@im.linh9:

𝓛𝓲𝓷𝓱𓍯𓂃𓏧♡
𝓛𝓲𝓷𝓱𓍯𓂃𓏧♡
Open In TikTok:
Region: VN
Tuesday 02 December 2025 17:01:00 GMT
264
6
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @im.linh9, please go to the Tikwm homepage.

Other Videos

နှမြောတသစွာနဲ့ပဲ  မကုစားပစ်ချင်တဲ့ ဒဏ်ရာဟာ မင်းပဲ။ နာကျင်စရာတွေ တစ်ခါပြန်လည်လာတိုင်း သွေးမတိတ်သေးတဲ့ အနာဟာ မင်းပေါ့အချစ်ရယ်။ သေရာပါဆိုတာမျိုးက နားထောင်လို့လည်းမကောင်းသလို နားလည်လို့လည်း ကောင်းမနေပါဘူး။ ငါကတော့ မြို့တစ်မြို့ရဲ့ နေရာတစ်ခုမှာ လူတစ်ယောက်ကို အကြာကြီးချစ်ရင်း အကြာကြီးလွမ်းသွားတော့မယ့် လူသား အမှတ်အသားတစ်ခုအဖြစ်နဲ့ပါပဲ။ မင်းမမှတ်မိတဲ့အတိတ်တွေ ငါတစ်ယောက်တည်း မှတ်ထားရင်းပဲ မနက်စာစားဖို့လည်းမေ့တယ်၊ မိုးရွာတိုင်း ထီးယူဖို့လည်းမေ့တယ်၊ မင်းကိုမေ့နိုင်ဖို့ကိုလည်း မေ့နေမိသေးတယ်။ ဆောင်းဝင်တော့မယ်အချစ်ရယ်။ မိုးကြိုပန်းတွေ ပျောက်ကွယ်ကုန်တော့မယ်။ ဒီတစ်နှစ်လည်း နှင်းပေါက်တွေအတွက် လိပ်စာပျောက်နေတုန်းပါပဲ။ စိတ်မှန်းနဲ့ပို့တဲ့ မေတ္တာတိုင်းမှာတော့ မင်းကျန်းမာစေကြောင်းတွေ ထပ်လောင်းလျက်။ ဝေးဝေးပြေးနိုင်ခဲ့ရင် ရေးရေးပဲမြင်ရမယ်ထင်ခဲ့တာ ငါသယ်ပိုးခဲ့တဲ့ အကွာဝေးတိုင်းမှာ မင်းကပ်ပါလာတာဟာ လန့်ထိတ်စရာ။ လက်ခံသူမရှိတဲ့ လေထဲကအသံတွေပေါ့အချစ်ရယ်။ မင်းနဲ့တူတဲ့ သူစိမ်းတစ်ယောက်ကို ကော်ဖီဆိုင်မှာတွေ့တော့ ရူးနှမ်းသွားတော့မလိုပဲ။ ငါပြောတဲ့ သေရာပါဆိုတာ ဒီလိုဒဏ်ရာမျိုးပေါ့။ ငါကတော့ ကံကိုယုံတယ်အချစ်ရယ်။ ကံကြမ္မာဟာ ပြတ်ပြတ်သားသားပဲ ငါ့ကိုငြင်းခဲ့တယ်။ မင်းနဲ့ရေစက်အဖြစ် ကြုံဖို့ကိုကော၊ ဖြတ်သွားဖြတ်လာအဖြစ်နဲ့ ပြန်ဆုံဖို့ကိုကော။ ဘာတွေပဲ ကြုံရကြုံရပေါ့အချစ်ရယ်။ ချစ်တဲ့စိတ်နဲ့ မောင်းနှင်နေသ၍ လောင်စာဟာ သံသရာတစ်ပတ်စာ လုံလုံလောက်လောက် ပါနှင့်ခဲ့ပြီးသား။ တစ်ခါဖြတ်သွားတဲ့ရထားကို တစ်သက်လုံးငေးနေမယ့်ဘူတာဟာ ငါပါပေါ့။ ငါရက်ရက်ရောရော လက်မြှောက်ခဲ့ပြီး ငါလိုလိုချင်ချင်ရွေးချယ်ခဲ့တဲ့ နွံဟာ မင်းပဲ။ #ur_four_leaf_clover 🍀 #fypシ #phawkuu

About