@waimoeeain: အမေပြောတဲ့ ကျွန်တော်ရဲ့ သက္ကရာဇ် မွေးရက်တရက်အကြောင်းကို အမေက တိတ်တိတ်လေး ပြန်ပြောပေးလေ့ရှိတယ်… နံနက်ခင်းလေပြေအေးနေတဲ့ အချိန်က ငါ့အသက်ထွန်းလာခဲ့တဲ့ စက္ကန့်တွေကို အမေ့ရဲ့မေတ္တာအိမ်နဲ့ အညွှန်းပြု ပုံဖော်လို့ ပြန်လည်ပေးနေ တတ်တယ်။ “မင်းဟာ ငါ့အသက်ထဲကို နောင်တမဲ့ အလင်းတစလို ထိုးဝင်လာသူ…တိုးဝင်လာသူ...” လို့ အမေကပြောပြရာမှာ အမေ့မျက်ဝန်းထဲမှာက ညွှန်းဆိုပြမပြောနိုင်တဲ့ မေတ္တာဓာတ်တွေမှော်ဝင်ယိမ်းကနေတတ်တယ်။ ငါ့သက္ကရာဇ်က ကံကြမ္မာက ပြုစုပျိုးထောင်ပေးထားတာမျိုးမဟုတ်ဘူး.. အမေ့ရဲ့ချစ်ခြင်းနဲ့ အမေ့အသံပျားချိုသံတွေကြား နွေးထွေးစွာကြိုဆိုခံရတဲ့ အသက်လေးတခု ဖြစ်လာခဲ့တာ။ “မင်းအသက်အရွယ်တွေ တိုးလာတိုင်း ငါမယုံနိုင်အောင် မြတ်နိုးစရာ ဖြစ်လာတယ်” လို့ ပြန်ပြောတဲ့အမေ့အသံက ငါ့အရွယ်တနှစ်ကူးပြောင်းတိုင်း ကမ္ဘာရဲ့နားတွေ ကို ပိုမိုနူးညံ့လာစေတတ်တယ်။ ဒါကြောင့် အမေပြောပြတဲ့ ငါ့သက္ကရာဇ်အကြောင်းဟာ မဟာဗျူဟာဝိညာဉ်တခုမဟုတ်ဘူး... အမေ့မေတ္တာက ရေးသားပေးထားတဲ့ ငါ့ဘဝရဲ့ ပထမဆုံးကဗျာတစ်ပုဒ်ပဲ။ ဝေမိုးအိမ် *မွေးရက်၊မွေးလတိုက်ဆိုင်တဲ့နှစ်ကဒီနှစ်မှာလာကျတယ်.. မထူးဆန်းသလိုရူးရူးနှမ်းနှမ်းအပေါ်ယံလွှာထဲပျော်ဝင်ခဲ့ရတဲ့နှစ်တနှစ်အဖြစ်ထူးခြားခဲ့ရပါတယ်**မေ့လွယ်ပျောက်လွယ်တဲ့အရာတွေအတွက်ကိုမတွယ်ညှိဖို့သင်ယူခဲ့ရတဲ့နှစ်တနှစ်ပေါ့..*** My Destiny as My Mother Told It My mother always softly retells the story of the day I was born… In the quiet morning breeze, she paints again the very second my life first awakened— guided by the warmth of her love. “You were the one who entered my life like a pure, regretless ray of light…” she would say, and in her eyes glimmer unspoken, enchanted threads of love that words can never fully hold. My destiny wasn’t something crafted by fate alone— it was shaped by my mother’s tenderness, born warmly into a world filled with her lullabies and her gentle welcome. “Each year you grow older, you become even more precious in ways I could never have imagined,” her voice tells me, softening the edges of the world every time another year turns. And so, the story of my destiny as my mother tells it is not some grand mystical design— it is the first poem of my life, written entirely with my mother’s love. Wai Moe Eain 3.December.2025 #oringinalpoetry #originalphotography #aboutlove
𝓟𝓸𝓮𝓽𝓻𝔂 𝓒𝓸𝓻𝓷𝓮𝓻 @
Region: TH
Wednesday 03 December 2025 15:01:34 GMT
Music
Download
Comments
Michaela :
🥰🥰🥰
2025-12-03 16:26:06
1
To see more videos from user @waimoeeain, please go to the Tikwm
homepage.