@asp.bago: အမေရိကန်ပြည်ထောင်စု..."အိုဟိုင်းယိုး' -Ohio ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ပုဒ်ဖြစ်ပါတယ်။ သူမ အသက်က ၉၁ နှစ်ရှိနေပါပြီ။ သူမကိုယ်ပေါ်မှာ ဆေးရုံဝတ်စုံ ဝတ်ထားပါတယ်။ တရားခွင် တစ်ခုရှေ့မှာ လက်ထိတ်တန်းလန်းနဲ့ အမှု ရင်ဆိုင်နေရတာပါ။ သူမကို ပြစ်မှုထင်ရှားတဲ့ ခိုးမှုနဲ့ ဖမ်းထားတာပါ။ တရားသူကြီးလည်း မယုံနိုင်လောက်အောင် ဖြစ်ခဲ့ ပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူ ဂျော့ချ်က အသက် ၈၈ နှစ်ရှိ ပြီဖြစ်ပါတယ်။ သူတို့ရဲ့ အိမ်ထောင်သက်တန်းက ၆၅ နှစ် ရှိပါပြီ။ ဂျော့ချ်က ပြင်းထန်တဲ့ နှလုံးအားနည်းရောဂါ ဝေဒနာရှင်ပါ။ အသက်ရှင်သန်နေနိုင်ဖို့ နေ့တိုင်း ဆေးဝါးတွေ လိုအပ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ဘဝက သတ်မှတ်ထားတဲ့ ရန်ငွေနဲ့နေထိုင်ကြရတာပါ။ ဘဝကို အနိုင်နိုင် ပြီးခဲ့သည့်လက သူတို့ရဲ့ အပိုဆောင်းအာမခံက လည်း ဆက်မပေးနိုင်တာကြောင့် သက်တမ်း ကုန်ဆုံးသွားခဲ့ပါတယ်။ ဟယ်လင်က ခင်ပွန်းဖြစ်သူရဲ့ဆေးညွှန်းကို ယူပြီး ဆေးဆိုင်သွားတဲ့အခါ် ကျသင့်ငွေက သူတို့ပုံမှန် ပေးနေကျ ဒေါ်လာ ၅၀ မဟုတ်ဘဲ ဒေါ်လာ ၉၄၀ ဖြစ်နေပါတယ်။ အရင်က "အပိုဆောင်းအာမခံ" - supplemental insurance ရှိနေတဲ့အတွက် ဆေးဖိုးရဲ့ အများစုကို အာမခံက ကျခံပြီး "ဟယ်လင်" တို့ကီ ဒေါ်လာ 50 လောက်ပဲ ပေးရတာပါ။ သူမ လက်ချည်းသက်သက်နဲ့ ပြန်လာခဲ့ရပါတယ်။ သုံးရက်ကြာအောင် သူမချစ်ရတဲ့ ခင်ပွန်းဖြစ်သူ အသက်ရှူကျပ်ပြီး အိပ်ယာထဲ ရုန်းကန်နေရတာကို ကြည့်နေခဲ့ရပါတယ်။ စိတ်ပျက်အားငယ်စွာနဲ့ သူမ ဆေးဆိုင်ကို ပြန်သွား ခဲ့ပါတယ်။ ဆေးဝါးကျွမ်းကျင်သူ - pharmacist က မျက်နှာ လွဲသွားတဲ့အချိန်....ဆေးဘူးကို သူမရဲ့ပိုက်ဆံအိတ် ထိ ခိုးထည့်လိုက်ပါတယ်။ တံခါးဝ မရောက်ခင်ဘဲ တားဆီးခံခဲ့ရပါတယ်။ ရဲ များက ပြစ်မှုထင်ရှားတဲ့ ခိုးယူမှုနဲ့ သူမကို တရားစွဲ ခဲ့ပါတယ်။ ရဲမှတ်တမ်းယူတဲ့အချိန်မှာ သူမရဲ့သွေးပေါင်ချိန် က ရုတ်တရက် မြင့်တက်လာတဲ့အတွက် ဆေးရုံကို အလျှင်အမြန် ပို့ဆောင်ပေးခဲ့ရပါတယ်။ နောက်တစ်နေ့မနက်မှာတော့ ပါးလျားတဲ့ ဆေးရုံ ဝတ်စုံနဲ့ တရားရုံးကို ခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။ "ဘာလုပ်ရမှန်း မသိတော့လို့ပါရှင်" လို့ သူမက တိုးတိုးလေးပြောပါတယ်။ "သူဟာ ကျွန်မအတွက် အရာရာ အားလုံးပါ..." တရားသူကြီးက သူမကို ကြည့်လိုက်ပါတယ်။ ခန္ဓာကိုယ်သေးငယ်ပြီး၊ တုန်ရီနေတဲ့အသက် ၉၁ နှစ်အရွယ် သူမကို ကြည့်ပြီးခေါင်းကိုခါယမ်း လိုက်ပါတယ်။ "သူမရဲ့ လက်ထိတ်တွေကို ဖြုတ်ပေးလိုက်ပါ" လို့ သူက အမိန့်ပေးခဲ့ပါတယ်။ "ဒါက ရာဇဝတ်မှု တစ်ခု မဟုတ်ပါဘူး... ကျွန်တော်တို့စနစ်ရဲ့...ကျရှုံးမှုတစ်ခုပါ...' 'တဲ့။ အဲ့ဒီနောက်မှာတော့ စွဲချက်များကို ချက်ချင်း ပယ် ချခဲ့ပြီး သူမနှင့် ဂျော့ချ်နှစ်ဦးစလုံးအတွက် အရေး ပေါ်အကူအညီများ ပေးရန် အမိန့်ချမှတ်ခဲ့ပါတယ်။ crd### #ဆုံးဖြတ်ချက်

@SP Bago
@SP Bago
Open In TikTok:
Region: MM
Monday 24 November 2025 04:34:42 GMT
1132944
71625
1594
4220

Music

Download

Comments

sannthintaung
𝐊𝐚 𝐁𝐚𝐫 𝐒𝐡𝐚𝐫𝐫 :
ကျွန်တော်တို့ စနှစ်ရဲ့ကျရှုံးမှုတခုပါတဲ့ ခေါင်းဆောင်ကောင်းပိသလိုက်ပုံများ❤
2025-11-24 08:20:47
3784
thurein0934
Aliang97 :
ကောင်းလိုက်တဲ့ တရားစီရင်ချက်ပဲ လူသားချင်းစာနာမှုလို့ခေါ်တယ် ငါတို့နေတဲ့ ဗုဒ္ဓဘာသာနိုင်ငံမှာပျောက်ဆုံးနေတာကြာပေါ့🥺
2025-11-24 14:58:43
887
waiyansai5
waiyansai5 :
ဒီတရားသူကြီးအမေရိကန်မှာဘဲရှိတယ်
2025-11-25 12:18:30
0
khaingmesaintkywe
မိုးမိုး ( WPPN). Fan🌈 :
ဖတ်ပီးဝမ်းနည်းမျက်ရည်ကျရချစ်တတ်လွန်းသောအဖွားအတွက် ဒုတိယမျက်ရည်က လိမ်မာပါးနပ်ကိုယ်ချင်းစာတရားရှိသောတရားသူကြီးအတွက်ပိတိမျက်ရည်ကျမိ❤❤❤
2025-11-24 12:52:28
684
thidartun586
💫လရောင်ဖြာ💫 :
ဘာလုပ်ရမှန်းမသိတော့လို့ပါရှင့်တဲ့🥺 သူက ကျမအတွတ်အရာရာအားလုံးပါတဲ့🥺
2025-11-24 11:40:06
497
myatkoko8388
myat ko ko :
စနစ်ရဲ့ကျရှံးမှူ့ ဖတ်ပီး ဘယ်သူ့ကို ပြေးမြင်မိလဲ မလိမ်ကြေး
2025-11-24 15:05:01
181
minchitko_1247
မင်း သုချွန် :
ဉပဒေမှာ ခြွင်းချက်အနေဖြင့် ဆင်ခြင်တုံးတရားကို ထည့်သွင်း ဖိုးပါရှိပါတယ်၊တရားသူကြီးရဲ့ ဆင်ခြင်နိုင်တဲ့စွမ်းရည်(ဉာဏ် ပညာပြည့်ဝမှု)နဲ့ဆိုင်တာပေါ့။
2025-11-24 14:49:44
185
hninsinge1
M-MagnoliaN🍁❤🌹 :
ဘာလုပ်ရမှန်းမသိတော့လို့ပါရှင်.သူကကျမအတွက်အရာရာအားလုံးပါဆိုတဲ့စကားဟာမိန်းမသားတွေဘယ်လောက်ထိအချစ်ကြီးတယ်ဆိုတာသက်သေပါပဲ.ဘယ်အရာကိုမှမကြောက်တတ်တော့တာပါရှင်.ရင်ထဲထိရောက်တဲ့စကားလေးပါ.
2025-11-25 08:21:42
17
user551756680
Than Dar :
အမှန်ကန်ဆုံးဆုံးဖြတ်တတ်တယ်တကယ်ကိုပဲအမျာ်အမြင်နဲ့ပညာညာဏ်နဲ့ပြည့်စုံတဲ့ပညာရှိပီသတဲ့တရားသူကြီပါပဲအကြီးအကဲပီသပါတယ်ဉီးညွှတ်ထိုက်ပါတယ်
2025-11-25 12:51:35
0
hom0753
Äom🕊 :
တရားသူကြီးရဲ့ဆုံးဖြတ်ချက်လေးစားပါတယ်👍
2025-11-25 02:40:46
50
tiktok.comsoul2
Aye Nandar Lwin :
မျက်ရည်တောင်ကျမိပါတယ် အမျိုးသမီးတွေလဲချစ်တတ်ပါတယ်ကွယ်🥺🥺
2025-11-25 02:57:58
38
leolibra125
leolibra :
"သူဟာ ကျွန်မအတွက် အရာရာအားလုံးပါ" "ကျွန်တော်တို့စနစ်ရဲ့ ကျရှုံးမှုတခုပါ" တဲ့လား 😢 How deep! အဲ့လိုစိတ်မျိုးတွေထားနိုင်ဖို့ ကြိုးစားရဦးမှာပါလား 😍
2025-11-24 14:09:29
58
monywa29
Monywatha🇲🇲🇨🇳🇨🇳 :
မြန်မာ တရားလူကြီးတွေဆို ရသလောက်ငွေညှစ်ထုက်နေအုန်းမှာ
2025-11-24 16:02:33
26
kkl19239
စစ်ကိုင်းတိုင်းသားလေး :
စာသားတွေပါအောင် ဘယ်လိုကူးယူရလဲ
2025-11-24 14:38:44
16
p..s..w
P..s..W,{ ® }<🇹🇭>:-☺️☺️ :
ငါဘာကြောက်ငိုနေမိတာလည်း😭😭😭
2025-11-25 12:18:43
1
kokhantchaw161
Kʏᴀᴡ Kʜᴀɪɴɢ Mɪɴ(AMT&AZYM) :
ကျွန်တော်တို့စနစ်ရဲ့ကျရှုံးမှုပါတဲ့လားဗျာ😔 ဗုဒ္ဓဘာသာထွန်းကားပြီး တွင်းထွက်ပေါကြွယ်ဝတဲ့ ကျွန်တော်တို့ရဲ့ ခေတ်နောက်ကျကျန်နေခဲ့တဲ့ ဟောဒီ အမိမြေမြန်မာနိုင်ငံမှာ ဒီလို ခေါင်းဆောင်မှုရှိတဲ့ ပုဂ္ဂိုလ်တွေများကြီးလိုအပ်နေတာဗျ😔 အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါဗျ🤫🙏🙏🙏🥺
2025-11-25 07:13:19
7
aye.myat.moe99844
Aye Myat Moe9984 :
မျက်ရည်တောင်ကျမိတယ်😔😔😔
2025-11-25 01:57:20
24
panei.phyo0
Daw PE phyo(小花 မေမေ) :
,သူဟာ ကျွန်မအတွက် အရာရာအားလုံးပါ, ဆိုတဲ့နေရာမှာ မျက်ရည်စကျတာပါပဲ🥺
2025-11-24 13:52:09
19
nyanlin702
Nʏᴀɴ Lʏɴɴ 🇲🇲 🇲🇲 :
ဒါက ရာဇဝတ်မှု တစ်ခုမဟုတ်ပါဘူး ကျနော်တို့စနစ်ရဲ့ ကျရှုံးမှုတစ်ခုပါတဲ့ စာသားလေးသဘောကျလိုက်တာဗျာ ငါတို့နိုင်ငံမှာ အဲ့လိုအကြီးအကဲတွေအများကြီးလိုအပ်နေခဲ့တာ 😑😑
2025-11-25 12:14:28
5
tin17293
tin :
စနစ်။ ကျရှူံးမူ့။ စစ်မှန်တဲ့လူဆိုတါအဲဒါ ။
2025-11-24 08:48:36
57
phoophoo99222
Phoo Phoo :
ဖတ်ပြီးရင်ထဲနင့်နေတာဘဲအဖွားအတွက်စိတ်မကောင်းဖြစ်မိတယ်၊တရားသူကြီးကိုလည်းလေးစားပါတယ်😔😔😔
2025-11-25 04:21:18
8
saikhamoo02
Sai kham Oo :
လူစိတ်ရှိတဲ့နိုင်ငံမှာ နေရတာ အဘွားတို့ ကံကောင်းပါတယ်
2025-11-25 13:04:56
2
kyal665
Ko Aung :
မျက်ရည်ပါဝဲရပါတယ်😭
2025-11-25 03:07:33
6
To see more videos from user @asp.bago, please go to the Tikwm homepage.

Other Videos


About