@nandar79801: ဟင်္သာ (Ruddy shelduck)ကို မြန်မာနိုင်ငံ၌ မြင်ဖူးသူ နည်းကောင်း နည်းမည်ဖြစ်သော်လည်း ကြားဖူးသူကား များပေသည်။ ဟင်္သာသည် အလျား ၂၅ လက်မခန့်ရှိသည်။ အတောင်တွင် အနက်ပြောက်ကလေးများနှင့် အဖြူ ကွက်များရှိရာ ယင်းတို့ကို နားနေချိန်၌ မမြင်နိုင်၊ ပျံသောအခါတွင်မှ မြင်နိုင်လေသည်။ ဟင်္သာငှက်မတွင် လည်ပင်း၌ အမည်းရစ် မရှိချေ။ ဟင်္သာငှက် ကလေးများသည် ဟင်္သာငှက်မနှင့်တူကြသော်လည်း အရောင်မှာ ပို၍ ခြောက်ကြသည်။ ယင်းတို့၏ ကျောဘက်တွင် အညို ရောင်နှင့်နီညိုရောင်ဖျော့ဖျော့အရောင်များ လှိုင်းကလေး များသဖွယ် ဖြစ်နေသည်ကို တွေ့ရသည်။ အမြီးတွင်လည်း အစဉ်းကြောင်းကလေး ရှိသည့်အပြင် အနားဘက်တွင် နီညို ရောင်ရှိသည်ကိုပါ တွေ့ရ လေသည်။ ဟင်္သာငှက်၏အသံမှာ သာယာတတ်ပြီးလျှင် လွတ်လွတ် လပ်လပ်လည်း အော်မြည်တတ်သည်။ ဟင်္သာဖို၏ အသံနှင့် အမ၏အသံများကို ခွဲခြား၍ သိနိုင်သည်ဟု ဆိုသည်။ သန့်ရှင်းသည့် သဲသောင်ပြင်များကို ဟင်္သာများ ကြိုက် နှစ်သက်ကြ၏။ ထုံးအိုင်များတွင် ဟင်္သာများ နေလေ့ မရှိကြ သော်လည်း တစ်ခါတစ်ရံတွင်မူ တွေ့နိုင်လေသည်။ ရွှံ့နွံ ထူထပ်သော ကမ်းခြေများတွင်လည်း ဟင်္သာများကို မတွေ့ရ ချေ။ ဧရာဝတီမြစ်ကမ်းခြေတွင်မူ ဟင်္သာများကို ဆောင်းဥတု တွင် အများဆုံး တွေ့နိုင်သောငှက်ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ပထမစ၍ ရောက်သောအခါ အုပ်များနှင့် ရောက်လာသော်လည်း ဆောင်းဥတုအတွက် နေထိုင်ရန် နေရာများကို ရွေးချယ်ပြီးသည် နှင့်တပြိုင်နက် စုံတွဲလိုက်သာ နေထိုင်ကြလေသည်။ စုံတွဲလိုက် အမြောက်အမြား နေထိုင်နိုင်ကြသော်လည်း နှစ်ဆယ့်ငါးစုံတွဲ၊ သို့မဟုတ် စုံတွဲပေါင်း ၃ဝ ထက် ကျော်လွန်၍ကား မြင်ရခဲ လေသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ဧရာဝတီနှင့် ချင်းတွင်းမြစ်များတွင် ဟင်္သာများကို အများဆုံး တွေ့နိုင်လေ သည်။ မြန်မာနိုင်ငံတောင်ဘက်ပိုင်းနှင့်ရခိုင်ပြည်နယ်ဘက်များရှိ မြစ်ကြီးများတွင်လည်း ဟင်္သာ များကို တွေ့မြင်နိုင်လေသည်။ တစ်ခါတစ်ရံတွင် ပြည်တွင်းရှိ အင်းအိုင်များနှင့် ထုံးအိုင်များ တွင် စုံတွဲများကို ဖြစ်စေ၊ အုပ်ကလေးများကို ဖြစ်စေ တွေ့ရ တတ်သည်။ အောက်တိုဘာလ၊ သို့မဟုတ် နိုဝင်ဘာလ စောစောပိုင်း ရောက်လာစအချိန်တွင် မေမြို့ကန်သို့ စုံတွဲများ၊ သို့မဟုတ် အုပ်ကလေးများ မှန်မှန်လာရောက်သည်ကိုလည်း တွေ့ရသည်။ မြန်မာနိုင်ငံသို့ လာရောက်ကြသော ဧည့်သည် ငှက်ဖြစ်ကောင်း ဖြစ်ပေမည်။ ရခိုင်ပြည်နယ်၌မူ နိုဝင်ဘာလ မကုန်မချင်း ဟင်္သာများကို မြင်ရလေ့ မရှိချေ။ ထိုသို့ အစော ဆုံး ရောက်လာ ပြီးလျှင် မြန်မာနိုင်ငံမှ ထွက်ခွာရာတွင်လည်း နောက်အကျဆုံး ထွက်ခွာသော ငှက်များတွင် ပါဝင်လေသည်။သတ္တဗေဒ(ပါဏဗေဒ) သဘောအရ ဟင်္သာသည် အန်ဆီရီဖောမီး မျိုးစဉ်တွင် အန်နတီတီး မျိုးရင်းနှင့် တက်ဒေါနီနီ မျိုးရင်းခွဲတို့၌ ပါဝင်၍ ယင်းကို တက်ဒေါနား ဖာရူးဂီနီး ဟုခေါ်သည်။source...wiki#ruddy_shelduck #wildlife #fyp #trends
🇲🇲🐉💚NanDar💚🐉🇲🇲
Region: MM
Saturday 22 November 2025 02:10:43 GMT
Music
Download
Comments
AungAung :
ပန်းချီ ဆရာတွေရဲ့ကောင်းမှု့ကြောင့် အစစ်ကိုတွေ့တာတောင် အစစ်မှန်းမသိကြတော့ဘူး😂😂😂😂
2025-11-24 02:00:29
808
Kaung Htet San1982 :
မြင်ဖူးပါတယ် အဲ့ဒါမဟုတ်ပါဘူး ခေါင်းမှာအမောက်ပါတယ်
2025-11-24 10:05:02
34
black man :
ဟင်္သာအစစ်ပါဗျ အထီးသေရင် အမလဲလိုက်သေရပါတယ် အမသေရင်လဲ အထီးကလိုက်သေရပါတယ်
မေတ္တာကြီးပြီး သစ္စာရှိတဲ့ တိလေးတွေပါ
တစ်သက်မှာ တစ်ခါ တစ်ခါမှာ တစ်ကောင်
တစ်ကောင်မှာ တစ်ချစ်ပဲ ချစ်ကြတဲ့
တိလေးတွေပါနော်💝
2025-11-22 13:15:21
148
MG Win Ko ထိုင်း&မြန်မာငွေလွှဲ :
ကျွန်တော် တို့ မွန်ပြည်နယ် မှာတော့
ဟင်္သာ ဆိုတာ... မန်ဒါလီ...ကိုပြောတာပါ
2025-11-22 10:06:33
72
🔯🍁❄🕊ကုမုဒြာ 🕊❄🍁🔯 :
ဘဲးဟသ်ာပါ ဟသ်ာအစစ်မဟုတ်ပါဘူးရွာမှာပေါ့ပါတယ်😊😊😊🥰🥰🥰
2025-11-28 14:07:35
5
Htun Hlaing Win :
ငါသိတဲ့ ဟင်္သာတော့ ဘုရားတွေမှာမြင်ရတဲ့တံခွန်တိုင်ပေါ်က ဟင်္သာပဲသိတယ် 🤭မျက်လုံးထဲလဲ အေ့တာပဲပြေးမြင် 🤭🤭😅❤️
2025-11-22 12:37:58
28
Maung Kyi :
ဟင်္သါငှက်ဆိုတာ ပျံတာ မြန်တယ် သိပ်မလှဘူး ကရဝိတ်ငှက်နဲ့တူတယ်လို့ပြောတယ် စာပေမှာ
2025-11-26 03:10:02
9
ၸႆးၵွၼ်းၶမ်း ‘72 :
ဒါဆို ဟင်္သာတ ကဘာငှက်လဲ
2025-11-22 07:02:43
23
Thein Zaw(ရေနံ့သာ)2 :
"ဟင်္သာတို့ရဲ့နန်းတော်ရှေ့ "ဆိုတာက ဟင်္သာတို့ရဲ့ရှေ့မှာ နန်းတော်ကြီးရှိတာလား ? 🤔🤔🤔🤔🤔🤔🤔🤔🤔
2025-11-23 15:35:39
1
Ko.Kyaw.Zin.☸(Official)☸ :
ဟင်္သာငှက်အစစ်ပါ☺
ရေဘဲနဲ့ခပ်ဆင်ဆင်တူနေတာ🦆
2025-11-22 07:43:08
239
000987ok :
မဟုတ်တာတွေ😏😏😏
2025-11-22 05:26:46
1
Kyaw Moe Oo :
ဟသ်ာကကြက်မျိုးနွယ်အုပ်စုပါနာမည်တော့ဖြစ်နိုင်တယ်မြန်မာပြည်ကသုံးတဲ့ဟသ်ာမဖြစ်နိုင်တယ်ကြက်နဲ့တူပြီးကြက်ထပ်ပိုမိုလှပပါတယ်
2025-11-22 06:09:50
4
John Daniel :
ဒါမဟုတ်ဘူးလား။
2025-11-22 07:26:38
22
Super' Logo! :
ဟသာ်လားဘာဘားမသိဘူး ဟင်းတစ်အိုးဖြစ်မှာတော့သေချာပဲ
2025-11-23 05:00:52
4
Himurakenshin :
copyကို မြန်မာလို အကုန်ကူးလာတာဟ
2025-11-29 00:11:44
1
Tazin Aung :
2025-11-22 15:34:23
11
'Din"⚡ :
ဒီနေ့ဘယ်သူအတွက်မှအရေးမပါတဲ့ ကျွန်တော် မွေးနေ့လေးပါဗျာ🥺
2025-11-25 15:55:03
11
Captain :
ဆရာမြို့မငြိမ်းရေးတာလားမသိဘူး
မန်ဒါလီ သီချင်း နားထောင်ကြည့်ပေါ့
မန်ဒါလီကို ဟင်္သာလို့ပဲ ဆိုကြတာပါ
2025-11-22 19:43:44
4
Kieran :
ဒါလေးလားရေဘဲထင်လိုချောင်းထဲ ြပ န်လွတ်ပေးလိုက်တယ်🥰🥰
2025-11-25 13:53:18
3
Strāw hāt :
မြင်ဘူးပါတယ်ကွာ အပြင်မာ
2025-11-28 14:15:11
1
David Swe :
ရွှေဟသ်ာ လို့ ခေါ်ကြတယ်နော်
အဲ့တော့ အဝါရောင် သို့မဟုတ် ရွှေရောင် ဖြစ်ကမယ် သုံးသပ်တာပါ
2025-11-22 22:11:17
2
Min Thu :
သေချာမသိလို့ cmဝင်ဖတ်လိုက်မှ ဘာမှကိုမသိတော့ဘူး တယောက်တပေါက်နဲ့
2025-11-25 01:31:23
12
💯🇲🇲🐲{B.G.PaingWan}🐲🇲🇲💯 :
ဒီဘဲအတော်စားတာပဲ🤨
2025-11-27 00:26:41
1
🤎 Julia Gaung Pu🤎 :
စစ်တောင်း ရှေ့က ဟသ်သာ ဝဲ ရွာ သိကြလား သိရင်ပြောပြမယ် ဟသ်သာအကြောင်းတွေ
2025-11-27 14:07:26
2
Myo Zaw :
မြဟင်္သါလား😂
2025-11-23 08:18:23
2
To see more videos from user @nandar79801, please go to the Tikwm
homepage.