@a333469: #عبدالعزيز_المعنى

a
a
Open In TikTok:
Region: SA
Friday 24 October 2025 12:08:08 GMT
16765
1574
2
216

Music

Download

Comments

sil505_
s :
وش نسوي الشكوى لله🤎
2025-10-24 13:58:15
4
lif2of
lif2of :
الله 😞😞💔
2025-11-16 02:24:34
2
To see more videos from user @a333469, please go to the Tikwm homepage.

Other Videos

လမ်းခွဲပြီး သုံးလဝန်းကျင်မှာ တစ်ယောက်တည်းအဖြေမရှိတဲ့မေးခွန်းတွေဆက်တိုက်မေးရင်း အရူးတစ်ယောက်လိုထိုင်နေရင်းအိပ်မပျော်ခဲ့တဲ့ရက်တွေ  ……..။ ဒီတိုင်း Healthy Relationship တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် ကိုယ်တောင်မသိလိုက်ခင်မှာပဲ Toxic Relationship တစ်ခုလို့ တစ်ဖက်က သတ်မှတ်လိုက်တယ်ထင်ပါရဲ့ ။ သံယောဇဉ်သိပ်မတွယ်တတ်တဲ့ ကျွန်တော်က အတော်လေးသံယောဇဉ်တွယ်မိခဲ့ပုံပဲ
လမ်းခွဲပြီး သုံးလဝန်းကျင်မှာ တစ်ယောက်တည်းအဖြေမရှိတဲ့မေးခွန်းတွေဆက်တိုက်မေးရင်း အရူးတစ်ယောက်လိုထိုင်နေရင်းအိပ်မပျော်ခဲ့တဲ့ရက်တွေ ……..။ ဒီတိုင်း Healthy Relationship တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် ကိုယ်တောင်မသိလိုက်ခင်မှာပဲ Toxic Relationship တစ်ခုလို့ တစ်ဖက်က သတ်မှတ်လိုက်တယ်ထင်ပါရဲ့ ။ သံယောဇဉ်သိပ်မတွယ်တတ်တဲ့ ကျွန်တော်က အတော်လေးသံယောဇဉ်တွယ်မိခဲ့ပုံပဲ "ရည်ရွယ်ချက်"ဆိုတာလည်း လူတစ်ယောက်ကို ပိုင်ဆိုင်ဖို့ အတွက်ပဲခေါင်းထဲရှိခဲ့သလို ၊ ဆယ်တန်းတုန်းက "ဦးငွေဝင်း"ပြောဖူးတဲ့ "home"ဆိုတာကလည်း လူတစ်ယောက်ရဲ့ နာမည်ဖြစ်ခဲ့တယ် ဒီလိုပါပဲ အချစ်ဦးကိုး….. ။ ပတ်သတ်ခဲ့တဲ့နှစ်တွေမှာ အကောင်းဆုံးတွေကိုပေးခဲ့ဖူးသလို အဆိုးဆုံးတွေကိုလည်း တစ်ဖက်လူကခံစားခဲ့ရတာပါပဲ ။ ဒီလိုပဲ ငါကိုယ်တိုင်တောင်မဖြေနိုင်တဲ့မေးခွန်းတွေစီမှာ ဘယ်လောက်ထိများပိတ်မိနေဦးမှာလဲဆိုပြီးတွေးမိတယ်။ မတူကြတဲ့ အိမ်မက်တွေ အတွေးတွေထဲမှာ မာနတွေပြိုင်ရင်း တည်ဆောက်ခဲ့တဲ့ Relationshipက ပျက်စီးခဲ့ရတယ် ။ ကိုယ်တိုင်ရဲ့အိမ်မက်က ဂျပန်ရောက်ရင် မြို့မတူတာမို့ တစ်နှစ်ပြည့်တဲ့အထိ LDRSကို ကျော်ဖြတ်မယ် ပြီးရင် သေခြာပေါက် မင်းရှိရာ ငါလိုက်လာမယ်ပေါ့ ။ နှစ်ယောက်လုံးက သိပ်မတည့်ကြတာမို့ LDRSကို ယုံကြည်ချက်မရှိခဲ့ပေမယ့် "ဂ"ကို ရောက်ပြီး အဆင်ပြေနေတာမို့ ငါတို့လုပ်နိုင်ခဲ့ပြီဆိုပြီး တွေးပြီးပျော်တဲ့အချိန်မှာ ငါကိုယ်တိုင်တောင်နားမလည်တဲ့ ပြဿနာတစ်ချို့ကြောင့်ဝေးခဲ့ရတယ် ။ ဒီလိုပဲ အကုန်ကြိုးစားခဲ့တယ် လိုချင်တဲ့ပန်းတိုင်ကို မြင်လုနီးပါးဖြစ်နေတဲ့ အချိန်မှ ထင်မထားတဲ့အချိန်တစ်ခုမှာ ပျက်စီးသွားခဲ့တယ် ။ နှစ်တွေအကြာကြီး သဘောကျခဲ့တဲ့ တစ်ယောက်မို့ မေ့ဖို့ဆိုတာ မလွယ်လှဘူး ဒါကြောင့် မေ့ဖို့မကြိုးစားတော့ဘဲ သတိရလာရင် မင်းအကြောင်းတွေးလိုက်ပြီး သဘောကျတဲ့စိတ်ပေါ်လာတဲ့အခါ သဘောကျပေးလိုက်တယ် ။ ငါပိုင်ဆိုင်ခဲ့ဖူးတာလဲ အချစ်ဦးပဲလေ ဖြစ်ရိုးဖြစ်စဉ်အရ အဝေးကငေးရမယ့် ပန်းတစ်ပွင့်ပဲမလား….။ ဒီလိုပဲ မေ့ဖို့ဆက်တိုက်မကြိုးစားတော့ဘဲ နှလုံးသားက ဆက်ချစ်နေသေးရင် ချစ်ပေးလိုက်တာပဲ အကောင်းဆုံးမလား ။ အရင်က ပြတ်သွားခဲ့ရင်နောက်ရည်းစားတန်းထားမယ်တွေးခဲ့ဖူးပေမယ့် တကယ်တန်းတော့ အခြားတစ်ယောက်ကို အခုချိန်ထိချစ်မပေးနိုင်တာကိုသိလိုက်ရတယ် ။ ဒူးထောက်မတတ်ဆွဲထားချင်ပေမယ့် ဒီတစ်ကြိမ်တော့ ထွက်သွားချင်တဲ့လူတစ်ယောက်ကို အရမ်းဆွဲမထာရခဲ့ရုံပါ ဆွဲတော့ဆွဲမိခဲ့တယ်ထင်ပါတယ် ။ သေခြာတာတစ်ခုကတော့ ဒီဇာတ်လမ်းက ဒီမှာဆုံးခဲ့ပြီဆိုတာရယ် ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဒီလူက မင်းဘဝထဲ ထပ်ဝင်မလာတော့ကြောင့် ချစ်ခဲ့လားမချစ်ခဲ့လားတော့ ၂၀၁၆ ၆တန်းကတည်းက ဆက်တိုက်ထုတ်ပြခဲ့တာပဲ မင်းသိခဲ့မယ်ထင်ပါတယ် ။ ငါဟာ ဒီrelationship မှာ မကောင်းတဲ့လူဖြစ်ရင်ဖြစ်ခဲ့မယ် ကောင်းတဲ့လူဖြစ်ရင်ဖြစ်ခဲ့မယ် ဒါပေမယ့် ငါဟာအကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် အချိန်တစ်ခုမှာ ငါ့ကိုယ်ငါပြန်ရှာတွေ့ဖို့မျှော်လင့်မိတယ် ။ မင်းလည်း အကောင်းဆုံးရှင်သန်ပေါ့ ၊ ငါလည်း အကောင်းဆုံးရှင်သန်တာပေါ့ ။ ဒီစာက သတိရနေကြောင်း ဆက်လည်းသတိရနေဦးမယ်ဆိုတဲ့အကြောင်း ။ အကုန်ပြီးသွားပြီမို့ ထပ်ပြီးပေါ်လာမှာလည်းမဟုတ်တော့ဘူးဆိုတဲ့အကြောင်း ဒါမှမဟုတ် နှုတ်ဆက်တဲ့စာမျိုးလားဆိုတာ သေခြာမပြောနိုင်ပေမယ့် မွမ်းကြပ်နေတဲ့ ငါ့စိတ်ထဲက စာသားတစ်ချို့မျှသာ….။ အမြဲမင်းအကြောင်းတွေပြောတတ်တဲ့ငါက ဒီတစ်ကြိမ်က နောက်ဆုံးပြောတာပဲဖြစ်လိမ့်မယ်.။ ခေါ်ခဲ့ဖူးတဲ့ နာမည်လေးက ပိုး တဲ့ …. ။။။ 🤎

About