@0702.id: Nggk pernah bosen ke tempat satu ini🍃 #fyp #sembalunlombok #sembalun_rinjani #lomboktimur

Februari
Februari
Open In TikTok:
Region: ID
Sunday 08 June 2025 04:13:15 GMT
296
18
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @0702.id, please go to the Tikwm homepage.

Other Videos

မှိန်ပျပျ မီးရောင်အောက်..... ----------------------------------        အိမ့် - ဆိုသော စာအုပ်အငှားဆိုင်ကလေးသည် တိတ်ဆိတ်သော နေ့လယ်ခင်းတစ်ခုတွင် အခါတိုင်းကဲ့သို့ပင် ငြိမ်ငြိမ်သက်သက်ကလေး ရှိနေလေသည်။         ဆိုင်မျက်နှာစာရှိ မန်ကျည်းခက်စိမ်းစိမ်းကလေးများသည် လေပြည်ကလေး နော့လိုက်သည့်အခါတိုင်း ဖျိုးဖျိုးဖျပ်ဖျပ် ဖြစ်ဖြစ်သွားကြသည်။         သို့သော် သစ်သားခုံတန်းကလေးကတော့ ဆိုင်အဝင်ပေါက်နံဘေးမှာ ဆိုင်ကလေးနည်းတူ ငြိမ်သက် တိတ်ဆိတ်နေလေသည်။         ဆိုင်ကလေးထဲရှိ စာအုပ်ကလေးများသည်လည်း စင်ကလေးများပေါ်တွင် ထိုနည်းအတူပင်။       တိတ်ဆိတ်ငြိမ်သက်ခြင်းကို သူတို့ ပိုင်ပိုင်ကြီး ယူထားကြ​သည်များလား....?
မှိန်ပျပျ မီးရောင်အောက်..... ---------------------------------- အိမ့် - ဆိုသော စာအုပ်အငှားဆိုင်ကလေးသည် တိတ်ဆိတ်သော နေ့လယ်ခင်းတစ်ခုတွင် အခါတိုင်းကဲ့သို့ပင် ငြိမ်ငြိမ်သက်သက်ကလေး ရှိနေလေသည်။ ဆိုင်မျက်နှာစာရှိ မန်ကျည်းခက်စိမ်းစိမ်းကလေးများသည် လေပြည်ကလေး နော့လိုက်သည့်အခါတိုင်း ဖျိုးဖျိုးဖျပ်ဖျပ် ဖြစ်ဖြစ်သွားကြသည်။ သို့သော် သစ်သားခုံတန်းကလေးကတော့ ဆိုင်အဝင်ပေါက်နံဘေးမှာ ဆိုင်ကလေးနည်းတူ ငြိမ်သက် တိတ်ဆိတ်နေလေသည်။ ဆိုင်ကလေးထဲရှိ စာအုပ်ကလေးများသည်လည်း စင်ကလေးများပေါ်တွင် ထိုနည်းအတူပင်။ တိတ်ဆိတ်ငြိမ်သက်ခြင်းကို သူတို့ ပိုင်ပိုင်ကြီး ယူထားကြ​သည်များလား....? "အစ်မက ဒီစာအုပ်အငှားဆိုင်ကလေးကို ကိုယ့်အိမ်မှာကိုယ် ဖွင့်ထားလို့သာပဲပေါ့" စာအုပ်ဆိုင်ပိုင်ရှင် အစ်မရဲ့ စကားသံအချို့က...... စာအုပ်တွေ ဟိုသည်လှန်လှော ကြည့်ရှုနေသည့် ကျွန်တော့်နားထဲသို့ အတားအဆီးမရှိ ဝင်ရောက်လာကြသည်။ "အရင်လို...မှ မဟုတ်တော့တာလေ...." ထို...စကားလုံးများသည် ကျွန်တော့် နှလုံးသားထိ တိုင်အောင် စီးဆင်း ယိုကျလာကြသည်။ အရင်တုန်းက....ကလေး၊လူငယ်၊လူရွယ်၊လူကြီး......အားလုံး စာအုပ်တွေကို မက်မက်မောမော နှစ်နှစ်ခြိုက်ခြိုက် ရှိခဲ့ကြဖူးသည်။ စွဲလမ်း...ခဲ့ကြဖူးသည်။ အခုတော့ နည်းပညာတွေ၊ အင်တာနက်တွေ..... အစားထိုး လာခဲ့ကြပြီမို့ စာအုပ်အငှားဆိုင်ကလေးများသည် နွေရာသီရဲ့ ရွက်ဝါများကဲ့သို့ လူလူလွင့်လွင့် ကြွေဆင်းသွားကြရသည်။ နောက်ကို ဆုတ်ပေး လိုက်ကြရသည်။ သို့ပေသိ.....အိမ့် ဆိုသည့် စာအုပ်အငှားဆိုင်ကလေးကတော့ ကျွန်တော်တို့မန္တလေးမြို့ကြီးရဲ့ နေရာတစ်နေရာမှာ ကြံ့ကြံ့ခံ ရပ်တည် ရှေ့ဆက်နေဆဲ.....။ ယခုလိုမျိုး လက်ကိုင်ဖုန်းတွေ ပလူပျံနေချိန်မျိုးမှာ တော်ရုံ ချစ်စိတ် ရှိရုံလောက်နှင့် ဘယ်မှာ ရှေ့ဆက်လို့ရမည်လဲ။ စာအုပ်ဆိုင်ကလေးအတွင်းရှိ နွမ်းလျော်ပြယ်လွင့်နေသော စာအုပ်အဟောင်းကလေးများကို ဖုန်ကလေးတွေ ခါထုတ်ပြီး ကျွန်တော် လှန်လှော ကြည့်နေမိသည်။ လွမ်း.....ရသည်။ စာအုပ်ကလေးများသာ စကားပြောတတ်ပါလျှင် ကျွန်တော့်ကို သူတို့ရဲ့ လက်မလည်အောင် အငှားသွက်ခဲ့သည့် ရွှေရောင်နေ့ရက်များအကြောင်းကို ပြော​ပြ ချင်နေကြမှာ အသေချာပင်....။ အခုတော့ စာအုပ်ကလေးများသည် ခပ်မဆိတ်....... တိတ်တဆိတ်....... ~ littleforest ~ #bookrental #nostalgia #longtimeago #bookslover #childhoodmemories

About