@kelvin.chris02: ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ ယာဉ်သွားလမ်းမကြီးပေါ်တွင် ပေ ၁၆၀ ကျော်နက်သော မြေတွင်းကြီးဖြစ်ပြီး ပြိုကျသွား ရန်ကုန်၊ စက်တင်ဘာ ၂၄ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ Vajira ဆေးရုံ အထပ်မြင့်တိုက်တာများအကြား ယာဉ်သွားလမ်းမကြီးပေါ်တွင် ပေ ၁၆၀ ကျော် နက်သော မြေပြိုမှု ဖြစ်ပွားပြီး မြေတွင်းကြီး ဖြစ်ပေါ်သွားကြောင်း ထိုင်းမှ လာသော သတင်းများအရ သိရှိရသည်။ ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၁၃ မိနစ်အချိန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ Vajira ဆေးရုံရှေ့တွင် မီတာ ၅၀ ဝန်းကျင် (ပေအားဖြင့် ၁၆၄ ပေ ) အနက်ရှိသည့် မြေတွင်းကြီးအဖြစ် မြေပြိုကျမှုဖြစ်ပွားကြောင်း၊ လတ်တလော ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ မြေများ ဆက်လက်ပြိုကျနေဆဲဖြစ်ကြောင်း ၊ ထိုင်းအာဏာပိုင်များက မြေပြိုရာ နေရာဝန်းကျင်ရှိ လမ်းများအားလုံးကို ယာယီပိတ်ပင်ထားလိုက်ကြောင်း သိရှိရသည်။ အဆိုပါ မြေပြိုသောနေရာသည် Samsen ရဲစခန်းရှေ့နှင့် Vajira ဆေးရုံရှေ့တွင် ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မြေကြီးများ တအိအိကျွံ့ဝင်နေဆဲဖြစ်သည်ဟု ထိုင်းပြည်သူများက ဓာတ်ပုံ၊ ဗီဒီယိုများနှင့်တကွ လူမှုကွန်ရက်တွင် မျှဝေထားသည်။#thailandnews #bangkok #သာလီစွပါ

Kelvin Chris
Kelvin Chris
Open In TikTok:
Region: TH
Wednesday 24 September 2025 02:32:17 GMT
2222
40
3
13

Music

Download

Comments

alexmarco137
Alex :
😳😳😳
2025-09-24 16:19:56
0
maysoe380
MAYSOE🌻🍑🍒🍑🌈🌈 :
ကြောက်စရာကြီးပေးနော်
2025-09-24 02:56:20
1
To see more videos from user @kelvin.chris02, please go to the Tikwm homepage.

Other Videos


About