@documentarypage: Afghanistan: The Great Game ***************************** ကမ္ဘာ့အင်အားအကြီးဆုံး အင်ပါယာတွေကို ဒူးထောက်စေခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံ အာဖဂန်နစ္စတန် ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ ဘာကို ပြေးမြင်မိလဲ? ကျောက်တောင်ထူထပ်တဲ့ သဲကန္တာရတွေလား? ဒါပေမဲ့ မိတ်ဆွေတို့သိပါသလား… ဒီမြေဟာ ပြီးခဲ့တဲ့ ရာစုနှစ်တွေအတွင်းမှာ ဗြိတိသျှ အင်ပါယာ၊ ဆိုဗီယက် ရုရှား၊ နဲ့ အခုနောက်ဆုံး အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေလို ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံကြီးတွေ အကြိမ်ကြိမ် ဝင်ရောက်ခဲ့ကြပေမယ့် ဘယ်သူမှ ရေရှည် မထိန်းချုပ်နိုင်ခဲ့တဲ့ "အင်ပါယာများရဲ့ သင်္ချိုင်း" (Graveyard of Empires) ဆိုတာကို… BBC ရဲ့ "Afghanistan: The Great Game" ဆိုတဲ့ ဒီမှတ်တမ်းရုပ်ရှင်မှာဆိုရင် - ၁၉ ရာစုက အိန္ဒိယကို ထိန်းချုပ်ထားတဲ့ ဗြိတိသျှအင်ပါယာ နဲ့ ရုရှားအင်ပါယာ တို့ကြားက အာဖဂန်နစ္စတန်ကို အလယ်မှာထားပြီး ကစားခဲ့ကြတဲ့ နိုင်ငံရေး ဗျူဟာပွဲ (The Great Game) အကြောင်း။ ခေတ်မီ လက်နက်ကိရိယာတွေ တပ်ဆင်ထားတဲ့ ဗြိတိသျှ တပ်မတော်ကြီးဟာ ရိုးရာ လက်နက်လေးတွေပဲ ကိုင်ထားတဲ့ အာဖဂန် တောင်ပေါ်သားတွေရဲ့ မြေပြင် အားသာချက်တွေကြားမှာ ဘယ်လိုမျိုး အခက်အခဲများစွာနဲ့ ဆုတ်ခွာခဲ့ရလဲ ဆိုတဲ့ သမိုင်းဝင် ဖြစ်စဉ်တွေ။ တိုင်းတပါးက ဝင်ရောက် စွက်ဖက်လာတဲ့ အခါတိုင်း၊ ပြည်တွင်းမှာ ဘယ်လောက်ပဲ ကွဲပြားနေပါစေ… "မိမိတို့မြေကို ကာကွယ်ဖို့" ဆိုတဲ့ စိတ်ဓာတ်နဲ့ တစ်သားတည်း ပေါင်းစည်းသွားတတ်တဲ့ အာဖဂန်တို့ရဲ့ ကြောက်ခမန်းလိလိ ရုန်းကန်မှု စိတ်ဓာတ် (Warrior Nation) အကြောင်းတွေကို တွေ့မြင်ရမှာပါ။ အောင်နိုင်သူတွေ ဖုံးကွယ်ထားချင်တဲ့ သမိုင်းဝင် အဖြစ်အပျက်တွေ၊ လျှို့ဝှက် ထောက်လှမ်းရေး (Espionage) ဇာတ်လမ်းတွေနဲ့ နိုင်ငံရေး ဗျူဟာတွေကို အသက်ဝင်ဝင် တင်ဆက်ထားလို့ သမိုင်းကြောင်းကို စိတ်ဝင်စားတဲ့ DocMM ပရိသတ်တွေ လုံးဝ (လုံးဝ) ကြည့်သင့်တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ 👇 အင်အားကြီးနိုင်ငံတွေက အာဖဂန်နစ္စတန်ကို ဘာလို့ အကြိမ်ကြိမ် ဝင်ရောက်ချင်နေကြတာလဲလို့ ထင်လဲ? ကွန်မန့်မှာ ဝင်ရောက်ဆွေးနွေးသွားကြပါဦး။ (Educational and documentary purposes only. This content is for historical context and knowledge. It does not promote or endorse any dangerous organizations.) #DocMM#Histo#History #AfghanistanreatGamei#BritishEmpiretaryHistory
DocMM
Region: MM
Wednesday 03 June 2026 13:30:00 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @documentarypage, please go to the Tikwm
homepage.