထုခိုးဖတ်ရတဲ့အရသာလေးခုထိသတိရသေးတယ်
2025-11-13 03:44:41
1
gtoe17
Gtoe :
ဪ အတိတ် အတိတ် လွမ်းစရာတွေကြည်ပါလား🥺🥺🥺
2025-11-13 15:53:37
1
uohnlwin4
U Ohn Lwin :
စာအုပ်ဆိုင်ဖွင့်ခဲ့သူဆိုတော့ အားလုံးထက်ပိုလွမ်းရပါတယ် ထပ်ဝယ်တဲ့ စာအုပ်တွေအများကြီးနဲ့ တယောက်တည်းဖတ်နေတယ် ရန်ကုန် လှိုင်မြို့နယ်ကပါ
2025-09-20 15:41:25
12
thantzinnyein63
Thant Zin Nyein :
အတိတ်ကို ပြန်လည်သတိရ🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2025-11-13 06:42:03
1
hnin.aye397
Hnin Aye :
လွမ်းတယ် စာအုပ်များစွာ လွမ်းစရာ
2025-11-13 13:32:52
1
user5319634379719
A Pyone Lay :
စာတေဖတ်ချင်လိုက်တာရှင်
2025-11-13 07:39:17
1
To see more videos from user @littleforest.mm, please go to the Tikwm homepage.

Other Videos


About