@zinmonhtikefitoverforty: မင်္ဂလာပါ 40+ တို့ 💁🏼♀️အချိန်ကြာကြာထိုင်နေတာ၊ လေ့ကျင့်ခန်း ပုံမှန် မလုပ်ဖြစ်တာ၊ နေ့စဉ် ကိုယ်နေဟန်ထား မမှန်တာတွေနဲ့ ကိုယ်ဝန်ဆောင်ပြီးတဲ့ အမျိုးသမီးတွေမှာ (Inner thigh tightness )ပေါင်အတွင်းဘက် တင်းမာတာနေတာတွေ ခံစားရနိုင်ပါတယ်။ ဒါဟာ ပုံမှန်လိုဖြစ်နေပေမဲ့ ဒီအတိုင်းထားမယ်ဆိုရင် ခါးနာတာ၊ ဒူးနာတာနဲ့ တခြားအဆစ်အမြစ်တွေကို နာကျင်စေနိုင်တယ်။ ဒါကြောင့် အတွင်းပေါင်သားကို ဖြေလျှော့ပြီး တကိုယ်လုံးရဲ့ ကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေနိုင်မယ့် လေ့ကျင့်ခန်း ၃ ခုကို မျှဝေပေးလိုက်ပါတယ်။ 1️⃣Butterfly Stretch 2️⃣Lying Side Opener 3️⃣Frog Stretch 💁🏼♀️အများစုက မသိသေးတဲ့အချက်က inner thigh ကို ဖြေလျော့တာဟာ pelvic area ကို balance ပြန်ရစေတယ် ဆိုတာပါ။ ဒီလေ့ကျင့်ခန်းလေးတွေကို တပတ် ၃-ကြိမ်လောက် ပြုလုပ်ပေးသွားမယ်ဆိုရင် တခြား joint pain တွေကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်တယ်။ 📣ဒီလေ့ကျင့်ခန်း ၃ ခုထဲက ဘယ်လေ့ကျင့်ခန်းကို လုပ်ရတာ အကြိုက်ဆုံးလဲ? သင့်ရဲ့အတွေ့အကြုံကို ဝေမျှခဲ့ပါဦး! 💬သိချင်တာတွေရှိရင်လည်း ကွန်မန့်မှာ မေးခဲ့နိုင်ပါတယ်🙌 #စိတ်နဲ့ခန္ဓာဟန်ချက်ညီကျန်းမာစေရမည်FitOverForty #FitOverForty #WomenHealth #Pelvic #ReBalance40plus
Zin Mon Htike( Fit Over Forty)
Region: JP
Tuesday 23 September 2025 07:16:01 GMT
Music
Download
Comments
ဘဝ သစ် :
ဟုတ်ကဲ့ အမြဲလုပဖြစ်ပါတယ်ရှင့်
2025-09-30 06:01:48
1
ဘဝ သစ် :
🥰🥰
2025-09-30 06:01:54
1
Khin Mar Cho :
💞💞💞
2025-09-23 10:18:55
1
To see more videos from user @zinmonhtikefitoverforty, please go to the Tikwm
homepage.