@rri_banjarmasin: Udah siap menuju babak final? Dengarkan siaran RRI Banjarmasin melalui RRI Digital. Dapatkan berita terkini di rri.co.id dan download aplikasi RRI News di App Store & Google Play. #radiorepublikindonesia #rrinews #rridigital #kalimantanselatan #banjarmasin #rribanjarmasin #habarbanua #bintangradioindonesia2025 #bintangradioindonesia

RRI Banjarmasin
RRI Banjarmasin
Open In TikTok:
Region: ID
Tuesday 23 September 2025 03:20:15 GMT
115
7
1
0

Music

Download

Comments

siapkawal_2
KAMARUDDIN :
👍👍👍
2025-09-23 23:54:43
0
To see more videos from user @rri_banjarmasin, please go to the Tikwm homepage.

Other Videos

✍
✍"စေတနာ သုံးတန် နှင့် ညီညွတ်သော အလှူဒါနတို့သည် အနာရောဂါကင်း၍ အသက်ရှည်ခြင်း ၊လုံ့လပြု အားထုတ်သမျှ အကျိုး အမှန်ရရြှိခင်း ၊ ကူညီသူများပြားပြီး စည်းစိမ်ဥစ္စာတိုးပွားခြင်း ၊ရန်ဟူသမျှ ပြေငြိမ်းအေးချမ်းရခြင်း ၊ ဂုဏ်သတင်းကောင်း ကျော်စောပျံ့ နှံ့ခြင်း စသည့်ကောင်းမြတ်သော အကျိုးတို့နှင့် ပြည့်စုံကြောင်း ဓမ္မပါလ ဇာတ်တော်၌ လာရှိပါသည် ။ စေတနာသုံးတန်ဆိုသည်မှာ - ၁။ ပုဗ္ဗ စေတနာ ၂။ မုဉ္စ စေတနာ ၃။ အပရ စေတနာ တို့ဖြစ်သည် ။ ၁ ။ ' ပုဗ္ဗ စေတနာ 'ရှေးဦးပထမ အလှူတစ်ခုပြုလုပ်ရန် ရည်သန်၍ ပစ္စည်းရှာဖွေ စုဆောင်းစီမံ ဆောင်ရွက်နေသည့်အခိုက်မကျေနပ်သော ဒေါသစိတ် ၊ တွန့်တိုသော စိတ် ၊ စသည့် ညစ်ညူးနောက်ကျိသော အကုသိုလ်စိတ်တို့မဖြစ်ရလေအောင် သတိဖြင့် စောင့်ထိန်းလျက် လှူဖွယ် အရပ်ရပ်ကို ပျော်ရွှင် ဝမ်းမြောက်စွာ စီစဉ်ခြင်း၊တက်ကြွရွှင်လန်းစွာ စီမံဆောင်ရွက်ခြင်းများသည် ' ပုဗ္ဗ စေတနာ ' အတွက် ပြည့်စုံပေသည် ။ အလှူဒါန မပြုလုပ်မီ တွန့်တိုသည့် အဟန့်အတား၊ အကုသိုလ်စိတ်တို့ ဖြစ်ပေါ်ပါက ၊ ခြေလက်အဂါင် ချို့တဲ့ခြင်း၊နိမ့်ကျသော အမျိုး၌ ဖြစ်ရခြင်း ၊ တန်းခိုးအာဏာ အရှိန်အဝါ သေးနုတ်ခြင်း ၊ ကြံစည်သမျှ ပျက်စီးခြင်း ၊မိမိပြုသမျှ မည်သူမျှ အကောင်းမမြင်ခြင်း စသော မကောင်းကျိုးများ ဖြစ်တတ်သည် ။ ၂ ။ ' မုဉ္စ စေတနာ 'လှူဖွယ်ပစ္စည်းတို့ကို လှူဒါန်းနေစဉ် အခိုက်၌ ပစ္စည်းပေါ်တွယ်တာသော တဏှာလောဘစိတ် မဖြစ်စေဘဲအလှူခံပုဂ္ဂိုလ်အား သံသယစိတ် မရှိစေရပါ ၊ အကုသိုလ်စိတ်များကင်းရှင်းစွာဖြင့် လောကီအကျိုးတစ်စုံတစ်ရာကိုမျှ မမျှော်လင့်ဘဲ အနှစ်သာရရှိသော ကုသိုလ်ရရှိပြီဟု စိတ်ကြည်လင်ရွှင်ပျ ဖြစ်နေသောကုသိုလ်စေတနာသည် ' မုဉ္စ စေတနာ ' နှင့်ပြည့်စုံပေသည် ။ အလှူဒါန ပြုဆဲကာလတွင် လောဘစိတ် ၊ တွန့်တိုစိတ် ၊ သံသယစိတ် ၊ စသည့် အဟန့်အတား အကုသိုလ်စိတ်တို့ ဖြစ်ပေါ်ပါက မိမိကြိုးစား လုပ်ကိုင်သမျှ မအောင်မြင်ခြင်း ၊ အခြံအရံ နည်ပါးပြီး လူချစ်လူခင် နည်းခြင်း၊ရန်သူမျိုးငါးပါးကြောင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးရခြင်း ၊ ပညာသင်ယူရာ၌ မရနိုင်ဘဲ ဉာဏ်ထိုင်းမှိုင်းခြင်း ၊ကျန်းမာရေး ချို့တဲ့ခြင်း စသည့် မကောင်းကျိုးတို့ ဖြစ်စေသည် ။ ၃ ။ ' အပရ စေတနာ 'အလှူဒါနပြုပြီးသောအခါ၌ ' မြတ်စွာဘုရားရှင်နှင့် တကွ သူတော်စင် သူတော်ကောင်းတို့ ပြုလေ့ရှိသောမွန်မြတ်သည့် ဒါန ၊ မြတ်စွာဘုရားရှင် နှင့် သူတော်ကောင်းတို့ဧ။် ချီးမွမ်းအပ်သော အလှူဒါန တို့ကိုအောင်မြင်စွာ ပြီးမြောက်ပေပြီ ၊ နိဗ္ဗာန်အကျိုး ရရှိရန် အထောက်အပံ့ကောင်းကို ရပေပြီ၊ ကောင်းလေစွ'ဟူ၍ ဝမ်းမြောက် ဝမ်းသာ ကြည်လင် ရွှင်ပျနေခြင်းသည် ' အပရ စေတနာ ' မည်ပေသည် ။ အလှူဒါန ပေးလှူပြီးနောက် တွန့်တိုသောစိတ် ဖြစ်ပေါ်ခြင်း ၊ စိတ်မချမ်းသာ ပူပန်သောက ဖြစ်ခြင်း ၊' မှားလေစွ ' ဟု နောင်တစိတ်ဖြင့် သုံးသပ်ခြင်းများဖြစ်ခဲ့သော် မိမိပိုင်ဆိုင်ထားသော စည်းစိမ် ဥစ္စာ ၊ပစ္စည်း အသုံး အဆောင်များကို ခံစား စံစား လိုသောစိတ်ပင် မဖြစ်ပေါ်တော့ပေ ၊ ရရှိထားသောစည်းစိမ်ဥစ္စာများ ရုတ်တရက် ဆုတ်ယုတ် ပျက်စီးခြင်း ၊ အိုမင်းသည့်အခါ ဆင်းရဲဒုက္ခ အမျိုးမျိုးကိုကြုံတွေ့ရခြင်း ၊ သေလွန်ပြီးနောက် သူများ ဥစ္စာကို စောင့်ကြပ်ရသော ပြိတ္တာ ဖြစ်ရခြင်း ၊ စသည့်မကောင်းသော ဆိုးကျိုးများ ရရှိခံစားရတတ်သည် ။ "✍ #သီတဂူဒေါက်တာအရှင်ဣန္ဒာစရိယ #ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည် #CreatorSearchInsight2025 #Viral #1000MilionViews1000MilionLikes@အသျှင်ပညာဇောတ ❝Official❞ @အသျှင်ပညာဇောတ ❝Official❞ @အသျှင်ပညာဇောတ ❝Official❞

About