@alzocizrenn: ပုံထဲမှာ ပြထားတဲ့ ယုန်ဖြူဟာ စာရေးဆရာ Lewis Carroll ရဲ့ နာမည်ကျော်ကလေးဝတ္ထု "Alice's Adventures in Wonderland" ထဲကနေ စတင်ပေါ်ပေါက်လာပြီး အရမ်းနာမည်ကြီးတဲ့ ဇာတ်ကောင်တစ်ဦးဖြစ်တယ်။ မူရင်းဝတ္ထုမှာ နာမည်သီးသန့် မပေးထားပေမယ့် 2010 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "Alice in Wonderland" ရုပ်ရှင်နဲ့ 2016 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "Alice Through the Looking Glass" ရုပ်ရှင်တွေမှာ သူ့ကို Nivens McTwisp လို့ နာမည်ပေးခဲ့ပါတယ်။ သူဟာ သူ့လက်ထဲက နာရီကို အမြဲတမ်း စိတ်ပူပန်ပြီး ကြည့်နေရသူဖြစ်ပါတယ်။ ဒါက "သေဆုံးပျက်စီးခြင်း" ကို ဆိုလိုတာပါ။ အမြဲတမ်း စိတ်ပူပန်ပြီး အချိန်နောက်ကျမှာ စိုးရိမ်နေသူလည်း ဖြစ်ပါတယ်။ သူပြောနေကျ စကားလေး တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ "Oh dear! I shall be too late!" ဆိုတာပါပဲ။ "All roads lead to Rome" ဆိုတာကို ယုန်ဖြူပုံလေးနဲ့ တွဲပြီး ရှင်းပြရရင် ကျွန်တော်တို့ လူသားတွေဟာ မွေးဖွားလာကြတယ်။ အဆုံးသတ်မှာ သေဆုံးကြရမယ်။ နောက်ဆုံးတော့လဲ ဒီဘူတာကို ဆိုက်တာပါပဲ။ မြန်မာလိုဆိုရင် "လမ်းများအားလုံးသည် ရောမသို့ ဦးတည်နေသည်" လို့ အဓိပ္ပာယ်ရပါတယ်။ တခြားနည်းနဲ့ ပြောရရင် "ဖြစ်တည်လာသမျှ အရာအားလုံးသည် သေဆုံးပျက်စီးခြင်းသို့ ဦးတည်နေသည်။" (ဒီလိုဆို ပိုနားလည်မယ်ထင်တယ်။) တကယ်တော့ လက်တလောမှာ ခေတ်စားနေတာဖြစ်တဲ့ယုန်ဖြူလေးဟာ နာရီကို လက်ညှိုးနဲ့ထိုးပြတဲ့ ပုံလေးနဲ့ တွဲပြီး "All roads lead to Rome" ဆိုတဲ့ အကြောင်းကို ပြောပြမလို့မဟုတ်ပါဘူး။ Philosophy နဲ့ ပတ်သက်တဲ့ အကြောင်းအရာကိုပဲ တင်တာဆိုတော့ အချိန်တိုတောင်းမှုဆိုတာကို ဒဿန အမြင်အရ ရှင်းပြမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး အနေနဲ့ အချိန်တိုတောင်းမှု အကြောင်းကို ရေးသားခဲ့တဲ့ ရောမခေတ်က အပယ်ခံ သက်ကြားအိုတစ်ယောက်ဖြစ်တဲ့ Seneca အကြောင်းကို အကျဉ်းချုပ်ပြောပြပါမယ်။ Seneca ဟာ ဒဿနိကဗေဒရဲ့ အရေးအပါဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်တယ်။ သူဟာ ဒဿနပညာရှင်၊ နိုင်ငံရေးသမား၊ ပြဇာတ်ရေးဆရာနဲ့ စာရေးဆရာတစ်ယောက်အနေနဲ့လည်း ထင်ရှားပါတယ်။ အခုပြောပြမှာက သူရေးခဲ့တဲ့ "On the Shortness of Life" ဆိုတဲ့ စာအုပ်ထဲက အတွေးအခေါ်တွေပဲ ဖြစ်ပါတယ်။ "အပယ်ခံသက်ကြားအို တစ်ယောက်ရဲ့ စစ်မှန်သော အသက်ရှင်ခြင်း ဒဿန" လို့ခေါင်းစဉ်တပ်လိုက်မယ်။ အောက်မှာ ဆက်ဖတ်ကြည့်ပါ။ လူအများစုက သဘာဝတရားကို အပြစ်တင်ကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က သက်တမ်း တိုတိုလေးအတွက် မွေးဖွားလာကြရတာ၊ ပြီးတော့ ဒီပေးထားတဲ့ အချိန်ကာလလေးကလည်း အရမ်း မြန်မြန်နဲ့ ကုန်ဆုံးသွားလို့ပဲ။ အဲဒါကြောင့် လူအနည်းငယ်ကလွဲလို့ ကျန်တဲ့သူတွေအားလုံးဟာ တကယ်နေထိုင်ဖို့ အသင့်ဖြစ်လာချိန်ကျမှ ဘဝက ပြီးဆုံးသွားကြရတယ်လေ။ တကယ်တော့ ကျွန်တော်တို့မှာ အချိန်နည်းနည်းလေးပဲ ရှိတာမဟုတ်ပါဘူး၊ အဲဒီအချိန်တွေ အများစုကို ကျွန်တော်တို့က အလဟသ ဖြုန်းတီးနေကြတာပါ။ ပြီးတော့ ဘဝကို ပေးထားတဲ့ အချိန်ပမာဏကလည်း လုံလောက်မှု ရှိတယ်။ ဘာလို့လဲဆိုတော့အဲဒီအချိန်တစ်ခုလုံးကို ကောင်းကောင်းမွန်မွန် အကျိုးရှိအောင် အသုံးချမယ်ဆိုရင် အကြီးမြတ်ဆုံးသော အောင်မြင်မှုတွေ၊ အရာတွေကိုတောင် ပြီးမြောက်အောင် လုပ်နိုင်လောက်တဲ့အထိ အကျိုးဖြစ်ထွန်းနိုင်လို့ပါပဲ။ အချိန်မရှိဘူးလို့ အပြစ်မတင်နဲ့။ ကိုယ့်အချိန်တွေကို အကျိုးရှိအောင် မသုံးစွဲတာကိုသာ အပြစ်တင်ရမှာ။ အဲဒီအချိန်ကို သက်တောင့်သက်သာ ဇိမ်ခံပြီး ပေါ့ပေါ့ဆဆ ဖြုန်းတီးပစ်လိုက်ရင်၊ ကောင်းတဲ့ရည်ရွယ်ချက် ဘာတစ်ခုမှမရှိဘဲ သုံးပစ်လိုက်ရင်၊ နောက်ဆုံးမှာ ရှောင်လွှဲလို့မရတဲ့ (သေခြင်းတရားလို) အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါကျမှ အချိန်တွေ ကုန်လွန်သွားမှန်းတောင် မသိလိုက်ဘဲနဲ့ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရထားတဲ့ ဘဝက တိုတောင်းနေတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ကသာ တိုအောင် လုပ်လိုက်ကြတာပါ။ အချိန်မလုံလောက်တာလည်း မဟုတ်ဘူး၊ ကျွန်တော်တို့ကသာ အလဟသ ဖြုန်းတီးနေကြတာပါ။ အနှစ်ချုပ်ရရင် အချိန်ဆိုတာ ပြန်မရပါဘူး။ တစ်စက္ကန့်လဲ အချိန်ပါပဲ။ TikTok ကိုနာရီပေါင်းများစွာ ကြည့်တာကလဲ အချိန်ဖြုန်းခြင်း တစ်မျိုးပါပဲ။ ခုချိန်ကစပြီး ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ချမှတ်ပြီး အစီအစဉ်ဆွဲတော့ပါ။ Motivation ကြောင့် ချက်ချင်းထလုပ်တာမျိုး မဖြစ်ပါစေနဲ့။ အသက်ရှင်နေချိန်မှာ ဘယ်လောက်ပဲ သာယာမှု ယူခဲ့ ယူခဲ့ တစ်နေ့ကျရင် အလျား ၆ပေ၊ အနံ ၂ပေ ရှိတဲ့ ကျင်းလေးတစ်ခုမှာပဲ အဆုံးသတ်ရမှာပါ။ #philosophy #knowledge #quotes #fyp
Alzociz Renn
Region: MM
Wednesday 29 October 2025 12:48:47 GMT
Music
Download
Comments
Cookies :
ရောမကနေစပြီးထွက်ရင်ရော"
2025-10-30 02:16:23
166
_Innocent_Is_Sayar_Shine_ :
ကြောင်ရဲ့အဓိပွာယ်ကဘာလဲ
2025-11-24 11:47:27
0
vuuuu :
Buddha already said it bro... and nothing last forever..
2025-12-02 14:28:15
0
☆.𝕐ꪊ𝒕𝗮.☆ :
ငါတို့ကံကြမ္မာကိုပြောင်းလည်းနိုင်တယ်
2025-10-30 00:41:12
153
Loki :
ဘရိုက ဘာလို့ tiktok မှာ vd လာတင်တာလည်းဗျ တောင့်လိုက်တာဘရိုရယ်
2025-10-30 00:49:11
25
leon :
ရောမဆိုတာ သေဆုံးခြက်ကိုဆိုလိုတာလာ
2025-10-30 08:43:23
2
Diablo (T.L.C) :
ခေတ်ကတိုးတက်နေတာ သေဆုံးချင်းဆိုတာနောက်ဆိုမရှိတော့ဘူး
2025-10-31 15:58:49
0
Ü4Ê1N7 :
All roads lead to rome
2025-10-30 01:55:09
0
Iris :
A clock tells times not our destiny
2025-10-30 00:52:47
67
♜Zide❖ :
what if we start from ROMA
2025-10-30 09:06:40
2
♱ˢʷᵃⁿ♱ :
"လမ်းများအားလုံး သေခြင်းတရားစီသိို့ဦးတည်သည်"🥀
2025-10-30 09:46:28
24
𝐿𝒾𝓁𝒶𝓈. ✹ :
WHICH LANGUAGE R THE COMMENTS IN😭😔
2025-11-24 16:22:20
0
Lucky :
အဆုံးနားကိုရောက်နေပီး ပြန်စဖို့အတွက်ဘယ်သူကျန်မှာလဲ ဘယ်လိုကြုံတွေ့ရပီးမှအသက်ရှင်မှာလဲ
2025-12-01 00:36:53
0
𝐑𝐡𝐲𝐭𝐡𝐦𝐬 :
bro philosophy ကိုဘလိုလေ့လာလဲ ကျနော်လဲစိတ်ဝင်စားလို့ ဖြေပေးပါဗျ
2025-10-29 17:57:42
9
°♡◦༺Enoch°࿐ :
''လမ်းများအားလုံးသည် ငါ့ဆီသို့ဦးတည်သည်''
2025-10-31 12:34:55
0
P :
ကြောင်က နာရီကိုဖျက်စီးတာကရော
2025-10-30 00:33:42
1
️ :
🗿
2025-10-30 13:34:11
0
Quality_Chee Tone🥷🏻 :
All roads lead to rome
2025-10-31 02:45:58
2
12/သာကေတ ( ကွမ်းဘုရင် ) :
၃ ပေ ၆ ပေတော့လုပ်ပါ
2025-10-30 15:28:32
1
အဖြေကျော် :
oh dear! l shall be too late😨
2025-10-30 07:12:29
0
Vindicator :
ယုန်လေးကိုင်ထားတဲ့နာရီကိုကြည့်လိုက်ပါ
2025-11-24 09:57:32
0
𝑀𝑦𝑠𝑡𝑖𝑐 𝑃𝑢𝑝𝑝𝑠𝑒𝑟 :
Now ဆိုတာ မရှိဘူး🥰
2025-10-30 08:41:48
1
crystalထွန်း👻 :
Cheshire catအကြောင်းတင်ပေးအားဆို
2025-11-13 06:24:29
0
Nobody knows the real me :
Tysm
2025-11-24 15:29:28
0
july :
အလျား၆’ပေအနံ၄’ပေတဲ့တိကျလှကြည်လား🥲🥹
2025-10-30 14:45:08
0
To see more videos from user @alzocizrenn, please go to the Tikwm
homepage.