@kellyaleman.022: ☺️

👑Kelly aleman👑
👑Kelly aleman👑
Open In TikTok:
Region: ID
Sunday 05 October 2025 07:56:57 GMT
10844
4447
7
98

Music

Download

Comments

pengenakmu
pemain cadangan :
amazinggg
2025-10-05 11:59:02
0
aminoto973
ASOK :
nice
2025-10-05 11:56:32
1
user9765079543175
losh pusat :
okok
2025-10-05 12:03:07
1
melakeboy8
MelakeBoy :
🥰
2025-10-06 06:39:57
0
vip.user07
VIP USER :
cek my like sir
2025-10-06 06:14:49
0
oyeeeennnn_____
★ORANGE_KATZE★ :
😻😻😻😻😻
2025-10-06 08:07:27
0
To see more videos from user @kellyaleman.022, please go to the Tikwm homepage.

Other Videos

မြတ်စွာဘုရားက တခါတရံနိူက်လူ့ရဲ့ စိတ်စွမ်းအားတွေ ဘယ်သူကလွှမ်းမိုးထားသလဲဆိုလျင် ဆန္ဒက လွှမ်းမိုး ထားတယ်။ အဲ့တာကိုပဲ အဓိပတိပစ္စရော လို့ ၂၄ ပစ္စည်း ထဲမှာ မြတ်စွာဘုရား ဟောထားတယ်။ (ဆန္ဒာအဓိပတိ)ဆိုတဲ့ ဆန္ဒ သည် စိတ်ပိုင်းဆိုင်ရာ အားလုံး ကို လွှမ်းမိုးကြီးစိုးထားသလို ရုပ်ပိုင်းကိုလဲ လွှမ်းမိုးထားတယ်။ စိတ်ကိုလွှမ်းမိုး နိုင်လျင် ရုပ်လည်း ပါလာတာပေါ့။ အဲ့တာကို အဘိဓမ္မာ မှာ ဆန္ဒာအဓိပတိ (
မြတ်စွာဘုရားက တခါတရံနိူက်လူ့ရဲ့ စိတ်စွမ်းအားတွေ ဘယ်သူကလွှမ်းမိုးထားသလဲဆိုလျင် ဆန္ဒက လွှမ်းမိုး ထားတယ်။ အဲ့တာကိုပဲ အဓိပတိပစ္စရော လို့ ၂၄ ပစ္စည်း ထဲမှာ မြတ်စွာဘုရား ဟောထားတယ်။ (ဆန္ဒာအဓိပတိ)ဆိုတဲ့ ဆန္ဒ သည် စိတ်ပိုင်းဆိုင်ရာ အားလုံး ကို လွှမ်းမိုးကြီးစိုးထားသလို ရုပ်ပိုင်းကိုလဲ လွှမ်းမိုးထားတယ်။ စိတ်ကိုလွှမ်းမိုး နိုင်လျင် ရုပ်လည်း ပါလာတာပေါ့။ အဲ့တာကို အဘိဓမ္မာ မှာ ဆန္ဒာအဓိပတိ ("ဆန္ဒသမ္ပယု တ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။") အဓိပ္ပာယ်ကတော့ "ဆန္ဒနှင့် ယှဉ်ဖက်သောတရားတို့ အား၎င်း၊ ထိုဆန္ဒကြောင့် ဖြစ်သောရုပ်တို့အား၎င်း အကြီးအမှူးသဘောဖြင့် ကျေးဇူးပြုသည်" လို့ ဆိုလိုပါ တယ်။ (ဆန္ဒာအဓိပတိ) ဟာ ဆန္ဒနဲ့ ယှဉ်တွဲလာတဲ့ စိတ်ဓာတ်တွေ ထိုစိတ်ဓာတ်က ထုတ်လုပ်လာတဲ့ ရုပ်တွေ အဲ့တာတွေပေါ် မှာကြီးစိုးထားတယ်။ ဒါကြောင့်မို့လို့ တစ်စုံတစ်ခု လုပ်ချင်ပြီဆိုတဲ့ ဆန္ဒ ပေါ်လာ တာနဲ့ တစ်ပြိုင်နက် ထို ဆန္ဒ သည်လျော့ရဲရဲ ဆန္ဒမျိုး မဟုတ်ဘူးဆိုလျင် အောင်မြင်အောင်လုပ်တာပဲ။ ဆန္ဒက ဦးဆောင်သွားတဲ့အခါမှာ အလှည့်က ဆန္ဒကဦးဆောင်လို့ စလာပြီဆိုလျင် အနောက်က ဘယ်သူဦးဆောင်ဖို့ လိုသေး တုန်းဆိုလျင် ဝီရိယ ဦးဆောင်ဖို့လိုတယ် ဆန္ဒတော့ ရှိပါရဲ့ ကြိုးစားအားထုတ်မှု မရှိဘူးဆိုလျင် မရပြန်ဘူး။ အဲ့တာကြောင့် မြတ်စွာဘုရားက ဘက်စုံ ကနေဟော တယ် စိတ်ဆန္ဒ ရှိပြီးတဲ့နောက် ဘာလုပ်ဖို့လိုသလဲဆို ရင် ကြိုးပမ်းအားထုတ်ဖို့လိုသေးတယ် ဒါကြောင့်မို့ (ဝီ ရိယာအဓိပတိ)ဝီရိယက ကြိုးပမ်းအားထုတ်ပေမဲ့လို့ အသိဉာဏ်ရှိဖို့ လိုသေးတယ်တဲ့။ ဒါကြောင့်မို့လို့ (ဝီမံသာအဓိပတိ) အသိဉာဏ်နဲ့ ဆင်ခြင် စဉ်းစားကြည့်ပြီး ဒီလမ်းက မှန်သလား ဒီလမ်းကမှား သလား တွေးတော လုပ်ကိုင်ဖို့လိုတယ်တဲ့။ နောက်ဘာရှိဖို့ လိုသေးသလဲ ဆိုလျင် (စိတ္တာအဓိပတိ) စိတ်ဓာတ်ပြင်းပြဖို့၊ စိတ်ဓာတ်ကြံ့ကြံ့ခိုင်မှု ရှိရမယ်။ မိမိတို့ရဲ့သဏ္ဌာန် မှာလည်း (ဆန္ဒ၊ဝီရိယ၊စိတ္တ၊ ဝီမံသ)အခြေခံ အနေနဲ့ရှိကြတယ် အဲ့ဒီအခြေခံ အကြောင်းတရားတွေကို တိုးတတ်အားကောင်းအောင်မ ကျင့်ဆောင်ဘူးဆိုလျင် အားပျော့မြဲပျော့နေမှာပဲတဲ့။ ဘယ်လောက် ကာယ သန်စွမ်းတဲ့ ပုဂ္ဂိုလ်ဟာလေ့ကျင့်ခန်းမယူလို့ဆိုလျင် စွမ်းဆောင်နိုင်မှာမဟုတ်ဘူး။ လေ့ကျင့်ခန်းယူရမယ် အဲ့တာကြောင့်မို့ ကိုယ့် သဏ္ဌာန်မှာ ရှိတဲ့ (ဆန္ဒ၊ဝီရိယ၊စိတ္တ၊ဝီမံသ)ဆိုတဲ့ ဒီ စွမ်းအားတွေကို လေ့ကျင့်ခန်းယူပြီးတော့ အထွဋ်အထိပ် ရောက်အောင် မြင့်တင်ထားနိုင်မယ်ဆိုလျင် အင်မတန်မှ စွမ်းအားထက်ပါတယ်တဲ့။ ဘယ်လောက်ထိ စွမ်းအား ထက်သလဲဆိုရင် မြတ်စွာဘုရားပရိနိဗ္ဗာန် မစံခင်မှာ ရှင် အာနန္ဒာကို မိန်တော်မူခဲ့တယ်။ မြတ်စွာဘုရား က အာနန္ဒာ ဒီ "ဣဒ္ဓိပါဒ်လေးပါး"ဆို တဲ့ (ဆန္ဒ၊ဝီရိယ၊စိတ္တ၊ဝီမံသ)တို့ကို စနစ်တကျ တိုး တတ် အောင်လေ့ကျင့်ထားတဲ့၊ ပွားများအားထုတ် ထားတဲ့ ပုဂ္ဂိုလ် ဟာ သတ်တမ်းစေ့အောင်နေနိုင် တယ်(သို့မဟုတ်)သတ် တမ်းကြာအောင်နေနိုင်တယ်တဲ့။ သေခြင်းတရားကိုတောင် တားစီးထားနိုင်တယ်လို့ပြော တာ အတိုင်းအတာ တစ်ခုအရ ၊လုံးဝမသေအောင် ပြော တာ တော့မဟုတ်ဘူး။ _ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ၏ ဟောကြားခဲ့ သည့် တရားတော်မှ ထုတ်နုတ်ဖော်ပြရေးသားထားခြင်း သာလျှင်ဖြစ်သည်။ #buddha #philosophy #foryoupagе #fypviralシ

About