Language
English
عربي
Tiếng Việt
русский
français
español
日本語
한글
Deutsch
हिन्दी
简体中文
繁體中文
Home
How To Use
Language
English
عربي
Tiếng Việt
русский
français
español
日本語
한글
Deutsch
हिन्दी
简体中文
繁體中文
Home
Detail
@priscillaromine: #onthisday #fypシ゚viral #fypシ #momlife #tiktok
Priscilla Romine
Open In TikTok:
Region: US
Tuesday 21 October 2025 17:41:36 GMT
234
3
0
0
Music
Download
No Watermark .mp4 (
0.53MB
)
No Watermark(HD) .mp4 (
0.53MB
)
Watermark .mp4 (
0.55MB
)
Music .mp3
Comments
There are no more comments for this video.
To see more videos from user @priscillaromine, please go to the Tikwm homepage.
Other Videos
နေလောင်ကာခရင်မ် ဝယ်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးပါ။ နေလောင်ကာခရင်မ်ဆိုတာ ဘာလဲ။ အပြင်နေရောင်ခြည်မှာ ပါနေတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အသားအေရကို မွဲခြောက်ပျက်စီးစေတယ်။ အရောင်မှိန်စေပြီး မွဲခြောက်ခြောက်ဖြစ်စေတယ်။ အရေးအကြောင်းတွေကို ထင်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတယ်။ ကြာလာတဲ့အခါ အရေပြားကင်ဆာတွေ ဖြစ်စေနိုင်သည်အထိ ဒုက္ခပေးပါတယ်။ ဒီလိုခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးမှုနည်းစေဖို့ နေလောင်ကာခရင်မ်တွေကို သုံးပေးဖို့ လိုအပ်ပါတယ်။ SPF က ဘယ်လောက်ထိ အရေးကြီးလဲ။ နေလောင်ကာခရင်မ်တိုင်းမှာ SPF ပမာဏတစ်ခုစီ ပါဝင်ပါတယ်။ SPF (Sun Protection Factor) ဆိုတာ အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ဘယ်လောက်ထိ ကာကွယ်ပေးနိုင်လဲဆိုတဲ့ ပမာဏကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဟိုးအရင်တုန်းကတော့ SPF ကို ၁၅ လောက်ထိပဲ အများဆုံး ထုတ်လုပ်ခဲ့ပေမယ့် တဖြည်းဖြည်းပူပြင်းလာတဲ့ ဒီဘက်ခေတ်ကြီးထဲမှာ SPF ကို ၅၀ လောက်ထိ ပါဝင်ထည့်သွင်းထားကြပါတယ်။ အလှကုန်တချို့မှာလည်း SPF ပါဝင်မှုတွေကို တွေ့ရှိလာရပါတယ်။ SPF ဘယ်လောက်ပမာဏကို ရွေးဝယ်သင့်လဲ။ ဒါကတော့ ကိုယ်နေထိုင်တဲ့ နေရာဒေသပေါ် မူတည်ပါတယ်။ များတာရွေးဝယ်နိုင်ရင်တော့ ပိုပြီး ကာကွယ်ပေးနိုင်တာပေါ့။ အေးမြခြောက်သွေ့တဲ့ အရပ်ဒေသမှာဆိုရင်တော့ SPF 15 မှ SPF 30 လောက်ထိ အများဆုံးအသုံးပြုသင့်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံလို ပူပြင်းတဲ့ နိုင်ငံမျိုးဆိုရင်တော့ SPF 30 မှ SPF 50 လောက် သုံးပေးသင့်ပါတယ်။ UV-A နဲ့ UV-B ဆိုတာဘာလဲ။ ကမ္ဘာမြေပေါ် ကျရောက်လာတဲ့ ခရမ်းလွန်ရောင်ခြည်ထဲကမှ UV-A နဲ့ UV-B နှစ်မျိုး ခွဲထွက်လာပါတယ်။ ဒီနှစ်မျိုးလုံးကလည်း အသားအရေကို သူ့နည်းသူ့ဟန် ဒုက္ခပေးနိုင်ပြီး UV-A ခရမ်းလွန်ရောင်ခြည်ကတော့ မှန်၊ ဖန်တွေကိုပါ ဖောက်ထွင်းပြီး ဝင်ရောက်နိုင်လို့ အိမ်ထဲမှာပဲနေနေရင်တောင် ကိုယ့်အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် နေလောင်ကာခရင်မ် ဝယ်တဲ့အခါ UVA/UVB Protection, Broad Spectrum, Multi-Spectrum ဆိုတဲ့ အမှတ်အသား ပါတဲ့ ပစ္စည်းကို အဓိကရွေးချယ်သင့်ပါတယ်။ နေလောင်ကာခရင်မ်ကို ဘယ်လိုလိမ်းပေးကြမလဲ။ ကိုယ်က အပြင်သွားတော့မယ်ဆိုရင် ရေချိုးမျက်နှာသစ်ပြီးတာနဲ့ နေလောင်ကာခရင်မ်ကို လိမ်းထားဖို့ လိုပါတယ်။ ပြီးရင် ဒီခရင်မ်ကို သွားလေရာ ဆောင်သွားပြီး ၂နာရီခြားတစ်ခါလောက် မျက်နှာကို တစ်သျှူးအစိုဖြင့် ဖြည်းဖြည်းချင်းသုတ်ကာ နောက်တစ်ကြိမ် ထပ်လိမ်းပေးဖို့ လိုပါတယ်။ အိမ်မှာပဲ နေတယ်ဆိုရင်တော့ SPF ပမာဏ နည်းနည်းပဲ ပါတဲ့ နေလောင်ကာခရင်မ် လိမ်းပေးရင် လုံလောက်ပါတယ်။ ညအိပ်တဲ့အချိန်တော့ လိမ်းပေးဖို့ မလိုပါဘူး။ လိမ်းတဲ့အခါမှာ မျက်နှာကို နေရာအနှံ့လိမ်းပေးဖို့ လိုပါတယ်။ အထူးသဖြင့် မျက်လုံးပတ်လည်မှာ ရှိတဲ့အရေပြားကို ဂရုစိုက်ပြီး လိမ်းပေးပါ။ အဝတ်အစား ဖုံးအုပ်မထားတဲ့ နေရာမှန်သမျှ ဥပမာ – လည်ပင်း၊ နားရွက်၊ လက်၊ ခြေထောက်၊ ရင်ဘတ်၊ ချက်တွေကိုလည်း လိမ်းပေးဖို့ လိုပါတယ်။ ကလေးတွေကိုရော နေလောင်ကာခရင်မ် လိမ်းပေးဖို့ လိုအပ်လား။ အရမ်းငယ်သေးတဲ့ ရင်သွေးလေးတွေကိုတော့ လုံးဝမလိမ်းသင့်ပါဘူး။ ကလေးေတွ ကျောင်းနေအရွယ်ရောက်လာပြီဆိုရင်တော့ SPF အနည်းငယ်ပါတဲ့ နေလောင်ကာခရင်မ်ကို မေမေတွေ ကိုယ်တိုင် လိမ်းပေးသင့်ပါတယ်။ လိမ်းတဲ့အခါ ကလေးရဲ့ မျက်လုံး၊ ပါးစပ်ထဲ မဝင်စေဖို့ သေချာသတိထားပါ။ ကိုယ့်မျက်နှာကိုလည်း လက်နဲ့ ပွတ်တာ၊ ကုတ်တာမျိုးတွေ မလုပ်ဖို့ ကလေးကို သေချာပြောပြပေးထားပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ နေလောင်ကာခရင်မ်ကို ဘယ်လိုရွေးချယ်မလဲ။ ၁။ အသားခြောက်တဲ့သူဆိုရင် အစိုဓါတ်ထိန်းပေးတဲ့ (Moisturizing) နေလောင်ကာခရင်မ်တွေကို အဓိက ရွေးဝယ်သင့်ပါတယ်။ စပရေးထက် ခရင်မ်အမျိုးအစားကို အဓိကသုံးပေးပါ။ ၂။ အသားညိုတဲ့သူအတွက် ခရင်မ်ရော၊ စပရေးရော သုံးလို့အဆင်ပြေပါတယ်။ SPF ပမာဏ များတဲ့ နေလောင်ကာခရင်မ်ကို အဓိကရွေးဝယ်ပေးပါ။ ၃။ ဝက်ခြံခဏခဏ ပေါက်တဲ့သူဆိုရင် ပျစ်ချွဲပြီး စေးကပ်တဲ့ ခရင်မ်မျိုးကို ရှောင်သင့်ပါတယ်။ မဝယ်ခင် လက်မှာအရင်စမ်းသုံးကြည့်ပြီး စေးကပ်ကပ်မဖြစ်ဘူးဆိုရင်တော့ ဝယ်လို့အဆင်ပြေပါတယ်။ ၄။ အဆီပြန်တဲ့ မျက်နှာပိုင်ရှင်ဆိုရင်လည်း ခရင်မ်အမျိုးအစားထက် ဂျယ်လ်အခြေခံ ထုတ်လုပ်ထားတဲ့ နေလောင်ကာခရင်မ်မျိုး သုံးသင့်ပါတယ်။ ၅။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အယ်လ်ကိုဟော (Alcohol) လုံးဝမပါတဲ့ ပစ္စည်းကို ရွေးဝယ်ပါ။ ပါမယ်ဆိုရင်တောင် ပမာဏတော်တော် နည်းဖို့လိုပါတယ်။ နေလောင်ကာခရင်မ်ကို မဝယ်ခင် အရင်ဆုံးလက်မှာစမ်းကြည့်ပါ။ အရေပြားနီရဲပြီး ယားလာတာ၊ အဖုအပိမ့်တွေ၊ ထလာတာ၊ ခြောက်ကပ်ကပ်ဖြစ်တာ၊ တအားစေးကပ်နေတာမျိုး မတွေ့ရဘူးဆိုမှ ဝယ်ပေးပါ။ #beauty #shampoo #f #stellacosmetics #မကြာခင်ထွက်ရှိလာမယ့်stella
Huh….
Sold separately from the costume btw 💋#fyp
   အသားအရေနှင့် အလှအပ အသားအရေ ထိန်းသိမ်းခြင်း သုံးတဲ့ အလှကုန်တွေက ကိုယ့်အသားအရေနဲ့ မှားယွင်းနေတယ်ဆိုတာ သိနိုင်မယ့်အချက်များ Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Eaindray Kha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/01/2021 ဖြစ်ပါသည်။ သုံးတဲ့ အလှကုန်တွေက ကိုယ့်အသားအရေနဲ့ မှားယွင်းနေတယ်ဆိုတာ သိနိုင်မယ့်အချက်များ ကြော်ငြာ ပျိုပျိုမေတို့ရေ တစ်ယောက်နဲ့တစ်ယောက် အသားအရေတွေက မတူညီကြပါဘူး။ အဲဒီတော့ သူများသုံးတဲ့ အလှကုန်ပစ္စည်းက ကိုယ်နဲ့လည်း တည့်ချင်မှ တည့်မှာပါ။  ဒီတော့ အလှကုန်ပစ္စည်းတွေ ဝယ်ယူတဲ့အခါမှာ သူများအသားအရေနဲ့ကိုက်ညီတိုင်း ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေမယ်ဆိုတာကို သတိရပါ။ ဝယ်ပြီးတဲအခါမှာလည်း ကိုယ့်အသားအရေနဲ့ကိုက်ညီမှု ရှိမရှိဆိုတာ စစ်ဆေးပါ။ စစ်ဆေးနိုင်မယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်နော်။ အဖုအပိန့်တွေ ထွက်လာခြင်း အဖုအပိန့်တွေ ထွက်တာဟာ တချို့ အလှကုန် ကုန်ပစ္စည်းတွေ အသုံးပြုခြင်းရဲ့ တုံ့ပြန်မှုကြောင့်ဖြစ်တဲ့ အလာဂျစ်တွေကြောင့် အများဆုံးဆိုပေမယ့် တခြားအချက်အလက်တွေ အများကြီး ရှိနေနိုင်ပါသေးတယ်။ မိတ်ကပ်တွေမှာ အလာ့ဂျစ်ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်မှု နည်းပေမယ့် မျက်နှာ ကြာရှည်စွဲထင်အောင်နဲ့ အနံ့ကောင်းအောင် ပြုလုပ်ထားတဲ့ ပစ္စည်းတွေကတော့ အဖုအဖိန့် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဖုအဖိန့်တွေ ဖြစ်လာတယ်ဆိုရင် ကိုယ်သုံးတဲ့ မိတ်ကပ်ကို ပြန်လည် စဉ်းစားကြည့်ပါ။ ယားနာလိုလို အင်ပြင်တွေထခြင်း အဖုအပိန့်တွေလိုပဲ ယားယံပြီး အင်ပြင်တွေလို ဖြစ်တာကလည်း အလှကုန်ပစ္စည်း မှားပြီး သုံးမိတဲ့ လက္ခဏာတွေထဲက တစ်ခုပါပဲ။ အနီရောင် အရှိုးရာ(သို့) ကြိမ်ရာလိုမျိုးတွေ ပေါ်လာခြင်းပါ။ အသားအရေထိန်းပစ္စည်းတွေထဲမှာ အလာဂျစ်ဖြစ်စေနိုင်တာတွေ ပါဝင်နိုင်ပြီး ယားနာလိုမျိုးတွေ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက အလှကုန်ကြောင့် မဟုတ်ဘဲ ကိုယ့်အသားအရေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယားနာလိုလို အင်ပြင်တွေထွက်တယ်ဆိုရင်တော့ ဆက်မသုံးပါနဲ့တော့နော်။ မျက်နှာမှာ တင်းတင်းကြီးဖြစ်နေခြင်း တစ်ခါတစ်လေ အလှကုန်ပစ္စည်းလိမ်းပြီးရင် မျက်နှာမှာ အသားအရေ ခပ်တင်းတင်းဖြစ်နေသလိုမျိုး ခံစားရတတ်ပါတယ်။ ဒါဟာ ကုန်ပစ္စည်းနဲ့ မတည့်ဘူးဆိုတဲ့ လက္ခဏာပါပဲ။ အထူးသဖြင့် မျက်နှာ ချေးချွတ်တာမျိုး သုံးမိရင် မျက်နှာအသားအရေရဲ့ အဆီ၊ ရေဓာတ်တွေကို စုပ်ယူသလိုဖြစ်ပြီး အသားအရေခြောက်တာနဲ့ ကျိန်းစပ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုးခံစားရရင်တော့ မျက်နှာအသားအရေကို ပြန်လည်ကောင်းမွန်လာစေမယ့် pH ပမာဏထိန်းညှိပေးထားတဲ့ ပစ္စည်းတွေကို ရှာသုံးသင့်ပါတယ်။ အဆီများများထွက်ခြင်း အဆီပြန်တာကို ထိန်းချုပ်တဲ့ အပြင်းစား အလှကုန်ပစ္စည်း ဒါမှမဟုတ် ရေနွေးနဲ့ မျက်နှာသစ်တာတွေဟာ မျက်နှာရဲ့ အပေါ်ယံလွှာကို ခြောက်သွေ့စေနိုင်ပြီး အပေါ်ယံအသားအရေ ကွာကျတဲ့အခါ အဆီတွေ ပိုထွက်လာအောင် လှုံဆော်နိုင်ပါတယ်။ ဒါကြောင့် မျက်နှာမှာ အဆီပြန်တာကို ထိန်းသိမ်းဖို့အတွက် အလှကုန်ပစ္စည်းတွေ သုံးရင်းနဲ့မှ အဆီက ထွက်နေသေးတယ်ဆိုရင်တော့ ပြန်လည်စဉ်းစားသင့်ပါတယ်။ အသားအရေခြောက်ခြင်းနဲ့ ကွာခြင်း ကိုယ့်ရဲ့ အသားအရေတွေ ခြောက်ပြီး အဖတ်လန်သလို ကွာကျတယ်ဆိုရင်တော့ အလှကုန်ပစ္စည်း ပြောင်းသုံးသင့်ပါတယ်။ ပြင်းတဲ့ အက်ဆစ်ပါဝင်တဲ့ ကုန်ပစ္စည်းတွေဟာ အသားအရေကို မချောမွေ့စေဘဲ အဖတ်လန်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ အကယ်လို့ ကိုယ့်အသားရေဟာ အရမ်း အဖတ်တွေလန်ပြီး ကွာကျတယ်ဆိုရင် အက်ဆစ်များလွန်းတဲ့ ကုန်ပစ္စည်းကို သုံးမိတာကြောင့် ဖြစ်နိုင်ပါတယ်။ salicylic acids ၊ retinol နဲ့ alphahydroxy acids တွေကို ပေါင်းပြီး မသုံးပါနဲ့။ တစ်မျိုးဆိုရင် လုံလောက်ပါပြီ။ #မကြာခင်ထွက်ရှိလာမယ့်stella #stellacosmetics #f #shampoo #beauty
The way we were desperately hoping for Ash to faint like the Portugal drama 😂 - FULL VIDEO on our Confession Sessions exclusive extra weekly podcast. Watch the full video its available on our page 🔗 #earpiercing #amazonearpeircingkit #earpiercingdiy #fy #fyp #podcast #girlspodcast #podcastsforwomen #podcastclip @Ash Reid @Lauren @Eilidh Wells
About
Robot
Legal
Privacy Policy