@k.y556: ဦးနှောက်မပျက်စေချင်လျှင် စာဖတ် "** ဦးနှောက်ဆိုတာ အမှိုက်ပုံမဟုတ်ဘူး ဒါကြောင့် တန်ဖိုးမရှိတာတွေထည့်ထားဖို့မလိုဘူး။ စာဖတ်ရင်တော့ အချိန်ပေးရတယ် ဒါပေမယ့် ပြန်ရတဲ့အကျိုးကျေးဇူးက များတယ်။ စာဖတ်ခြင်းက ရင့်ကျက်စေတယ် စာဖတ်ခြင်းက ပြည့်ဝစေတယ်~~~~ စာဖတ်ခြင်းက အမှား အမှန်သိစေတယ် စာဖတ်ခြင်းက ယဉ်ကျေးသိမ်မွေ့စေတယ် စာဖတ်ခြင်းက တိုးတက်စေတယ်~~~~ စာဖတ်ခြင်းက တည်ငြိမ်လာနိုင်စေတယ် စာဖတ်ခြင်းက လောကဓံကို ခံနိုင်ရည်ရှိစေတယ် စာဖတ်ခြင်းက သူမတူအောင် ပြောင်းလဲစေတယ်။ အောင်မြင်သူတွေ စာဖတ်ကြ၍ စာဖတ်တဲ့သူတွေ အောင်မြင်တယ်ဆိုတာ သင်သိထားရင် စာဖတ်ဖို့ မမေ့ပါနဲ့ နေ့စဉ်နဲ့အမျှ ဖတ်ဖြစ်အောင် ဖတ်ပါ။ VVV မျက်စိပျက်မှာ စိုး၍ စာမဖတ်လျှင် သေချာတယ် ဦးနှောက်ပါ ပျတ်လိမ့်မယ်။ လူတွေဘာကြောင့်မပျော်ရွှင်ကြတာလဲ? လောကမှာ လူတိုင်းမပျော်ရွှင်ရတဲ့ VVV အတွေးလွန်ခြင်းကြောင့်ပါပဲ။ အဓိကအကြောင်းအရင်းကတစ်ခုခုကြုံလာတိုင်း လိုအပ်သည်ထက် ပိုတွေးပူနေတတ်တာ ကျွန်တော်အပါအဝင် လူတိုင်းဖြစ်တတ်ကြမှာပါ။ ဒါဟာတကယ်တော့ ကိုယ့်ရဲ့ပျော်ရွှင် တဲ့နေ့ရက်တွေကို ကိုယ်တိုင်ဖျက်ဆီးပစ်လိုက်တာပါ။ မတွေးရဘူးမဟုတ်ဘူး တွေးပါ လိုတာထက်မပိုပါစေနဲ့။ ကျွန်တော်တို့ရဲ့မနက်ဖြန်တိုင်းမှာ ဘာဖြစ်မယ်ဆိုတာ ကြိုမသိနိုင်တဲ့အတွက် ဒီနေ့မှာပျော်အောင်နေလိုက်ပါ။ နေ့သစ်တိုင်းကို အပြုံးနဲ့စတင် နိုးထလိုက်ပါ။ ဘဝက နေတက်ရင်တော့ ကျေနပ်စရာတွေချည်းပါပဲ ။ ♡♡♡ သင့်ရဲ့အတိတ်က သင့်အနာဂက်ကို မဖျက်စီးပါစေနဲ့ ချုပ်ကိုင်ထားသမျှ အတိတ်ကနာကျင်စရာတွေကို အတိတ်မှာပဲထားခဲ့ပါ အခုကျွန်တော်တို့ရောက်နေတာ ပစ္စုပ္ပန်မှာမဟုတ်လား? ဘဝဆိုတာ တိုတိုလေးပါ ဒါကြောင့် ရောက်နေတဲ့ နေရာ၊နေ့ရက်၊အချိန်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းလိုက်ပါ။ ♡♡♡ လောကဓံက ကြမ်းလိမ့်မယ်။ ဘဝဆိုတာလည်း ဒီလိုပါပဲ နိမ့်လိုက်မြင့်လိုက်နဲ့ အတက်အကျတော့ရှိစမြဲမို့ ဘာကိုမှတွေးမပူပါနဲ့ ပျော်ရွှင်စရာ ဆိုတာ သင့်ဆီကို လာမှာမဟုတ်ဘူး သင်ကိုယ်တိုင် ပျော်အောင်နေတတ်ဖို့ပါပဲ ။ " သင့်ကိုယ်သင်ပျော်ရွှင်အောင်နေတတ်အောင်နေပါ 1...သင့်ကိုယ်သင်ဘောင်ခတ်ထားတဲ့ အတွေးတချို့ကနေ ရုန်းထွက်ကြည့်လိုက်ပါ ။ 2... နေရာတိုင်း၊လူတိုင်းကိုအကောင်းမြင်တဲ့ စိတ်လေးနဲ့ မြင်ကြည့်လိုက်ပါ။ 3...အချစ်မရှိရင် မနေတတ်တဲ့ သင့်စိတ်ကို ပြောင်းလဲပြီး အချစ်မရှိလဲပျော်အောင်နေတတ်ပါ 4...ပိုက်ဆံ များများရှာ ငွေရှိရင်လဲ စိတ်ချမ်းသာခြင်းတစ်ခုပါပဲ။ 5...သင်စိတ်ညစ်တဲ့အခါတိုင်း အလှပြင်ပါ ကိုယ့်ကိုကိုယ် လှပနေခြင်းကကိုယ့်စိတ်ကိုပျော်ရွှင် အောင် လုပ်ပေးနိုင်တဲ့အာရုံပြောင်းခြင်းပါပဲ။ 6...တစ်ပါးသူရဲ့ ဝေဖန်မှုတွေကို ခံစားမနေပါနဲ့ လူတိုင်းက ချီးမွမ်း (၇)ရက် ကဲ့ရဲ့(၇)ရက်နဲ့ မ ကင်းကြပါဘူး။ 7...စာများများဖတ်ပါစာဖတ်ခြင်းက အသိပညာဗဟုသုတရစေခြင်း သာမက ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုတိုးစေပါတယ်။ မိမိကိုယ်ကို စိတ်ပျော်ရွှင်အောင်ထားနိုင်ဖို့ဆိုတာ သူတစ်ပါးက ပေးမှာမဟုတ်ဘူး သင်ကိုယ်တိုင် ပျော်အောင်နေတတ်ဖို့သာအဓိကပါပဲ။ သင်ကိုယ်တိုင်ဖန်တည်းယူရမည့်အရာပဲဖြစ်ပါ တည်။ အသိအမြင်များတိုးတတ်ကြပါစေဗျ........ Credit... #fyp
Kō Yè
Region: MM
Tuesday 28 October 2025 06:20:28 GMT
Music
Download
Comments
Thoz Thoz Lin :
ကျေးဇူးပါ 🥰
2025-10-29 06:35:42
0
ကိုငယ်လေး :
🥰🥰🥰
2025-10-28 09:44:53
1
Tin win :
🥰🥰🥰
2025-10-28 09:00:41
1
Mal Sam :
👍👍👍👍👍
2025-10-28 08:18:08
1
Khaing Zin Oo :
🥰🥰🥰
2025-10-28 06:56:56
1
Phyuphyuwin :
👍👍
2025-10-28 06:41:05
1
Ko Kaung Kaung :
👍👍👍
2025-10-28 06:38:10
1
phonemyathein175 :
🥰🥰🥰🥰
2025-10-29 10:33:25
0
M ,M ,K :
🥰🥰🥰🥰🥰
2025-10-28 11:51:32
0
To see more videos from user @k.y556, please go to the Tikwm
homepage.