@wetletmyo: ✅⭐ အင်ကြင်းကို ………ဆင်နင်းလိမ့်မယ် ဝက်လက်မြို့နယ်ဆိုတာ ၊စာတတ်ပေတတ် အကျော်အမော်တွေ အလွန်တရာမှပေါများလှ ပါတယ်၊ အဲဒီဝက်လက်မြို့နယ်ထဲမှာပဲ အင်ကြင်းပင် ရွာ*ဆိုတာ ရှိပါတယ်၊ အင်ကြင်းပင်ရွာက တိပိဋကစာမေးပွဲသမိုင်းမှာ ယနေ့ အချိန်ထိ အသက်အငယ်ဆုံးစံချိန်နဲ့ တိပိဋက သုံးပုံကို အာဂုံရေး/ဖြေပြီးစီးအောင်မြင်ခဲ့တဲ့ တိပိဋကမဟာဂန္ဓာရုံပဓာနနာယကဆရာတော် ဦးသုမင်္ဂလာလင်္ကာရ၏ မွေးရပ်ဇာတိမြေပါ။ ဆရာတော်ဦးသုမင်္ဂလ တိပိဋကသုံးပုံအောင်ပြီး ချိန်က သက်တော်၂၇-နှစ်အရွယ်ပဲရှိသေးတယ်၊ အဲဒီစံချိန်ကို နောင်တရာတိုင် စံချိန်ချိုးနိုင်မည့် အရှင်မြတ်ပေါ်လာဖို့ရန်ဆိုတာမဖြစ်နိုင်တော့ပါ။ မှန်ပါတယ်၊ ၂၇-နှစ်အရွယ်ဆိုတာ စာသင်သား အများစုမှာက စာချတန်း ဓမ္မာစရိယစာမေးပွဲ တွေမှာပဲ . ရုန်းကန်နေကြရတဲ့ အသက်အရွယ် ဖြစ်နေလို့ ဒီလိုယူဆသုံးသပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် တကယ့်ကို ချီုးကျူးပူဇော်ထိုက်ပါ ပေစွ၊ ဝက်လက်မြို့နယ်ရဲ့ မီးရှူးတန်းဆောင်ဖြစ်တယ်။ ဆရာတော်ဦးသုမင်္ဂလကြောင့် အင်ကြင်းပင်ရွာ လေး ကျော်ကြား,ထင်ရှား လျှမ်းလျှမ်းတောက် နေချိန်မှာပဲ တဘောင်တခု ပေါ်လာပြန်ပါတယ်၊ “အင်ကြင်းကို ဆင်နင်းလိမ့်မယ်*ဆိုပြီးတော့ပေါ့။ ဒီတဘောင်ထဲက အတိုင်းပါပဲ ဝက်လက်မြို့နယ်တဝိုက် ပရိယတ္တိပညာရေးနယ်ပယ်မှာ ပညာရေးဆိုင်ရာ ဘွဲ့အားလုံးတို့ကို သိမ်းကျုံးယူဆောင်သွားနိုင်ခဲ့ သော ဆရာတော်ဦးအဘိဇာတာလင်္ကာရာဘိဝံသ ပေါ်ထွတ်လာခဲ့ပါတယ်၊ ဦးအဘိဇာတ၏ရွာက အင်ကြင်းပင်ရွာအနီးက ဆင်နင်းရွာ ဖြစ်ပါတယ်။ ဒီလို တဘောင်က ပေါ်ထွက်လာတယ်ဆိုပေမယ့် ဆရာတော်အဘိဇာတကတော့ အဲဒီလို မခံယူတဲ့ အကြောင်း စာရေးသူကို ပြောပြပါတယ်၊ အရှင် မြတ်က ဆရာတော်ဦးသုမင်္ဂလကို လေးစားကာ စံ-ထားကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။ ဆရာတော် ဘာကြောင့် ဘွဲ့အများကြီးရတာလဲ? စာရေးသူဘဝမှာ ဂုဏ်ယူစရာကောင်းတဲ့နေ့ရက် တစ်နေ့ ရှိခဲ့ပါတယ်၊ အဲဒါက ထူးချွန်,ထက်မြတ် သော ဒွါဒသမတိပိဋကဆရာတော်ဦးအဘိဇာတာ လင်္ကာရာဘိဝံသ(ဓမ္မဘဏ္ဍာဂါရိက)ဆရာတော်နဲ့ ဆုံတွေ့ခွင့်ရခဲ့တာဖြစ်ပါတယ်၊ခုချိန်ထိ ကျေနပ် ဂုဏ်ယူလို့ မဆုံးဘူး။ ဒေါ်ဥမ္မာလွင်ကို ကျေးဇူး တင်နေမိပါတယ်။ စာရေးသူ ဆရာတော်နဲ့ဆုံတွေ့ချိန်မှာ ဆရာတော် ဆီ ဓမ္မဘဏ္ဍာဂါရိကဘွဲ့ရတဲ့အကြောင်း ဖုန်းဝင် လာပါတယ်။ဆရာတော်က ဖုန်းပြောပြီးတဲ့အခါ စာရေးသူဖက်သို့ ..လှည့်ပြီး"တပည့်တော်တို့ကို ဓမ္မဘဏ္ဍာဂါရိက* ဘွဲ့ရလို့ဆိုပြီး ဒကာမတွေက လှမ်းဆက်ကြတာ၊ တပည့်တော် ဝမ်းမသဘူး၊ စာမေးပွဲတိုက်ရိုက်အောင်လို့ ရတာမဟုတ်လို့တဲ့။ ဒါနဲ့ ဟိုစပ်စု,ဒီစပ်စုရတာဝါသနာပါတဲ့ စာရေးသူ က စာမေးပွဲဂေဇာတ်တွေမှာ ဆရာတော်တိပိဋက အောင်ပြီးလည်း ခဏခဏတွေ့နေရတာ ဆိုတော့ “ဆရာတော်! ….တိပိဋကအောင်အပြီးမှာလည်းပဲ စာမေးပွဲတွေ ဘာကြောင့်ဆက်ဖြေတာလဲဘုရား?- "ဘာရယ်လို့ …မဟုတ်ပါဘူးကွာ၊စာမေးပွဲရှိတော့ စိတ်မလေတော့ဘဲ စာကြည့်ဖြစ်အောင်လို့ပါ’တဲ့၊ “ဪ ဒါကြောင့် .သာသနာမှာ ဆရာတော်သည် ၄၇- ဘွဲ့ဖြင့် စံချိန်တင်နိုင်ခဲ့တာကိုး"ဟု သဘော ပေါက်လိုက်ပါတယ်၊စာရေးသူ အဲဒီကတည်းက သန္နိဋ္ဌာန်တခုကို ချလိုက်ပါတယ်။ဆရာတော်ကို စံနမူနာထားပြီး မနားတမ်းဆက်ဖြေမယ်’ဟုပေါ့။ (ပညာစက်ဝန်း) ၈:၂၀
🌟🕊️Bhone Nyan🕊️🌟
Region: MM
Saturday 27 September 2025 14:37:45 GMT
Music
Download
Comments
သင်းကွဲငှက် :
သံစဥ်တီးလုံး နာမည်လေး မျှဝေပေးပါလို့ မေတ္တာရပ်ခံပါတယ်
2025-11-19 14:48:07
0
Aye Aye Thant Shein :
၇-၂-၂၀၂၂ နေ့မှာဘဝနတ်ထံစံမြန်းသွားပါသော ကျေးဇူးတော်ရှင်
စစ်ကိုင်းတိပိဋက ဆရာတော်ဘုရား🙏🙏🙏😭😭😭💔💔💔ယနေ့တိုင်မမေ့နိုင်သေးပါဘုရား။တပည့်တော်အပြင်မှာလဲမဖူးမြင်ဘူးခဲ့ပါဘုရား။ အရှင်ဘုရားရဲ့တရားတော်များကိုအမြဲတမ်းလိုင်ပေါ်မှနာယူခဲ့ရလို့တရားအသိတွေတိုးခဲ့ရပါတယ်ဘုရား။ကျေးဇူးများလှပါတယ်ဘုရား။ဆရာတော်ပျံလွန်သည်မှစ၍ယ နေ့တိုင်နေ့စဥ်မပျက်ဘုရားရှိခိုးတိုင်းအမျှဝေလျက်ပါဘုရား။အပြင်မှာတစ်နေ့အရောက်သွားဖူးမယ်ဆိုတဲ့စိတ်ကူးလေးတော့မပြည့်ခဲ့ရပါဘုရား။
တရားရေအေးအမြိုက်ဆေးတိုက်ကျွေးခဲ့သောကျေးဇူးရှင်ဆရာတော်ခြေအစုံကိုစိတ်မှရည်မှန်းဦးခိုက်လျက်ပါအရှင်ဘုရား🙏🙏🙏😥😥😥💔💔💔
2025-09-30 09:31:06
16
user2568054968107 :
သာဓုသာဓုသာဓုပါဘုရား
2025-09-28 08:22:54
1
Daw Than Than Win :
ဘုန်းဘုန်းလွန်တော်မူတာသိလိုက်တယ်သာသနာအတွက်အရမ်းဝမ်းနည်းစရာ😥😥😥😥😥
2025-11-15 04:27:54
0
lin lat thu :
အဘိုးတန်အမြန်ရတနာအရှင်သူမြတ်ကြီးများကိုအစဥ်ထာဝရဦးတင်ပါ၏
2025-11-12 07:55:54
0
မိုင်လုဆွေ :
အင်မတန်ကိုမိမိကိုယ်ကိုနိမ့်ချတတ်သောဆရာတော်ပါ
ဈာပနပွဲသို့သွားးရောက်ကန်တော့ခဲ့ပါတယ်ဘုရားး
2025-11-07 18:04:03
0
Daw Kyi pyar :
@ဂွတ်
2025-09-28 02:39:07
0
Aung Ko Latt :
နှမျှောတသ ရပါတယ်ဘုရား🙏🙏🙏
2025-10-01 05:52:35
1
Beautifulhla :
ကျေးဇူးရှင်ဆရာတော်ဘုရားအားသတိယလွမ်းပါဘိဘုရား
2025-11-15 10:23:50
1
Aye Aye Mon :
ဦးတင်ပါ၏ဘုရား
2025-09-30 08:31:44
0
Aye Min :
ဗုဒ္ဓဘာသာအတွက်ကောသာသနာအတွက်ပါကြီးမားတဲ့ဆုံးရှံးမှုပါကောင်းတဲ့ဘုံဘဝမှစံမြန်ပြီးဗုဒ္ဓသာသနာကိုစောက်ရှောက်နိုင်ပါစေလို့ဆုတောင်ပါတယ်ဘုရာ
2025-11-07 13:56:30
0
ငရဲမင်း :
အရမ်းလေးစားကြည်ညိုရတဲ့ ဆရာတော်တွေပါ ပညာဥာဏ်တော် မေတ္တာတော်တွေ အင်မတန်မှ ကြီးမြတ်လှပါတယ် အကြိမ်ကြိမ် ဦးခိုက်ပူဇော်လျှက်ပါဘုရား
2025-09-28 02:01:53
0
U Yan Mg#! :
ဂုဏ်ယူကြည်ညိုလျှက်ပါ
2025-09-28 06:26:14
1
U Kyaw :
ဒီလိုတဘောင်မုံရွာအနီးးကမိုးညှင်းနဲ ခတက်ကန်မှာပေါ်ခဲ့တယ် ပေါ်တယ်ဆိုတာထက် ဆရာတော်ကြီးနှုတ်တော်ကမြွက်ခဲ့တယ်လို့သိရပါတယ် အဲဒါကတော့ မိုးအကျ။ ညောင်အတက် တဲ့ မိုးညှင်းသမ္ဗုဒ္ဒေအကျ (မှေးမှိန်လျှင်)ညာင်အတက် က။ဗောဓိညောင်။ တစ်ထာင် ဗောဓိတစ်ထောင် စည်ကားတိုးတက် ။ညာင်အတက်။ မိုးအကျ ညောင်အတက်ပါတဲဗျာ
2025-10-22 13:06:27
1
မင်္ဂလါပါ :
ဆရာတော်ကို ဦးခိုက်ပူဇော်ပါသည်ဘုရား
2025-09-28 02:22:36
2
KoZwe :
ကိုယ်တွေငယ်ဆရာ
ဦးတင်ပါ၏
သတိရလွမ်းဆွတ်မိပါတယ်
ဆရာတော်ကိုမြင်ရင် ဖွတ်ဇော
လို့ခေါ်သံကြားယောင်မိနေတုန်း😥😥😥
2025-09-29 12:32:24
3
သာသနာ့ဟိတဦးဇင်းလေး🙏🙏🙏 :
သာသနာတော်အတွက်ရတနာတပါးပါ
တန်းဖိုးဖြက်၍မရပါဘူးဆရာတော်ဘုရား
ဆရာတော်ဘုရားရဲ့ဘုရားရှိခိုးပလ္လင်ပွင့်ဂါတော်ဖြင့်တပည့်တော်တရားပွဲမှာအမြဲပူဇော်ပါတယ်ဘုရား🙏🙏🙏🙏🙏
2025-09-28 16:19:01
4
Noe Noe🐷🌷 :
သာဓုသာဓုသာဓုပါဘုရား
2025-11-11 01:11:02
0
Bagan mg :
အင်ကြင်းကိုဆင်းနင်း
ဆင်မင်းကို ဆီကျော်လိမ့်မယ်
2025-09-29 11:02:18
1
Daw tin mar cho :
ယခုထက်တိုင်ကြည်ညိုဆဲပါဘုရား🙏🙏🙏
2025-09-28 08:54:10
1
user1338995659592 :
အစင်လေးစားလျက်ပါ
2025-10-13 02:58:37
0
ဝင်းဗိုလ် :
ဆရာတော်ဘုရားရဲ့မွေးဇာတိကတော့စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ဆင်နင်းရွာကပါ🥰🥰🥰🥰🥰🥰🥰🥰🥰
2025-10-03 14:04:44
1
Aungmyolwin :
ရှိခိုးဦးတင်ဖူးမြင်ပါ၏
ဘုရား
2025-10-10 04:02:05
3
WZ LK :
ဆင် မနင်းနိုင်ပါဘူးကွယ်
2025-10-01 08:52:49
0
kyaw gyi7798 :
သာဓုသာဓုသာဓုပါအရှင်ဘုရာ
2025-09-28 05:06:03
2
To see more videos from user @wetletmyo, please go to the Tikwm
homepage.